Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

သပွတ်အူလို ရှုတ်ထွေးလှတဲ့ ဩစီရဲ့လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ်

ဩစတြေးလျနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူးလို့ ဆန်းစစ်မှုမှာ တွေ့ရှိတဲ့အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ရှိနေပါတယ်။

Department of Immigration and Border Protection offices

Source: AAP

လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဆန်းစစ်တဲ့ ကျွမ်းကျင်သူအဖွဲ့က ပေါ်လစီအပြောင်းအလဲ လုပ်တဲ့အခါ ထည့်သွင်းစဥ်းစားဖို့ အချက် ၃၈ ချက်ကိုလည်း အစိုးရကို တင်ပြထားပါတယ်။

ကျွမ်းကျင်သူအဖွဲ့ရဲ့ ဆန်းစစ်မှုအရ လူဝင်မှုကြီးကြပ်ရေးစနစ်ဟာ အလုပ်မဖြစ်သလို ပြည်ပကနေ ရောက်လာတဲ့လူတွေအပေါ် အမြတ်ထုတ်နိုင်တဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်အောင် လုပ်ဆောင်ထားရာရောက်တယ်လို့ ထောက်ပြထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ကလဲ အိုနေးလ်က အစီရင်ခံစာကို ထုတ်ပြန်တာဖြစ်ပြီး အစိုးရကို ပေးပို့တဲ့ သူတို့ရဲ့ အကြံပြုချက်ထဲမှာ လူဝင်မှုကြီးကြပ်ရေးစနစ်မှာ ပိုမို ရှင်းလင်းတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ ထားရှိဖို့ လိုအပ်တယ်လို့လည်း ရေးသားထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ကလဲ အိုနေးလ်ရဲ့ အဆိုအရ လက်ရှိစနစ်ဟာ အင်မတန်ကို ရှုတ်ထွေးမှုများပြီး အဲဒီရဲ့ သက်ရောက်မှုက လူဝင်မှုကြီးကြပ်ရေးအစီအစဥ်ရဲ့ အရည်အသွေးကို သွားပြီး ထိခိုက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။ ဩစတြေးလျမှာ ဗီဇာအမျိုးအစားများစွာနဲ့ subclass ရာနဲ့ချီရှိပြီး အဲဒါတွေကို ပုံနဲ့တကွ ချပြရမယ်ဆိုရင် ပန်းကန်ထဲက ခေါက်ဆွဲတွေလိုပဲ ရှုတ်ထွေးနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကျွမ်းကျင်အဖွဲ့ကို ဝန်ကြီးချုပ်ရုံးနဲ့ ဝန်ကြီးများရုံးအဖွဲ့ရဲ့ အကြီးအကဲ Martin Parkinson က ဦးဆောင်တာဖြစ်ပါတယ်။

သူ့ရဲ့အဆိုအရ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြောင်းလဲဖို့ဆိုရင် ရေရှည်အတွက်ပါ ထည့်တွက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။.

စနစ်က ကြီးမားလွန်းပြီး ပြန့်နှံ့ရှုတ်ထွေးလှတဲ့အတွက် ပေါ်လစီအပြောင်းအလဲ လိုအပ်သလို အစိုးရရဲ့ တစိုက်မတ်မတ် နှစ်ပေါင်းများစွာ လုပ်ကိုင်နိုင်မှုလိုအပ်သလို ဥပဒေအပြောင်းအလဲနဲ့ အသက်ဝင်မှုရှိရေးအတွက်တွေပါ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အကြံပြုချက်တွေထဲက ၂ ခုကို မကြာခင် အကောင်အထည်ဖော်နိုင်မယ့် အနေအထားရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး ကလဲအိုနေးလ်က ပြောပါတယ်။

တစ်ခုကတော့ ပြည်ပကနေ ရွေ့ပြောင်းလာတဲ့ လုပ်သားတွေရဲ့ အများဆုံး လုပ်အားခလစာ သတ်မှတ်ချက်ဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၅၃၀၀၀ အစား ၇၀၀၀၀ ဒေါ်လာ သတ်မှတ်ပေးမှာဖြစ်ပြီး ဇူလိုင်လ ၁ ရက်ကစတင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။.

အမြင့်ဆုံးလစာကို ၅၃၀၀၀ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် တကယ့်အရည်အချင်းရှိတဲ့ ပြည်ပက လူတွေကို ဩစတြေးလျ နိုင်ငံထဲ မဆွဲဆောင်နိုင်တာလည်း ပါနိုင်တယ်လို့ ပြောပါတယ်။

အရည်အချင်းပြည့် ယာယီအလုပ်သမားတွေအားလုံးကိုလည်း ၂၀၂၃ ခုနှစ်နောက်ပိုင်း ဩစတြေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ကို လျှောက်ထားခွင့်ပေးမှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ အဲဒီဗီဇာနဲ့ နေထိုင်သူ လူပေါင်း ၂.၁ သန်း ရှိပါတယ်။

ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီ ဦးဆောင်တဲ့ အစိုးရက လူဝင်မှုကြီးကြပ်ရေးစနစ်ကို အဆင့် ၃ ဆင့်နဲ့ သတ်မှတ်လုပ်ဆောင်ထားဖို့ စီစဥ်နေပါတယ်။

ပထမအဆင့်က အရည်အချင်းမြင့် လုပ်သားတွေအတွက်ဖြစ်ပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးရမယ့်အုပ်စု ဖြစ်ပါတယ်။

ဒုတိယအဆင့်က အလည်အလတ် ဝင်ငွေရမယ့် လုပ်သားတွေဖြစ်ပါတယ်။

တတိယအဆင်ကတော့ လစာနည်းပေမယ့် အင်မတန် လိုအပ်နေတဲ့ လုပ်သားတွေ အတွက် ဖြစ်ပါတယ်။ ဥပမာ သက်ကြီးစောင့်ရှောက်ရေးစင်တာအတွက် အလုပ်သမားတွေ ဖြစ်ပါတယ်။

အစိုးရရဲ့ Jobs and Skills Australia အေဂျင်စီကနေ ဒေသာအချက်အလက်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချခွင့်ရမှာ ဖြစ်ပါတယ်။

ဒီလို စနစ်အသစ်ကို ဘယ်အချိန် စတင်ကျင့်သုံးမလဲ ဆိုတာ မသိရသေးပေမယ့် အစိုးရက မြန်မြန်ဆန်ဆန်ဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်မယ်လို့ ပြောပါတယ်။.


2 min read

Published

Updated

By Sophie Bennett

Source: SBS


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now