Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဗဟိုဘဏ်က အတိုးနှုန်း .၅၀ % ထပ်တိုး၊ အိမ်အကြွေးအတိုးနှုန်းလည်း ထပ်တိုးလာဖို့ရှိ

ဩစတြေးလျနိုင်ငံ ဗဟိုဘဏ် Reserve Bank of Australia (RBA) က ဒီကနေ့မှာပဲ အတိုးနှုန်းကို ၀.၅၀% ထပ်တိုးမြင့်လိုက်တဲ့အတွက် အခုဆိုရင် အတိုးနှုန်းက ၁.၃၅% ရှိသွားပြီ ဖြစ်ပါတယ်။

O Banco de Reserva da Austrália subiu a taxa de câmbio oficial pela terceira vez consecutiva

O Banco de Reserva da Austrália subiu, hoje, a taxa de juro pela terceira vez consecutiva. Proprietários de imóveis estão muito apreensivos com o futuro. Source: AAP / Bianca De Marchi

ဗဟိုဘဏ်က လစဥ် ဘုတ်အစည်းအဝေးထိုင်ပြီးတဲ့နောက် အတိုးနှုန်းကို ထပ်တိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး လပိုင်းအတွင်း တတိယအကြိမ်မြောက် အတိုးနှုန်း တိုးမြင့်လိုက်ခြင်း ဖြစ်ပါတယ်။ 

ဗဟိုဘဏ်ရဲ့ အကြီးအကဲ Philip Lowe က အတိုးနှုန်း တိုးမြင့်လိုက်ရတာဟာ ကမ္ဘာမှာ ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေမယ့် အတိုးနှုန်း တိုးမြင့်တဲ့အတွက် ဩစတြေးလျမှာ စီးပွားရေး ပျက်ကပ်ဖြစ်ဖို့အလားအလာနည်းတယ်လို့ ပြောပါတယ်။

 

 

ဩစတြေးလျရဲ့ စီးပွားရေးက ခံနိုင်ရည်ရှိတဲ့ အနေအထားမှာ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

 

 

ကမ္ဘာ့ငွေကြေးဖောင်းပွမှုက မြင့်မားနေပြီး အဲလို ဖြစ်ရတာဟာ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တဲ့ ကုန်ထုတ်လုပ်မှု နှောင့်နှေးမှုတွေ၊ ယူကရိန်းစစ်နဲ့ လူတွေရဲ့ ဝယ်လိုအား မြင့်မားမှုတွေကြောင့် ပိုအခြေအနေ ဆိုးဝါးတာဖြစ်တယ်လို့ Dr Lowe က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။ 

 

လူတွေရဲ့ ဝယ်လိုအား မြင့်မားချိန်မှာ အလုပ်သမားစျေးကွက်မှာ မလုံလောက်မှုတွေဖြစ်ပြီး တချို့ကဏ္ဏမှာ ကုန်ထုတ်လုပ်မှု ကျဆင်းနေတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်မှု ဖြစ်စေသလို ရေကြီးမှုတွေကလည်း ကုန်စျေးနှုန်းအပေါ် သက်ရောက်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

 

အခုလောလောဆယ် ဩစတြေးလျရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၅.၁% မှာ ရှိနေပြီး ဒီနှစ်ကုန်ပိုင်းကြရင် အထွဋ်အထိတ် (၇%)  အနေအထားကို ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ 

၂၀၂၃ လောက်ကြရင် ၂-၃ % လောက်အထိ တက်သွားနိုင်တယ်လို့လည်း Mr Lowe က ခန့်မှန်းထားပါတယ်။ 

 

ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဩစတြေးလျနိုင်ငံသား သန်းနဲ့ချီအတွက် အခက်အခဲတွေ ဖြစ်နိုင်တယ်ဆိုတာကို နားလည်ကြောင်း ဘဏ္ဏာရေးဝန်ကြီး  Jim Chalmers က ပြောပါတယ်။ 

လောင်စာဆီစျေးနှုန်း၊ အစားအသောက်စျေးနှုန်း၊ လျှပ်စစ်စျေးနှုန်းနဲ့ တခြား မရှိမဖြစ် လိုအပ်တဲ့အရာတွေ စျေးတက်နေတုန်းမှာပဲ လူတွေရဲ့ ဝင်ငွေအများအပြားက အိမ်အကြွေးထဲ ရောက်ကုန်မှာဖြစ်တယ်လို့ Mr Chalmers က Sky News ကို ပြောပါတယ်။ 

ဒီနေ့သတင်းကတော့ အိမ်ဝယ်ထားတဲ့လူတွေအတွက် သတင်းဆိုးဖြစ်မှာလို့ သူက ပြောပါတယ်။ 

 


1 min read

Published

By Rayane Tamer

Source: SBS



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now