SKIP TO MAIN CONTENT

သြစတြေးလျားပြည်သူ ၇၀% ကာကွယ်ဆေးအပြည့်အဝထိုးပြီးမှ လွတ်လပ်မှုပိုရလာမယ်လို့ Scott Morrison အတည်ပြု

သြစတြေးလျားပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေထဲကနေ လွတ်မြောက်ဖို့အတွက် ပစ်မှတ်ထားတဲ့အစီအစဉ်တွေကို အစိုးရကက်ဘိနက်အဖွဲ့က သဘောတူညီမှုရရှိခဲ့ကြတယ်လို့ ဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။

Prime Minister Scott Morrison speaks to the media during a press conference at the Lodge in Canberra.
Prime Minister Scott Morrison speaks to the media during a press conference at the Lodge in Canberra. Source: AAP

1 min read

Published

Updated

By Rashida Yosufzai

Presented by Shah Paung



Skip to article content

လူဦးရေ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်အဝထိုးပြီးတဲ့အချိန်ကျမှပဲ ကမာ္ဘ အနှံ့ဖြစ်ပွားတဲ့ရောဂါ ပြသနာကို ကိုင်တွယ်ဖြေရှင်းရာမှာ သြစတြေးလျားတွေအနေနဲ့ အဆင့်နောက်တဆင့်ဖြစ်တဲ့ ပိတ်ချမှုတွေနဲ့ ပြည်တွင်းနယ်စပ်ကန့်သတ်ချက်တွေထဲကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

အချိန်အကြာကြီးဆွေးနွေးခဲ့ရတဲ့ အစိုးရကက်ဘိနက်အဖွဲ့ရဲ့ သောကြာနေ့အစည်းအဝေး ပြီးတဲ့နောက်မှာပဲ လူဦးရေ ၇၀ရာခိုင်နှုန်း ကာကွယ်ဆေးထိုးရမယ်ဆိုတဲ့ ပစ်မှတ်အစီအစဉ်ကို သဘောတူခဲ့တာဖြစ်ကြောင်း ဝန်ကြီးချုပ် Scott Morrison ကအတည်ပြုပြောကြားခဲ့ပါတယ်။

အဆင့်နောက်တဆင့်ကို တိုးနိုင်ဖို့အတွက် တနိုင်ငံလုံးလူဦးရေ ၇၀ရာခိုင်နှုန်းပြည့် တဲ့အထိ ကာကွယ်ဆေးထိုးရမှာဖြစ်သလို ပြည်နယ်တခုချင်းစီကလည်း မိမိရဲ့ လူဦးရေ အချိုးနဲ့ညီတဲ့ သတ်မှတ်ရာခိုင်နှုန်းပြည့်ရမှာဖြစ်ပါတယ်။

ကမာ္ဘ အနှံ့ဖြစ်ပွားတဲ့ရောဂါပြသနာထဲကနေရုန်းထွက်နိုင်ဖို့အတွက် အစိုးရက အဆင့် ၄ဆင့် ချမှတ်ထားပြီး လက်ရှိမှာတော့ သြစတြေးလျားနိုင်ငံဟာ ရောဂါကူးစက်ဖြစ်ပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းနေရတဲ့ ပိတ်ချမှုနဲ့ ရောဂါခြေချုပ် ကွာရင်တင်း လုပ်ဆောင်နေရဆဲကာလ အဆင့် A မှာပဲရှိနေသေးတာဖြစ်ပါတယ်။

သြစတြေးလျားနိုင်ငံအတွင်း ကာကွယ်ဆေးအပြည့်အဝထိုးပြီးတဲ့ လူဦးရေ ၇၀ရာခိုင်နှုန်း ရှိမှသာလျင် နောက်ထပ် တဆင့်ဖြစ်တဲ့ အဆင့် B ကို ဆက်တိုးလို့ရမှာဖြစ်တယ်လို့ Mr Morrison ကပြောပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့လူဦးရေ ၈၀ ရာခိုင်နှုန်းပြည့်မှသာလျင် အဆင့် C ကိုရောက်နိုင်မှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာတော့ သြစတြေးလျားနိုင်ငံအတွင်း ကာကွယ်ဆေးအပြည့်အ၀ ထိုးပြီးတဲ့လူဦးရေဟာ ၁၆ရာခိုင်နှုန်းသာရှိပါသေးတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now