SKIP TO MAIN CONTENT

ဆစ်ဒနီက ဘုရားကျောင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှုလို့ ရဲသတ်မှတ်

ဆစ်ဒနီမြို့ အနောက်ပိုင်းက ဘုရားကျောင်းတစ်ခု အတွင်းမှာ ဖြစ်ခဲ့တဲ့ ဓားထိုးမှုကို ဘာသာရေးအစွန်းရောက်တဲ့ အကြမ်းဖက်မှုအဖြစ် နယူးဆောက်သ်ဝေးလ်ရဲက သတ်မှတ်လိုက်ပါတယ်။

Catholic Church guidelines
Source: AAP

1 min read

Published

By Mu Laing Thein

Source: SBS


Skip to article content

နယူးဆောက်သ်ဝေးလ်ရဲ့ ပြည်နယ် ရဲကော်မရှင်နာ Karen Webb က ဆစ်ဒနီမြို့ အနောက်ပိုင်းက ဘုရားကျောင်းတစ်ခုထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကို အစွန်းရောက် ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ ဒီအင်္ဂါနေ့မနက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ ဘုရားကျောင်းမှာ ဝတ်ပြုနေကြတုန်းမှာပဲ အရှေ့မှာ ဝတ်ပြုမှု အစီအစဥ် ဦးဆောင်တဲ့ ဆရာတော်ဆီ သွားပြီး တစ်ကြိမ်ထက်မနည်း ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။

ဆရာတော် Mar Mari Emmanuelအပြင် ဘုရားကျောင်းအတွင်းက တချို့လူတွေလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲဒီ Wakeley ရပ်ကွက်အတွင်းက Assyrian Orthodox တွေရဲ့ Christ The Good Shepherd ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဝတ်ပြုမှု အစီအစဥ်ကို တကမ္ဘာလုံးက လူတွေ ကြည့်လို့ရအောင် Live လွင့်နေတုန်း တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ရဲကော်မရှင်နာ Webbရဲ့ အဆိုအရ ဓားထိုးမှု ကျူးလွန်တဲ့လူဟာ ဘုရားကျောင်းတက်တဲ့အခါ ဓားကိုပါ ကိုင်ဆောင်ထားမှု၊ ဆရာတော်ကို ဓားထိုးမှု၊ ဘုန်းတော်ကြီးတစ်ပါးနဲ့ တခြားလူတွေကိုပါ ဒဏ်ရာရရှိစေမှုအပြင် ဘုရားကျောင်းအတွင်း ရှိသူတွေကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေရုံသာမက Live လွင့်နေတဲ့အချိန်မှာ ဓားထိုးခဲ့တာဖြစ်လို့ တခြားလူအများအပြားကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေတာတွေကို ကြည့်ပြီး အကြမ်းဖက်မှုလို့ သတ်မှတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

တခြားလူတွေလည်း Live လွင့်နေတာကို ကြည့်ရင်း ဓားထိုးမှု ဖြစ်ခဲ့လို့ ဘုရားကျောင်းဆီ ပြေးလာကြရာက အခြေအနေကို ထိန်းနေတဲ့ ရဲတွေနဲ့ ရုန်းရင်းဆန်ခမှု ဖြစ်ခဲ့ကြပါတယ်။

တချို့လူတွေက ဖြစ်ပွားတဲ့ အခင်းအကျင်းကို ကြည့်ပြီး ရဲတွေ အခြေအနေ ထိန်းထားတဲ့ကြားက အတင်း ရဲအလုပ် လုပ်ချင်ကြတဲ့အတွက် ရဲတွေနဲ့ ရုန်းရင်းဆန်ခမှု ဖြစ်ပြီး ရဲတွေကို အုတ်ခဲအပြင် တခြားအရာတွေနဲ့ တိုက်ခိုက်တာမျိုးလည်း ဖြစ်ပွားခဲ့ပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် Chris Minns က စိတ်ငြိမ်ငြိမ် ထားကြဖို့ ပန်ကြားထားသလို ဘာသာပေါင်းစုံ ခေါင်းဆောင်တွေကလည်း ခေါင်းအေးအေး ထားကြဖို့ ပန်ကြားထားပါတယ်။

ဩစတြေးလျနိုင်ငံသားတွေအနေနဲ့ ဥပဒေကို မိမိရဲ့ လက်ထဲထားလိုက်တာမျိုး လုပ်ဆောင်လို့မရတဲ့အကြောင်း အဲဒီလို လုပ်ရပ်ကို ဩစတြေးလျက လက်မခံတဲ့အကြောင်း အဲဒီလို လုပ်ရပ်တွေက ရဲတွေအတွက် ပိုခက်ခဲစေတယ်လို့ ပြောသွားခဲ့ပါတယ်။

ရဲကော်မရှင်နာက ဓားထိုးမှု ကျူးလွန်သူရဲ့ အကြောင်း စေ့စေ့စပ်စပ် သိရအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာ ဖြစ်သလို ရုန်းရင်းဆန်ခမှုအတွင်း ရဲတွေကို တိုက်ခိုက်ခဲ့သူတွေကိုလည်း စုံစမ်းအရေးယူသွားမယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now