SKIP TO MAIN CONTENT

လွှတ်တော်အမတ်အဖြစ်ကနေ နှုတ်ထွက်ဖို့ ဝန်ကြီးချုပ်ဟောင်း ငြင်းဆို

ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Scott Morrison က ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သက်တမ်းအတွင်း ဝန်ကြီးဌာန ၅ ခု ရဲ့ ဝန်ကြီးအဖြစ်လည်း ကျမ်းသစ္စာကျိန်ဆိုမှု ရှိခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ဝေဖန်မှုတွေရှိပေမယ့် လွှတ်တော်အမတ် အဖြစ်ကနေ နှုတ်ထွက်ဖို့ ငြင်းဆန်နေပါတယ်။

SCOTT MORRISON
Former Australian prime minister Scott Morrison during a press conference at Parliament House in Canberra. (file) Source: AAP / LUKAS COCH/AAPIMAGE

2 min read

Published

Updated

By Mu Laing Thein

Source: SBS


Skip to article content

၂၀၂၀ မတ်လ နဲ့ ၂၀၂၁ ခုနှစ် မေလ အကြားမှာ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ စကော့မော်ရီဆန်ဟာ ဝန်ကြီးဌာန ၅ ခုရဲ့ ဝန်ကြီးအဖြတ် လျို့ဝှက်စွာ ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

လျို့ဝှက်တဲ့ လုပ်ရပ်ကြောင့် လွှတ်တော်အမတ် အဖြစ်ကနေ နှုတ်ထွက်သင့်တယ်လို့ ေပြာဆိုသူတွေ ရှိေပမယ့် စကော့မော်ရီဆန်က နှုတ်ထွက်ဖို့ ငြင်းဆန်နေပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေကို အသိမပေးမိတာတွေနဲ့ ပြည်သူတွေကို အသိမပေးခဲ့တဲ့အတွက် တောင်းပန်လိုက်ပေမယ့် အရေးပေါ် လိုအပ်ချက်ကြောင့် လုပ်ဆောင်တာဖြစ်လို့ တရားဝင်သလို မိမိရဲ့ ကိုယ်ကျုိးအတွက် လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ခုခံပြောဆိုလိုက်ပါတယ်။

လျို့ဝှက်စွာ ဝန်ကြီးဌာန ၅ ခုရဲ့ ဝန်ကြီးအဖြစ် လုပ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီးတဲ့နောက်ပိုင်း Mr Morrison ရဲ့ အိမ်ရှေ့မှာ မီဒီယာတွေ တချိန်လုံး စောင့်ကြည့်နေတာနဲ့ ဆက်စပ်ပြီး သူက သူလုပ်တဲ့ကိစ္စက သူနဲ့သာ ဆိုင်တဲ့အတွက် သူ့မိသားစုကို မနှောင့်ယှက်ကြဖို့လည်း ဒီနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပန်ကြားလိုက်ပါတယ်။

လက်ရှိဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီရဲ့ အဆိုအရ

ဝန်ကြီးချုပ်ဟောင်းဟာ ၂၀၂၀ ခုနှစ် မတ်လ ၁၄ ရက်တုန်းက ကျန်းမာရေးဝန်ကြီးအဖြစ် ကျမ်းကျိန်ခဲ့ပြီး ၂၀၂၀ မတ်လ ၃၀ ရက်မှာ ငွေရေးကြေးရေးဝန်ကြီး၊ ၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီး၊ ၂၀၂၁ ခုနှစ် မေလ ၆ ရက်မှာပဲ ဘဏ္ဏာရေးဝန်ကြီးနဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်မှာ Industry science energy and resources ဝန်ကြီးအဖြစ် ကျမ်းကျိန်ခဲ့တယ်လို့ ပြောပြပါတယ်။

ဝန်ကြီးချုပ်ဟောင်း Mr Morrison ရဲ့ လုပ်ဖော်ကိုင်ဖက် တချို့က သူတို့ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ကို မသိခဲ့ရတဲ့အကြောင်းသူတို့ ဝန်ကြီးအဖြစ် ထမ်းဆောင်နေတာတောင် အဲဒါတွေကို မသိခဲ့ရဘူးလို့ ပြည်ထဲရေးဝန်ကြီးဟောင်း Karen Andrews က ပြောပြပါတယ်။

ဝန်ကြီးဌာန ၅ ခုရဲ့ ဝန်ကြီးအဖြစ် ကျမ်းကျိန်ရတဲ့ အကြောင်းပြချက် ကောင်းကောင်း ရှိမှာဖြစ်ပေမယ့် အဲဒီဝန်ကြီးဌာနတွေမှာ နေရာယူထားတဲ့ ဝန်ကြီးတွေကို အသိမပေးတာေတွနဲ့ ပြည်သူတွေကို အသိပေးတာမျိုး မလုပ်တာတွေက လက်ခံနိုင်စရာမရှိတဲ့အကြောင်း

ဘာကြောင့် ဒီလို လုပ်ဆောင်ရသလဲ ဆိုတာကို အများသိအောင် ချပြသင့်တယ်လို့ ပြောပါတယ်။

လွှတ်တော်ကနေ ထွက်ခွာသွားသင့်တယ်လို့သာ မြင်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဝနကြီးဌာန ၅ ခုရဲ့ ဝန်ကြီးအဖြစ် လျို့ဝှက်စွာ ကျမ်းကျိန်ရာမှာ အဓိက ပါဝင်ပေးတဲ့ ရှေ့နေချုပ် David Hurley ရဲ့ လုပ်ရပ်ကိုလည်း စိတ်ဝင်စားနေကြပြီး ဘာကြောင့် အဲဒီလို လုပ်ခွင့်ပေးသလဲ ဆိုတာကိုလည်း သိချင်နေကြပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီး အစိုးရရဲ့ ဥပဒေအကြံပေး solicitor-generaက လာမယ့် တနင်္လာနေ့ကြရင် ဝန်ကြီးချုပ် အန်ထောနီ အယ်ဘာနီဇီကို သူ့ရဲ့ အကြံပြုချက် တင်ပြမှာ ဖြစ်ပါတယ်။

ရှ့နေချုပ် အနေနဲ့ လုပ်ခွင့်ရှိကြောင်း သက်သေအထောက်အထားရှိရင် အဲလို ကျမ်းကျိန်တာဟာ တရားဝင်ပေမယ့် ပွင့်လင်းမြင်သာမှုမရှိပဲ လျို့ဝှက်စွာ လုပ်ဆောင်တာက လူတွေအတွက် မေးခွန်းထုတ်စရာ ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now