ကာကွယ်ဆေး ထိုးထားတဲ့ နိုင်ငံတကာကျောင်းသားတွေ NSW ထဲ ဝင်လာရင် ကွာရန်တင်းဝင်စရာမလို

New South Wales ပြည်နယ်မှာ ကျောင်းလာတက်မယ့် နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးထားရန် ကွာရန်တင်းဝင်စရာ မလိုဘူးလို့ သိရပါတယ်။

Students at Sydney's UNSW.

Source: AP/Mark Baker

ဒီဇင်ဘာလကစပြီး နယူးဆောက်သ်ဝေးလ်ပြည်နယ်က နိုင်ငံတကာ ကျောင်းသားတွေကို ပြန်လည် စတင်လက်ခံတော့မှာဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်ကြရင် ကျောင်းသူ ကျောင်းသား အယောက် ၂၅၀ လောက် တင်ဆောင်လာတဲ့ လေယာဉ် ပထမဆုံး အစင်းအနေနဲ့ ဆိုက်ရောက်မှာဖြစ်ပြီး အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်နဲ့ ကနေဒါနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ ပါဝင်ပါတယ်။

ဒုတိယမြောက် လေယာဉ်တစ်စင်းကလည်း တောင်အာရှဒေသက ကျောင်းသူ ကျောင်းသားတွေကို တင်ဆောင်လာဖို့ ရှိတယ်လို့ ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က နိုင်ငံတကာ ကျောင်းသားတွေဟာ သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးအတွက် အကျိုးအမြတ် ဖြစ်စေသလို လူမှုအသိုင်းအဝိုင်းနဲ့ လူနေမှုပုံစံတွ၊ ရိုးရာယဉ်ကျေးမှုတွေမှာလည်း အရေးကြီးတဲ့ နေရာမှာ ပါဝင်တယ်လို့ ပြောပါတယ်။

ပြည်နယ်အစိုးရရဲ့ ကြေညာချက်ကြောင့် ဒီနှစ်မကုန်ခင် ကာကွယ်ဆေးထိုးပြီးသား နိုင်ငံတကာ ကျောင်းသား အယောက် ၅၀၀ လောက် NSW နဲ့ ACT တက္ကသိုလ်တွေမှာ ရောက်ရှိလာမယ့်အနေအထားရှိပြီး အဲဒီအပေါ် ကြိုဆိုကြောင်း

NSW ရဲ့ ဒုတိယ Chancellor Committee convenor Barney Glover က ပြောပါတယ်။

နယူးဆောက်သ်ဝေးလ်မှာ ဒီနေ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူ မရှိပဲ ဒါဟာ ၃ လ အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်နယ်အတွင်းမှာ နေထိုင်သူတွေ ကာကွယ်ဆေး ဒုတိယတစ်ချောင်းကို ထိုးပြီး ၆ လ အကြာမှာ ဆေးရှိန်မပျယ်အောင် booster dose ထိုးဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့ ပြည်နယ်အတွင်းမှာ ရောဂါကူးစက်သူ ၂၅၀ သာရှိပြီး အရင်ရက်နဲ့ ယှဉ်ရင် ကူးစက်သူ ၃၆ ဦး ပိုနည်းတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ အသက် ၁၆ နှစ်နဲ့ အထက် ရှိသူ လူပေါင်း ၉ ၀.၈% ကာကွယ်ဆေး ထိုးထားကြသူတွေဖြစ်ပြီး အသက်ပြည့်သူ ၉ ၄.၁% က အနည်းဆုံး ကာကွယ်ဆေး ထိုးပြီးကြသူတွေ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အကြားလူပေါင်း ၈၀% ကျော် ကာကွယ်ဆေး တစ်ချောင်းထိုးပြီးကြပြီး ၇၂.၄% က နှစ်ချောင်းစလုံး ထိုးပြီးကြသူတွေ ဖြစ်ပါတယ်။

ပြည်နယ်ကျန်းမာရေးအရာရှိ Dr Jeremy McAnulty ရဲ့အဆိုအရ ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးနှစ်ချောင်းလုံး ထိုးသူဦးရေ ၉ ၀% ကျော်ရှိပြီး ဒုတိယမြောက် ကာကွယ်ဆေးထိုးပြီး ၆ လ အကြာမှာ ဆေးရှိန်မပျယ်အောင် booster shot ထိုးဖို့ တိုက်တွန်းထားပါတယ်။

ကာကွယ်ဆေး မထိုးထားတဲ့ လူတွေမှာ ရောဂါကူးစက်နိုင်ခြေပိုများပေမယ့် ကာကွယ်ဆေး ထိုးထားတဲ့ လူတွေဟာလည်း အမိုးအကာအောက်က gyms, bars နဲ့ pubs တွေမှာလည်း ကူးစက်နိုင်တယ်လို့ ပြောပါတယ်။ ရောဂါလက္ခဏာပြတာနဲ့ စောစောစီးစီးစမ်းသပ်စစ်ဆေးမှု ခံယူဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ ပြောပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဒီကနေ့ ရောဂါကူးစက်သူ ၁၂၂၁ ဦးရှိပြီး ၄ ဦး သေဆုံးခဲ့ရပါတယ်။

အခုလောလောဆယ် ဗစ်တိုးရီးယားပြည်နယ်မှာ ရောဂါကူးစက်သူ ၁၆၆၇၁ ဦးရှိပြီး ၄၀၅ ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ၇၇ ဦးက အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေရပြီး ၅၁ ဦးက ventilation ကို အသုံးပြုနေကြရတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ အသက် ၁၂ နဲ့ အထက်ရှိသူ လူပေါင်း ၈၆% ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။


Share

2 min read

Published

Source: AAP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now