Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

မဟတ္တမ ဂန္ဒီရုပ်ထု ဖျက်ဆီးကြတဲ့အပေါ် အင်မတန် စိတ်ပျက်မိလို့ ဝန်ကြီးချုပ်ဆို

မဲလ်ဘုန်းမြို့ သြစတြေးလျံ အိန္ဒိယန်း ကွန်မြူနီတီစင်တာ အပြင်မှာ ထားရှိတဲ့ ငြိမ်းချမ်းရေး ဗိသုကာ မဟတ္တမ ဂန္ဒီရဲ့ ရုပ်ထု ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး အများအပြား စိတ်ပျက်နေကြပါတယ်။

Bronze Statue of Mahatma Ghandi

Bronze statue of Mahatma Ghandi outside Australian Indian Community Centre in Melbourne Source: SBS

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ဝန်ကြီးချုပ် စကော့မော်ရီဆန်က ၆ ပေမြင့်တဲ့ ကြေးရုပ်ထု ဖွင့်ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပြီး နောက်တစ်ရက် (စနေနေ့)မှာ ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီ ရုပ်ထုကို Rowville ရပ်ကွက်က Australian Indian Community Centre မှာ ထားရှိတာဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ ဗြိတိန်လက်ထက်ကနေ လွတ်လပ်ရေးရတဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ရော သြစတြေးလျနိုင်ငံရဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မတူကွဲပြားသူတွေ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်မှုကို မီးမှောင်းထိုးတဲ့အနေနဲ့ အိန္ဒိယ အစိုးရက မဟတ္တမ ဂန္ဒီရဲ့ ကြေးရုပ်ထုကို လျူဒါန်းခဲ့တာ ဖြစ်ပါတယ်။

မဟတ္တမ ဂန္ဒီဟာ အကြမ်းမဖက်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဗြိတိသျှကို တော်လှန်လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူဖြစ်ပြီး သူ့ကို လွတ်လပ်ရေးဖခင်အဖြစ်လည်း သတ်မှတ်ကြတာ ဖြစ်ပါတယ်။

Australian Indian Community Charitable Trust ခေါင်းဆောင်ဖြစ်သူ Vasan Srinivasan က ရုပ်ထုကို ဖွင့်လှစ်ပြီး ၂၄ နာရီအတွင်း ဖျက်ဆီးမှုလုပ်ကြတဲ့အပေါ် အင်မတန်ကို ဝမ်းနည်းမိတဲ့အကြောင်း၊ ရုပ်တုရဲ့ လည်ပင်းကို ဖြတ်ဖို့ ကြိုးစားတဲ့ပုံမျိုး လုပ်ထားတဲ့အတွက် အင်မတန်ကို စိတ်ပျက်မိသလို အိန္ဒိယ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအပေါ် မလေးမစား လုပ်တဲ့ သဘောကို မြင်တွေ့ရသလို သြစတြေးလျနိုင်ငံမှာ မတူကွဲပြားတူတွေ အများဆုံး ယှဉ်တွဲနေထိုင်ကြတဲ့ ပြည်နယ်မှာ လာဖြစ်နေရတဲ့အပေါ် အင်မတန် ဝမ်းနည်းမိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရုပ်ထုဖွင့်ပွဲ ပြုလုပ်ပေးခဲ့တဲ့ ဝန်ကြီးချုပ် စတော့မော်ရီဆန်ကလည်း ဒီလို အဖျက်အမှောက် လုပ်ရပ်ဟာ အင်မတန် ကျက်သရေတုံးပြီး အလွန်ကို စိတ်ပျက်စရာ ဖြစ်တယ်လို့လည်း SBS ကို ပေးပို့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံဟာ ကမာ္ဘပေါ်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မတူကွဲပြားသူတွေ အတူတကွ ယှဉ်တွဲနေထိုင်ကြမှုမှာ အဆောင်မြင်ဆုံးသော နိုင်ငံတစ်ခုဖြစ်ပြီး ရိုးရာယဉ်ကျေးမှု အမှတ်အသားတွေအပေါ် တိုက်ခိုက်မှုလုပ်ရင် လုံးဝသည်းခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလို လုပ်ရပ်ဟာ အိန္ဒိယ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကို မလေးမစား ပြုရာရောက်ပြီး မိမိရဲ့ လုပ်ရပ်ကို ရှက်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ရုပ်ထုဖျက်ဆီးမှု ဖြစ်ပေါ်တဲ့ စနေနေ့မှာ မိုးတွေ သည်းခဲ့တဲ့အတွက် ရဲတွေက လက်ဗွေတွေ မရနိုင်ပေမယ့် CCTV ကနေ လက်သည်ကို လိုက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

Federation of Indian Associations of Victoria ရဲ့ ဥက္ကဌ Surya Prakash Soni ကလည်း ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်ကို ဘာကြောင့် လုပ်သလဲ ဆိုတာကို စဉ်းစားလို့ မရတဲ့အကြောင်း၊ လုံခြုံရေး ကင်မရာမှာ ဘယ်သူ ဘယ်ဝါ ပြထားသလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။


1 min read

Published

By Manpreet Singh


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now