SKIP TO MAIN CONTENT

ဆူဒန်မှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်တယ်လို့ယူဆရ၊ ဝန်ကြီးချုပ်နဲ့ တခြားခေါင်းဆောင်တွေ ဖမ်းဆီးခံရ

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့အတူ ဝန်ကြီးချုပ်နဲ့ တခြားခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Mwandamanaji ashika bendera ya Sudan katika maandamano yanayo unga serikali yakiraia mjini Khartoum, Sudan.
Mwandamanaji ashika bendera ya Sudan katika maandamano yanayo unga serikali yakiraia mjini Khartoum, Sudan. Source: EPA

1 min read

Published

Updated

Source: AFP, SBS



Skip to article content

ဝန်ကြီးချုပ် Abdalla Hamdok နဲ့ တခြား ဝန်ကြီးတွေ ဖမ်းဆီးခံထားရတယ်လို့ information ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဆူဒန်နိုင်ငံမှာ အာဏာရှင် သမ္မတ Omar al-Bashir ကို ဖယ်ရှားလိုက်ကြပြီးနောက် စစ်တပ်နဲ့ အရပ်သားခေါင်းဆောင်တွေ စုပေါင်းပြီး အာဏာမျှဝေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်နဲ့ အရပ်သားခေါင်းဆောင်တွေအကြား တင်းမာမှုတွေ ပြင်းထန်လာပြီး စစ်တပ်အာဏာ သိမ်းမှု ဖြစ်နိုင်တယ်လို့ ပြောဆိုကြပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ်နဲ့ တခြားခေါင်းဆောင်တွေ ထိန်းသိမ်းခံရတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Sudan's Prime Minister Abdalla Hamdok
Sudan's Prime Minister Abdalla Hamdok Source: DPA

ဆူဒန်နိုင်ငံတလွှားမှာ အင်တာနက်တွေ ဖြတ်တောက်ထားသလို မြို့တော Khartoum နဲ့ ချိတ်ဆက်ထားတဲ့ အဓိက လမ်းမတွေကိုလည်း ပိတ်ချထားသလို ရုပ်မြင်သံကြားတွေပေါ်မှာ မျိုးချစ်စိတ်ရှင်သန်ရေး သီချင်းတွေ ထုတ်လွှင့်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံကတော့ ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပိုက်မှု လုပ်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အထူးထိပ်လန့်မိတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂကလည်း နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတာဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ ပြောပါတယ်။

ဥရောပသမဂ္ဂကလည်း အရပ်သား အုပ်ချုပ်ရေး အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ပြန်သွားဖို့ တိုက်တွန်းလိုကြောင်း ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်တုန်းကပဲ တချို့လူတွေက စစ်တပ်ကနေ အာဏာသိမ်းမယ့်အနေအထားရှိတာကြောင့် အရပ်သားအုပ်ချုပ်ရေးသမားတွေရဲ့ လက်ထဲ အာဏာပြန်လွဲပြောင်းပေးဖို့ ပြောဆိုဖူးပါတယ်။

အာဏာရှင် သမ္မတကို ဖယ်ရှားပြီးတဲ့နောက်ပိုင်း ဖယ်ရှားမှုမှာ ပါဝင်သူတွေက ပြည်သူ့အုပ်ချုပ်ရေး အသွင်ကူးပြောင်းနိုင်ဖို့ ကြိုးစားတုန်းမှာပဲ နှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တချို့လူတွေက စစ်တပ်ကို အာဏာသိမ်းဖို့ တောင်းဆိုတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now