SKIP TO MAIN CONTENT

Pfizer COVID-19 ဆေးလုံးက ဆေးရုံတက်ရတဲ့အဆင့်နဲ့ သေတဲ့အဆင့် မဖြစ်အောင် ၈၉ % ထိရောက်မှုရှိ

Pfizer ဆေးကုမ္ပဏီရဲ့အဆိုအရ သူတို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရတဲ့အဆင့် မဖြစ်အောင်နဲ့ သေဆုံးရတာမျိုးမဖြစ်အောင် ၈၉ % ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။

20211018001587048743-original.jpg

2 min read

Published

Source: AFP, SBS



Skip to article content

အသက် ၁၈ နှစ်ကျော်သူတွေနဲ့ ကိုဗစ်ဒဏ် ဆိုးဆိုးဝါးဝါးခံစားရနိုင်တဲ့လူတွေကို စမ်းသပ်တဲ့အခါမှာ ထိရောက်မှုရှိတာကို ပြသတယ်လို့ ပြောပါတယ်။

ကမာ္ဘ့ကပ်ရောဂါ အသစ်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်တဲ့အချိန်ကစပြီး ကာကွယ်ဆေးတွေ၊ ပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးတွေကို စမ်းသပ်တီထွင်ကြပြီး ဆေးလုံးနဲ့ အိမ်မှာပဲ ကုသနိုင်တဲ့နည်းကို လူအများအပြားက တောင့်တနေကြတာ ဖြစ်ပါတယ်။

စမ်းသပ်မှုအတိုင်း အောင်မြင်မှုရရင်တော့ ကပ်ရောဂါရဲ့ ရန်ကနေ ပိုမိဘေးကင်းကြမယ့် အနေအထား ဖြစ်ပါတယ်။

အဲဒီ Pfizer ဆေးကို Paxlovid ကို ခေါ်ပြီး အဲဒီဆေး စမ်းသပ်မှုက အလယ်အလတ်အဆင့်နဲ့ နောက်ဆုံးအဆင့်နား ရောက်နေတယ်လို့ သောကြာနေ့တုန်းက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဆက်လက် စမ်းသပ်မှုတွေ လုပ်နိုင်အောင် စမ်းသပ်ခံမယ့်လူတွေရဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျက အခုလောလောဆယ် အဲဒီဆေးအလုံးပေါင်း ၃၀၀ ၀၀၀ ကို ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုထားပေမယ့် အခုလောလောဆယ် အဲဒီဆေးကို ဘယ်နိုင်ငံမှ အသိအမှတ်ပြုထားခြင်း မရှိသေးပါဘူး။

အမေရိကန်ကုမ္ပဏီဖြစ်တဲ့ က အဲဒီဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဌာနက အသိအမှတ်ပြုပေးဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက် မတိုင်ခင် ခွင့်ပြုချက်ရဖို့ တင်သွင်းသွားမယ်လို့လည်း အဲဒီဆေးကုမ္ပဏီက ပြောပါတယ်။

အမေရိကန် သမ္မတ Joe Biden ကလည်း အစိုးရအနေနဲ့ အဲဒီဆေး အလုံးပေါင်း သန်းနဲ့ချီ ရရှိအောင် လုပ်ဆောင်ထားပြီလို့ ပြောပါတယ်။

အဲဒီဆေးလုံးကို မြောက်အမေရိကား၊ တောင်အာမေရိကား၊ ဥရောပ၊ အာဖရိကနဲ့ အာရှက လူပေါင်း ၁၂၁၉ ဦးကို စမ်းသပ်ခဲ့ရာက ၈၉ % ထိရောက်မှု ရှိတယ်ဆိုတာကို တွေ့ရတာ ဖြစ်ပါတယ်။

စမ်းသပ်မှုမှာ ပါဝင်သူတွေကို ရောဂါလက္ခာဏာပြတာနဲ့ ၅ ရက်ဆက်တိုက် ၁၂ နာရီခြားမှာ တစ်ကြိမ် Pfizer ကာကွယ်ဆေးတိုက်တဲ့ အုပ်စုနဲ့ ဆေးဝါးအသစ် စမ်းသပ်ရာမှာ ဆေးအသွင်တူပေမယ့် အာနိသင်မရှိတဲ့ ဆေးတိုက်တဲ့ အုပ်စုနှစ်စု ခွဲလိုက်တာ ဖြစ်ပါတယ်။

ဆေးအသွင်တူပေမယ့် အာနိသင်မရှိတဲ့ ဆေးကို သောက်တဲ့အုပ်စုမှာ လူ ၁၀ ဦး သေဆုံးခဲ့ရပြီး Pfizer ဆေးကို သောက်တဲ့လူတွေ တစ်ယောက်မှ သေဆုံးမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

ကြာသပတေးနေ့တုန်းက ဗြိတိန်နိုင်ငံက Merck's antiviral ဆေးလုံးကို အပျော့စားနဲ့ အလယ်အလတ် ပြင်းထန်တဲ့ ကိုဗစ်-၁၉ ရောဂါခံစားရသူတွေ အသုံးပြုနိုင်ဖို့ အသိအမှတ်ပြုပေးလိုက်ပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ခုခုကို ပထမဆုံး အသိအမှတ်ပြုပေးခြင်း ဖြစ်ပါတယ်။

Pfizer ဆေးလုံးကတော့ ကိုဗစ်-၁၉ စဖြစ်ခါစ လူတွေအတွက်သာ ထိရောက်မှာဖြစ်ပါတယ်။

အခုလောလောဆယ် ကိုဗစ်-၁၉ ရောဂါကို ကုသရာမှာ

monoclonal antibodies နဲ့ Gilead's remdesivir နည်းတွေကို အသုံးပြုပြီး အမေရိကန်မှာ အသုံးပြုကြပေမယ့် ဥရောပမှာတော့ Veklury နည်းနဲ့ ကုသနေကြတာ ဖြစ်ပါတယ်။

Pfizer နဲ့ Merck ကိုဗစ်-၁၉ ဆေးအပြင် ဆွစ်ဇာလန်နိုင်ငံက ဆေးကုမ္ပဏီဖြစ်တဲ့ Roche ကလည်း ကိုဗစ်ဆေးလုံးကို ထုတ်လုပ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now