အက်ဒင်ဘာရာမြို့စား ဖိလစ်မင်းသားကြီးဟာ ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး ကုသနိုင်ဖို့ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းကဆေးရုံတင်ခဲ့ရပါတယ်။
သြစတြေးလျားနိုင်ငံ စံတော်ချိန် သောကြာနေ့ညမှာပဲ ဖိလစ်မင်းသားကြီး နတ်ရွာစံသွားပြီဖြစ်ကြောင်း ဘာကင်ဟမ်နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။
ဖိလစ်မင်းသားကြီးဟာ ဗြိတိသျှဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်နဲ့ ၇၃နှစ်ကြာ လက်ထပ်ခဲ့ပြီး ဗြိတိသျှတော်ဝင်မိသားစုထဲမှာ သက်တမ်းအရှည်ဆုံး ကြင်ရာတော်ဖြစ်ပါတယ်။