SKIP TO MAIN CONTENT

ဘုရင်မ အဲလိဇဘက် နတ်ရွာစံ၊ သားကြီး ချားလ်စ် မင်းသား ဘုရင်ဖြစ်လာ

ဒုတိယမြောက် အဲလိဇဘက် ဘုရင်မဟာ စကော့တလန်က နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း Buckingham နန်းတော်က ကြောညာခဲ့ပါတယ်။

Queen Elizabeth II at her Platinum Jubilee
Queen Elizabeth II has died at age 96 Credit: Max Mumby/Indigo/Getty Images

1 min read

Published

Updated

Source: SBS



Skip to article content

ဘုရင်မ အဲလိဇဘက်ဟာ အသက် ၉၆ မှာ နတ်ရွာစံတာဖြစ်ပြီး သူ့ရဲ့ သားအကြီးဆုံး အသက် ၇၃ နှစ်အရွယ် ချားလ်စ် မင်းသားက အလိုအလျောက် ဘုရင်ဖြစ်လာပါတယ်။

တတိယမြောက် ချားလ်စ် ဘုရင်လို့ ခေါ်မှာဖြစ်ပြီး သူဟာ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်အပါအဝင် နိုင်ငံ ၁၄ ခု ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

ဘုရင်မ မကွယ်လွန်ခင်မှာ ဘုရင်မရဲ့ အိမ်တော်ဆီ မိသားစုတွေ သွားလာနေကြတဲ့ သတင်းတွေ ထွက်ပေါ်ပြီး မကြာခင်မှာပဲ ဘုရင်မက နတ်ရွာစံသွားတာ ဖြစ်ပါတယ်။

Buckingham နန်းတော်ပြင်ပမှာ လူတွေ စုဝေးစပြုနေပြီး ဘုရင်မကို အောက်မေ့မှု ပြသနေကြပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်အသစ် Liz Trussက ဘုရင်မဟာ ခေတ်သစ် ဗြိတိန်ကို တည်ထောင်ရာမှာ ဘုရင်မက အုပ်မြစ်အဖြစ် တည်ရှိခဲ့တယ်လို့ ဂုဏ်ပြု ပြောဆိုလိုက်ပါတယ်။

ဘုရင်မဟာ နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့ပြီး သူ့လက်ထက်အတွင်း ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ၁၅ ဦး ရှိခဲ့လို့ ကမ္ဘာမှာ နန်းတက်အကြာဆုံး ဘုရင်မထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

သူမဟာ အသက် ၂၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဂျော့ဂျ်ဘုရင် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ နတ်ရွာစံသွားတဲ့နောက်ဘုရင်မ စဖြစ်လာခဲ့တာဖြစ်ပါတယ်။

နန်းတက်ပွဲကို အဲဒီနှစ် ဇွန်လမှာ ကျင်းပခဲ့ကြပါတယ်။

သူမရဲ့ ခင်ပွန်း မင်းသား ဖိလစ်ဟာ အရင်နှစ်က နတ်ရွာစံတာဖြစ်ပြီး အင်္ဂလာသက်တမ်း ၇၃ နှစ်မှာ နတ်ရွာစံခဲ့တာလည်း ဖြစ်ပါတယ်။

ဘုရင်မဟာ အရင်နှစ်အောက်တိုဘာလကစပြီး ကျန်းမာရေး ယိုယွင်းလာတာဖြစ်လို့ လူရှေ့ထွက်ရတဲ့ အလုပ်ကို လျှော့ချလိုက်ရသလို အရင်ရက်တုန်းက ထိပ်သီး ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ရက်ချိန်းတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

သူမရဲ့ ဘုရင်မ သက်တမ်းတလျှောက်မှာ နိုင်ငံရေး လူမှုရေး အတက်အကြပေါင်းများစွာကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဘုရင်မဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။

ဘုရင်မဟာ နတ်ရွာမစံခင် ရက်ပိုင်းအလိုအထိ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now