SKIP TO MAIN CONTENT

ဩစီနဲ့ တရုတ် အဆင့်မြင့် ခေါင်းဆောင်တွေ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံကြ

ဩစတြေးလျနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီPenny Wong နဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တွေ့ဆုံခဲ့ကြပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ ပြန်ပြေလည်မလား ဆိုပြီး မျှော်လင့်နေကြပါတယ်။

PENNY WONG CHINA VISIT
Foreign Minister Penny Wong boards a plane in Canberra, Senator Wong will travel to China to meet with Foreign Affairs Minister Wang Yi. (AAP Image/Lukas Coch) Source: AAP / LUKAS COCH/AAPIMAGE

2 min read

Published

Updated

By Allan Lee

Source: SBS


Skip to article content

တရုတ်နဲ့ ဩစတြေးလျတို့ရဲ့ တရားဝင် သံတမန် ဆက်ဆံရေး နှစ် ၅၀ ပြည့်တဲ့အချိန်မှာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က တရုတ်နိုင်ငံခြားရေး ဝန်ကြီ Wang Yi နဲ့ ဗုဒ္စဟူးနေ့မှာ တွေ့ဆုံးခဲ့ကြတာ ဖြစ်ပြီး ဒါဟာ ၄ နှစ်အတွင်း နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံနိုင်ခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်း တရုတ်နဲ့ ဩစတြေးလျ ဆက်ဆံရေးမှာ တင်းမာမှုတွေ များပြားခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်မှုကို ဩစတြေးလျဖက်က လိုလားတဲ့အကြောင်း၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ရှိတဲ့ မဟာဗျူဟာကျကျ ဆက်ဆံရေးမျိုးကို လိုလားတဲ့အကြောင်း၊ နှစ်နိုင်ငံစလုံးရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ပူးပေါင်းမှုနဲ့ မတူညီမှုတွေကြားက ပညာရှိရှိနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားတာမျိုးကို လိုလားပြီး နောက်လာနောက်သားတွေလည်း ဒီလိုမျိုး ဆက်လုပ်နိုင်ဖို့ လိုလားတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဩစတြေးလျက ဝင်ရောက်စွက်ဖက်တယ်လို့ တရုတ်ဖက်က ယူဆသလို ကိုဗစ်-၁၉ ကိစ္စမှာ တရုတ်ကို ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးဖို့ ဩစတြေးလျက ဖိအားပေးလာတဲ့နောက်ပိုင်း တရုတ်နဲ့ ဩစတြေးလျတို့ရဲ့ ဆက်ဆံရေးတွေ တင်းမာသွားခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း တရုတ်အစိုးရဖက်က နှစ်နိုင်ငံ အဆင့်မြင့် ဆက်ဆံရေးတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့သလို ဩစတြေးလျနဲ့ ကုန်သွယ်ရေးမှာလည်း ကန့်သတ်မှုတွေ လုပ်လိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်း နှစ် ၅၀ ပြည့် သံတမန် ဆက်ဆံရေးကို အသုံးချပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန် တိုးတက်လာအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်က ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ လိုအပ်နေဆဲပဲလို့ ပြောပါတယ်။

ဩစတြေးလျံတွေအတွက် ကောင်စစ်ရေးရာ ကိစ္စတွေ၊ ကုန်သွယ်ရေး ကန့်သတ်ချက်တွေ၊ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေနဲ့ နိုင်ငံတကာလုံခြုံရေးကိစ္စတွေက အရေးကြီးဆဲပဲ ဆိုတာကိုလည်း အသိပေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံစလုံးက အဆင့်မြင့် အရာရှိတွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ သတင်းထောက်

Cheng Lei နဲ့ စာရေးဆရာ Yang Hengjun တို့ကိုလည်း မိသားစုနဲ့ အမြန်ဆုံး ပြန်လည် ပေါင်စည်းခွင့်ပေးဖို့ ဩစတြေးလျက တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဩစတြေးလျဖက်က တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေကိုလည်း ပြောဆိုခဲ့ပြီး အဲဒီအထဲမှာ တိဖက်ကိစ္စ၊ ဟောင်ကောင်ကိစ္စနဲ့ Xinjiang ပြည်နယ်က ဝိဂါ မွတ်ဆလင်တွေအပေါ် ထားရှိတဲ့ တရုတ်ရဲ့ ဆက်ဆံရေးတွေကိုလည်း စိုးရိမ်မကင်းမှု ဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးပိုင်းမှာ တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဝန်ကြီးချုပ် ပင်နီဝမ်က အရိတ်အမွတ်ပေး ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံကနေ ဩစတြေးလျရဲ့ ထုတ်ကုန်တွေအပေါ် တင်သွင်းမှု ကန့်သတ်လိုက်ပြီးနောက် ဒေါ်လာ ဘီလီယံ ၂၀ လောက်ရှိတဲ့ ကုန်ထုတ်လုပ်မှုပိုင်းမှာ နစ်နာမှုတွေ ဖြစ်ခဲ့တဲ့အတွက် ဒီကိစ္စမှာလည်း တိုးတက်မှု ရှိလာဖို့ မျှော်လင့်နေကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပင်နီဝမ်နဲ့ တချို့ သုံးသပ်သူတွေကတော့ ဒီအခြေအနေမှာ တရုတ်နဲ့ တွေ့ဆုံပြီးနောက် ဘာအောင်မြင်မှု ရသွားတယ် ဆိုတာထက် တရုတ်နဲ့ အဆင့်မြင့် အစိုးရအဆင့် တွေ့ဆုံခွင့်ရခဲ့တာကပဲ အောင်မြင်မှု တစ်ခုလို ဖြစ်နေပြီလို့ သုံသပ်ထားကြပါတယ်။

ယခင် လစ်ဘရယ် ညွန့်ပေါင်း အစိုးရလက်ထက်တုန်းက တရုတ်နိုင်ငံနဲ့ အဆင့်မြင့် အစိုးရအဆင့် တွေ့ဆုံခွင့်ရဖို့ ကြိုးစားပေမယ့် တွေ့ဆုံခွင့်တွေ မရပဲ လေဘာပါတီ လက်ထက်မှသာ တွေ့ဆုံခွင့်ရတာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now