SKIP TO MAIN CONTENT

ကိုဗစ်-၁၉ ကူးစက်သူဦးရေနဲ့ ဆေးရုံတက်ရသူဦးရေ များလာပြီးနောက် စိတ်အေးအေးထားကြဖို့ ဝန်ကြီးချုပ်တိုက်တွန်း

ကိုဗစ်-၁၉ ကူးစက်သူဦးရေ များပြားလာသလို ဆေးရုံတင်ထားရသူ ဦးရေလည်း များပြားလာနေပေမယ့် စိတ်ငြိမ်ငြိမ်ထားကြဖို့ ဝန်ကြီးချုပ် Scott Morrison က တိုက်တွန်းထားပါတယ်။

Healthcare workers administer COVID-19 PCR tests at the St Vincent’s Drive-through Clinic at Bondi Beach in Sydney on 1 January 2022.
Healthcare workers administer COVID-19 PCR tests at the St Vincent’s Drive-through Clinic at Bondi Beach in Sydney on 1 January 2022. Source: AAP

2 min read

Published

Source: SBS News



Skip to article content

နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၂၀၇၉ ၄ ဦး ရှိပြီး ၄ ဦး သေဆုံးရသလို ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်သူ ၈၅၇၇ ဦးရှိပြီး ၃ ဦး ထပ်မံသေဆုံးရပါတယ်။

ကွင်းစလန်းပြည်နယ်မှာ ကူးစက်သူ ၄၂၄၉ ဦးရှိပြီး ၁ ဦး သေဆုံးရသလို ACT နဲ့ Tasmania ပြည်နယ်တို့မှာလည်း ကူးစက်မှု မြင့်မားလာနေပါတယ်။

နယူးဆောက်သ်ဝေးလ်မှာ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရတဲ့ ကိုဗစ်-၁၉ လူနာက ၈၃ ဦးကနေ ၉ ၅ ဦးတိုးလာပြီး ဗစ်တိုးရီးယားပြည်နယ်မှာ လူ ၅၆ ယောက် အထူးကြပ်မတ်ဆောင်မှာ ကုသနေရပြီး ၂၄ ဦးကတော့ ventilators ကို အသုံးပြုနေရပါတယ်။

ကွင်းစလန်းပြည်နယ်မှာ လူ ၁၀ ဦး အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။

ကွင်းစလန်းပြည်နယ် ကျန်းမာရေးအရာရှိချုပ် John Gerrard ရဲ့အဆိုအရ Gold Coast မြို့မှာ နေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ရောဂါလို့ ထင်ရတဲ့ရောဂါနဲ့ ရုတ်တရက် သေဆုံးသွားတယ်လို့ ပြောဆိုလိုက်ပြီး စစ်ဆေးမှုတွေ လုပ်နေတုန်းပဲလို့ ပြောပါတယ်။

လူငယ်တစ်ဦးအနေနဲ့ ကိုဗစ်-၁၉ ရောဂါကနေ ရုတ်တရက် သေဆုံးရတယ်ဆိုတာကတော့ အင်မတန်ကို ရှားပါးတဲ့ ဖြစ်စဉ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ဘာဖြစ်သလဲ ဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Annastacia Palaszczuk က ဒီလို သေဆုံးမှုတွေကို ကြည့်ခြင်းအားဖြင့် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တာရာယ်ကို သတိပြုကြဖို့ ပြောဆိုပြီး ကာကွယ်ဆေး ၂ ချောင်းပဲ ထိုးရသေးရင် တတိယမြောက်အချောင်းကို ထိုးကြဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ 

Tasmania နဲ့ ACT မှာလည်း ကူးစက်မှု စံချိန်တင် မြင့်မားနေ

Tasmania,ပြည်နယ်မှာ ကူးစက်သူ ၄၆၆ ဦးတိုးလာပြီး ၂ ဦးကို ဆေးရုံတင်ထားရပါတယ်။ အဲဒီအထဲက အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ဟိုဘတ်မြို့ ဆေးရုံရဲ့ အရေးပေါ်ဆောင်မှာ ကုသနေရပေမယ့် အခြေအနေကောင်းလို့ ဆေးရုံကနေ ဆင်းရမယ့်အနေအထား ဖြစ်နေပြီလို့ ဆိုပါတယ်။

ACT မှာ ကူးစက်သူ ၅၁၄ ဦးတိုးလာပြီး ဆေးရုံတင်ထားရသူ ၁၁ ဦး ရှိလာပါတယ်။

အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေသူ ၂ ဦးထဲက တစ်ဦးဟာ ventilator ကို အသုံးပြုနေရပါတယ်။

Western Australia ပြည်နယ်မှာတော့ ကိုဗစ် တပ်လှန့်မှုအဆင့်ကို ဒုတိယ အမြင့်ဆုံးအဆင့် သတ်မှတ်ထားပြီး နယ်စပ်ဝင်ခွင့်ကိုလည်း ထပ်မံတင်းကြပ်လိုက်ပါတယ်။

ပြည်နယ်ထဲ ဝင်လာချင်ရင် ကာကွယ်ဆေး အပြည့်အဝထိုးထားရမှာဖြစ်သလို ဝင်ခွင့်ရပြီး ၂၄ နာရီအတွင်း PCR စစ်ဆေးမှုခံယူပြီး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က စိတ်ငြိမ်ငြိမ်ထားကြဖို့ တိုက်တွန်း

ဝန်ကြီးချုပ် Scott Morrison က ဆေးရုံတက်ရတဲ့ လူဦးရေ များပြားလာတာနဲ့ ပတ်သက်ပြီး စိတ်အေးအေးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သြစတြေးလျနိုင်ငံတလွှားမှာ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတင်ထားရသူ ၁၇၆၉ ဦးရှိပြီး အဲဒီအထဲက အယောက် ၁၀၀၀ လောက်ဟာ NSW မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က ရောဂါကူးစက်မှု များလာပေမယ့် ဒီမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရောဂါက ဒယ်လ်တာ မျိုးကွဲလောက် မပြင်းထန်ဘူးဆိုတာကို သိရတဲ့အကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရောဂါရှိသူ တစ်ဦး တက်ရောက်ခဲ့တဲ့အတွက် ဝန်ကြီးချုပ် Morrison ကိုယ်တိုင်ဟာလည်း ရောဂါလက္ခာဏာကို အနီးကပ်စောင့်ကြည့်နေပါတယ်။

PM Scott Morrison
PM Scott Morrison. Source: AAP Image/Dan Himbrechts

အစိုးရအနေနဲ့ booster shots ထိုးကြဖို့ကိစ္စ၊ နေအိမ်မှာပဲ မိမိဖာသာ ရောဂါရှိမရှိ စစ်ဆေးနိုင်မယ့် rapid antigen tests (RATs) တွေ လုပ်နိုင်ဖို့နဲ့ ဆေးရုံတွေမှာ လူနာတွေနဲ့ နိုင်နိုင်နင်းနင်းရှိဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

လာမယ့် ဗုဒ္စဟူးနေ့ကြရင်လည်း ဝန်ကြီးများအဖွဲ့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

မိမိဖာသာ ရောဂါရှိမရှိ စစ်ဆေးလို့ရတဲ့ Rapid Antigen Test kit တွေ လုံလုံလောက်လောက် ရရှိဖို့အတွက် အခုပေါင်း ၈၄ သန်းကို မှာယူထားပြီလို့လည်း အစိုးရက ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now