SKIP TO MAIN CONTENT

သြစတြေးလျားမှာ အရွယ်ရောက်ပြီးသား အသက် ၅၀အောက်လူတွေ AstraZeneca ထက် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ အကြံပြု

သြစတြေးလျားနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၅၀ အောက်လူတွေကို အခုဆိုရင် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးကိုပဲရွေးချယ်ထိုးပေးပို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကအကြံပြုလိုက်ပါတယ်။

Chief Medical Officer Paul Kelly.
Chief Medical Officer Paul Kelly. Source: AAP

1 min read

Published

Updated

Presented by Shah Paung



Skip to article content

ဖြစ်တောင့်ဖြစ်ခဲသွေးခဲတာနဲ့ ဆက်စပ်မှုရှိတယ်လို့ အတည်ပြုချက်ထွက်လာပြီးနောက် AstraZeneca ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာအကြံပေးမှုအသစ်တွေကို အစိုးရကလက်ခံရရှိခဲ့တာဖြစ်ပါတယ်။

သွေးခဲတာနဲ့ ဆက်စပ်မှုရှိတယ်လို့ဥရောပအာဏာပိုင်တွေအတည်ပြုပြီးနောက်  Australian Technical Advisory Group on Immunisation အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး AstraZeneca ကာကွယ်ဆေး ပထမအကြိမ်မထိုးရသေးတဲ့ အရွယ်ရောက်ပြီးသား အသက် ၅၀အောက်လူတွေ Pfizer ကိုပဲရွေးချယ်ထိုးပေးဖို့ အကြံပြုခဲ့တာဖြစ်တယ်လို့ ကြာဿပတေးနေ့ညမှာ ရုတ်တရက်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ဆေးဘက်ဆိုင်ရာအကြီးအကဲ Paul Kelly ကပြောပါတယ်။

အရွယ်ရောက်ပြီးသားအသက် ၅၀အောက်လူတွေအနေနဲ့ သူတို့တဦးချင်းကျန်းမာရေးအခြေအနေက လုံးဝအန္တရာယ်မရှိမှသာလျင် AstraZeneca ကိုဗစ်-၁၉ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ်နဲ့ထိုးပေးသင့်တယ်လို့ ပါမောက္ခ Kelly ကပြောပါတယ်။

AstraZeneca ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးလို့ ဆိုးကျိုးကြီးကြီးမားမားမခံစားရတဲ့လူတွေဟာ ဒုတိယအကြိမ်ကာကွယ်ဆေးကို ဘေးကင်းလုံခြုံစွာထိုးလို့ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ကျန်းမာရေးဌာန၀န်ကြီး Brendan Murphy ကတော့ သွေးခဲတာဟာ အလွန်တရာမှ ဖြစ်တောင့်ဖြစ်ခဲတဲ့အရာတခုဖြစ်ကြောင်း၊ သြစတြေးလျားနိုင်ငံအနေနဲ့ အဆင့်အမြင့် ကြိုတင်ကာကွယ်မှု အနေအထားမှာရှိနေတယ်လို့ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now