SKIP TO MAIN CONTENT

တရားမဝင် မီးရှူးမီးပန်းများကို အာဏာပိုင်တွေ ပစ်မှတ်ထား

ဩစတြေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ နှစ်သစ်ကူးကို အစောဆုံးကြိုဆိုမယ့် နိုင်ငံတစ်ခုထဲပါဝင်ပြီး နှစ်သစ်ကူးပွဲတော်အတွက် မြို့တိုင်းမှာ အစွမ်းကုန်ပြင်ဆင်ကြပေမယ့် အာဏာပိုင်တွေက မီးရှူးမီးပန်းနဲ့ ပတ်သက်လာရင် ကျွမ်းကျင်သူတွေကသာ ကိုင်တွယ် လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

abenteuer lesen kinderbuch kinderbücher vorlesen geschichten geburtstag mamablogger literatur feuerwerk bücherwurm leseratte
Credit: flickr_Epic Fireworks

2 min read

Published

Updated

By Ruth McHugh-Dillon

Source: SBS


Skip to article content

တရားမဝင် မီးရှူးမီးပန်းဖောက်ရာကနေ မတော်တဆမှုတွေ ဖြစ်ရာက ဒဏ်ရာရမှုတွေ၊ မီးလောင်မှုတွေဖြစ်တတ်ပြီး ဟောလီးဒေးရာသီအတွင်း အရေးပေါ် ဌာနတွေအတွက် အလုပ်ထပ်များအောင် လုပ်ဆောင်သလို ဖြစ်စေနိုင်ပါတယ်။

မီးရှူးမီးပန်းတွေကို အများပြည်သူ သွားလာတဲ့ နေရာမှာ မဖောက်ရဆိုတဲ့ စည်းမျဥ်းကို ဩစတြေးလျ တခွင်မှာ သတ်မှတ်ထားတာ ရှိပါတယ်။

တက်စ်မေးနီးယားပြည်နယ်၊ Northern Territory နဲ့ ACT မှာ အကန့်အသတ်များစွာနဲ့ ချွင်းချက်ပေးထားတာမျိုး ရှိပေမယ့် အဲဒီနေရာမှာတောင် ဘယ်သူတွေကသာ မီးရှူးမီးပန်း ဝယ်ခွင့်ရှိတယ်၊ ဘယ်အချိန်မှာ ဘယ်လို အသုံးပြုရမလဲ ဆိုပြီး ကန့်သတ်ချက်တွေ တင်းကြပ်စွာ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ အဲဒီလို ကန့်သတ်မှုတွေ တင်းကြပ်မှုတွေ ထုတ်ပြန်ထားတဲ့ကြားက ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီ နွေရာသီကာလအတွင်း တရားမဝင် မီးရှူးမီးပန်းအသုံးပြုရာက ဒဏ်ရာရသူတွေ များပြားလေ့ရှိပါတယ်။.

Narelle Beer ဟာ WorkSafe Victoria အဖွဲ့က လုံခြုံဘေးကင်းရေးဆိုင်ရာ အကြီးအကဲ တစ်ဦးဖြစ်ပြီး. လူအများအပြားက မီးရှူးမီးပန်းကနေ ကြီးမားတဲ့ ဒဏ်ရာတွေ ရရှိနိုင်တယ်ဆိုတာ သဘောမပေါက်ကြဘူးလို့ ပြောပါတယ်။

တရားမဝင် မီးရှူးမီးပန်းတွေကြောင့် ဒဏ်ရာရလို့ အရေးပေါ်ကုသမှု ခံယူတဲ့ဦးရေ ပြန်များလာနေပါတယ်၊ တရားနဝင် အသုံးပြုမှုကနေ ဒဏ်ကြေးအများအပြား ဆောင်ရတာတွေအပြင် အကျဥ်းကျခံရတာမျိုးလည်း ဖြစ်စေနိုင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဏာရေးနှစ်တုန်းက မီးရှူးမီးပန်းကြောင့် ဒဏ်ရာရသူက ဗစ်တိုးရီးယားပြည်နယ်မှာ ၂၃ ဦး များလာပြီး ရှေ့တစ်နှစ်တုန်းက ၁၆ ဦး ရှိခဲ့တယ်လို့ ပြောပါတယ်။

အဲလို ဒဏ်ရာ ရရှိသူ အများစုဟာ လူငယ်အမျိုးသားတွေ အများဆုံးဖြစ်ပါတယ်။

Monash တက္ကသိုလ်က Victorian Injury Surveillance Unit ရဲ့ သုသေတနအရ ၂၀၁၅ ခုနှစ်နောက်ပိုင်း လူပေါင်း ၁၉၁ ယောက်ကို မီးရှူးမီးပန်းနဲ့ ဆက်စပ်တဲ့ ဒဏ်ရာတွေကို ကုသပေးခဲ့ရတယ်လို့ တွေ့ရှိထားပါတယ်။

ဒဏ်ရာရသူ ၅ ယောက်ထဲက ၄ ယောက်နှုန်းဟာ အသက် ၂၀ နဲ့ ၂၄ နှစ်အကြားရှိသူ အမျိုးသားတွေ ဖြစ်ကြပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ၈၇ ဦးက မီးလောင်ဒဏ်ရာ၊ ၃၀ က မျက်လုံးမှာ ဒဏ်ရာရတာဖြစ်ပြီး ၂၀ ကတော့ တခြား ဒဏ်ရာတွေ ဖြစ်ပါတယ်။.

မီးရှူးမီးပန်းတွေထဲမှာ ဓာတုဝကြွယ်တဲ့ အောက်ဆီဂျင်တွေ ပါဝင်နေပြီး စွမ်းအင်နဲ့ ထိလိုက်တာနဲ့ မီးရှူးမီးပန်းထပေါက်တာ ဖြစ်ပါတယ်။

အဲဒီအထဲက အပူတွေကနေ ရောင်စုံတွေ၊ မီးစတွေနဲ့ အသံတွေ ထွက်လာတာဖြစ်ပါတယ်၊ အောက်ဆီဂျင်ဝနေပြီးသား အရာဖြစ်တဲ့အတွက် အဲဒီလို ဆက်လက် ပေါက်ကွဲနေဖို့ လေတောင်မလိုတဲ့အရာ ဖြစ်ပါတယ်။

အဲဒါတွေကြောင့်လည်း မီးရှူးမီးပန်းဟာ သာမာန်မီးထက် ငြိမ်းသတ်ရတာ ပိုခက်တယ်လို့ ကွင်းစလန်းပြည်နယ် အစိုးရက ပြောပါတယ်။

ဩစတြေးလျနိုင်ငံမှာ ဒီရာသီဟာ နွေရာသီကာလဖြစ်တာကြောင့် တောမီးလောင်မှု အန္တရာယ် စိုးရိမ်နေရတုန်းမှာပဲ မီးရှူးမီးပန်းကနေ အန္တရာယ် ထပ်ရှိနိုင်သေးတာ ဖြစ်ပါတယ်။

Country Fire Authority Victoria ရဲ့ ဒုတိယအကြီးဆုံး အရာရှိ Alen Slijepcevic က တချို့လူတွေဟာ မီးရှူးမီးပန်းကို တရားမဝင် ဝယ်ယူကြပြီး အဲဒီကနေ အဆောက်အဦး မီးလောင်တာတွေ၊ မြက်ခင်းပြင်တွေ၊ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

အရင်နှစ်တုန်းက ဒီလို တရားမဝင် မီးရှူးမီးပန်းကြောင့် ဖြစ်တဲ့ မီးလောင်မှု ၂၇ ခုကို ကူညီခဲ့ရတယ်လို့ ပြောပါတယ်။.

အရေးပေါ် ဌာနမှာ အလုပ်လုပ်တဲ့ အမှုထမ်းတွေဟာလည်း သူတို့ရဲ့ မိသားစုနဲ့ တခြားလူတွေလို အတူတူ နေပြီး ဟောလီးဒေးကို ဖြတ်သန်းချင်ကြပေမယ့် မီးလောင်မှုဖြစ်ရင် လုပ်အားပေးကြတဲ့ မီးသတ်သမားတွေက မိသားစုကို ပစ်ထားပြီး မီးငြိမ်းသတ်ရတာမျိုးတွေ လုပ်ရမှာဖြစ်လို့ ကိုယ်ချင်းစာတဲ့အနေနဲ့ တရားမဝင် မီးပန်းဖောက်တာမျိုး မလုပ်ဖို့ ပန်ကြားထားပါတယ်။

Mr Rooney ကလည်း မီးရှူးမီးပန်း ဖောက်တဲ့ ကိစ္စကို ပရော်ဖက်ရှင်နာတွေသာ လုပ်သင့်ပြီး အဲဒီလူတွေဟာ မီးပန်းကို ကိုင်တွယ်အသုံးပြုဖို့ လိုင်စင်တွေနဲ့ တခြားလိုင်စင်တွေ ရရှိပြီးသားလူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

Mr Slijepcevic ကလည်း တရားဝင်တဲ့ နည်းတွေနဲ့ မီးရှူးမီးပန်းရဲ့ အလှကို ခံစားတာမျိုး အများကြီး လုပ်နိုင်ပြီး အဲဒီအထဲမှာ မဲလ်ဘုန်း၊ ဆစ်ဒနီနဲ့ တခြား မြို့ရဲ့ မီးပန်းတွေကိုလည်း တီဗွီမှာ ပြသတာမျိုး လုပ်ဆောင်နေကြဖြစ်လို့ အန္တရာယ်ကင်းစွာ ရှူစားနိုင်တယ်လို့ ပြောပါတယ်။

ဆစ်ဒနီမြို့ မီးရှူးမီးပန်း ဖောက်ပွဲကို လူ ၁ သန်းလောက် ကြည့်ရှုလိမ့်မယ်လို့ မျှော်လင့်ထားပြီး မဲလ်ဘုန်းမှာ ၄၆၀ ၀၀၀ ဦးလောက် ကြည့်ရှုကြမယ်လို့ ပြောပါတယ်။.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now