ဗစ်တိုးရီးယားမှာ ၁၄၃၈ ဦး ကူးစက်၊ AFL ဗိုလ်လုပွဲရက်မှာ တရားမဝင် စုဝေးကြလို့ ပိုကူးစက်ကြလို့ဆို

ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ၁၄၃၈ ဦး ကူးစက်ပြီး ၅ ဦး သေဆုံးခဲ့ရပါတယ်။ သောကြာနေ့တုန်းက ကူးစက်သူ ၉ ၅၀၊ အင်္ဂါနေ့မှာ ၈၆၇ ဦးရှိပြီး ဒီလို ကူးစက်မှုများလာတာဟာ AFL ဘောလုံးရဲ့ ဗိုလ်လုပွဲ ရုံးပိတ်ရက်ရှည်မှာ လူတွေ တရားမဝင် စုဝေးမှုလုပ်ခဲ့ကြလို့ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Jeroen Weimar has called the jump in cases a “significant” setback in Victoria's reopening plan.

Victoria has reported its highest daily caseload of the coronavirus outbreak. Source: AAP

ဝန်ကြီးချုပ် ဒန်နရာယ်လ် အင်ဒြူးစ်က သူ့အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်လိုပဲ အချိန်တိုအတွင်း ဘာကြောင့် ဒီလောက် ကူးစက်မှုနှုန်း များလာရသလဲဆိုတာကို ရှင်းပြရုံသက်သက်သာဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၁၀၁၈ ဦး ရှိသွားပြီး လက်ရှိ ကူးစက်ပြန့်နှံ့မှုကြောင့် သေဆုံးရသူက ၄၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ကူးစက်မှုနှုန်း များလာတဲ့အတွက် ဒါဟာ တင်းကြပ်မှုတွေကို ဖြေလျှော့ပေးမှုကို နှောင့်နှေးစေနိုင်တယ်လို့ ပြည်နယ်ရဲ့ COVID-19 commander ဖြစ်သူ Jeroen Weimar က ပြောပါတယ်။
လူတိုင်းက စိတ်ပင်ပန်းနေကြပြီ ဆိုတာကို သိပေမယ့် ဒီလို ကူးစက်မှုနှုန်း များလာတာဟာ ရောဂါတိုက်ဖျက်ရေး စီမံမှုအတွက် အနှောင့်အယှက်ဖြစ်စေပြီး ဒီအတိုင်း ဆက်လက်သာ ကူးစက်မှု များနေရင် သူနာပြုတွေ၊ အရေးပေါ် ယာဉ်လုပ်သားတွေ၊ ဆေးရုံက အမှုထမ်းတွေနဲ့ စောင့်ရှောက်မှု ခံယူနေတဲ့ လူတွေအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရောဂါ ဘယ်လိုကနေ ဘယ်လို ကူးစက်တယ်ဆိုတာကို ခြေရာခံတဲ့အခါမှာ လူတွေက ဖူတီ ဘောလုံး ဗိုလ်လုပွဲနေ့မှာ တရားမဝင် စုဝေးတွေ့ဆုံမှုတွေ လုပ်ခဲ့ကြတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီလို လည်ပတ်မှုတွေကနေ ခန့်မှန်းထားတဲ့ ဦးရေထက် ရောဂါကူးစက်သူ ဦးရေ ၅၀၀ ပိုများနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
တကယ်တော့ ဒီလို ကူးစက်မှုတွေဟာ ကြိုတင်ရှောင်ရှားလို့ရတဲ့ အရာတွေဖြစ်တယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
Victorian Premier Daniel Andrews says many of the new COVID-19 cases were "completely avoidable".
Authorities have suggested illegal gatherings over the grand final long weekend may have contributed to the steep jump in COVID-19 cases. Source: AAP

Pfizer ကာကွယ်ဆေး ဒုတိယချောင်းထိုးမယ့် ကြာချိန်ကို လျှော့ချပေး

ဗစ်တိုးရီးယား ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု များလာတဲ့အတွက် အောက်တိုဘာလ ၄ ရက်ကစပြီး Pfizer ကာကွယ်ဆေး ဒုတိယတစ်ချောင်းကို ၆ ပတ်အကြာမှ ထိုးမယ့်အစား ရက်ရှေ့တိုးပြီး လုပ်နိုင်တယ်လို့ အစိုးရက ပြောပါတယ်။
Moderna အခုပေါင်း ၈၈၀၀၀ ကိုလည်း ဆေးဆိုင်တွေကနေ အစိုးရပိုင် ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေဆီ လွဲယူပြီး ထိုးပေးမယ်လို့ ပြောပါတယ်။ ဆေးဆိုင်တွေမှာ မြန်မြန်ဆန်ဆန် မထိုးပေးနိုင်တဲ့အတွက် ဖြစ်ပါတယ်။
တစ်ပြည်နယ်လုံးမှာ အသက် ၁၆ နှစ်ကျော်သူ လူဦးရေ ၈၀% ကျော် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်း ထိုးထားတဲ့အတွက် ပြည်နယ်အတွင်းမှာ ကာကွယ်ဆေးထိုးသူ ဦးရေ ၇၀% ပြည့်မယ့်အလားအလာ များနေတယ်လို့ ပြောပါတယ်။ အခုလောလောဆယ် အသက် ၁၆ နှစ်ကျော်သူ လူဦးရေ ၅၀% နီးပါး ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။

အောက်တိုဘာလကုန်လောက်ကြရင် လူဦးရေ ၇၀% လောက် ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြမယ်လို့ မျှော်လင့်နေပြီး အဲဒီအနေအထားရောက်ရင်တော့ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းတွေ လျှော့ချပေးဖို့ မျှော်လင့်ချက်တွေ ရှိလာနိုင်ပါတယ်။
ဗုဒ္စဟူးနေ့တုန်းက ရောဂါရှိမရှိ စစ်ဆေးမှုခံသူ ၆၅၄၉ ၇ ဦးရှိပြီး ကာကွယ်ဆေးအလုံးပေါင်း ၃၄၃၂၃ ကို ထိုးပေးနိုင်ခဲ့ပါတယ်။
ကြာသပတေးနေ့ သေဆုံးသူတွေထဲက တစ်ဦးက အသက် ၉ ၀ ဝန်းကျင်တစ်ဦး၊ အသက် ၈၀ ဝန်းကျင်တစ်ဦး၊ အသက် ၇၀ ဝန်းကျင်နှစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင်တစ်ဦးတို့ ဖြစ်ကြပါတယ်။
အခုလောလောဆယ် ဆေးရုံတင်ထားရသူ ၃၉ ၈ ဦးရှိပြီး ၈၃ ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပြီး ၅၇ ဦးက ventilator ကို အသုံးပြုနေရပါတယ်။

လူငယ်တွေလည်း ကူးစက်မှုများလာ

ဗစ်တိုးရီးယားပြည်နယ်မှာ ဖြစ်နေတဲ့ ကူးစက်မှုအသစ်တွေက လူငယ်တွေအကြား ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အသက် ၂၀ ကနေ ၂၉ နှစ်နဲ့ အသက် ၂၀ ကနေ ၅၀ အကြားလူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ကူးစက်မှုတွေထဲက ၅၅% လောက်ဟာ အသက် ၂၀၊ ၃၀ နဲ့ ၄၀ ဝန်းကျင်ရှိသူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။
ကူးစက်မှုအသစ် ၁၀ ခုထဲက ၆ ခုဟာ မဲလ်ဘုန်းမြို့ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ ဖြစ်နေတာလို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေအတွက် ပံ့ပိုးမှု တိုးချဲ့

သတ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးမှုနှုန်း မရောက်မခြင်း ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရက စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးမှု လုပ်နေရပြီး အခုအခါမှာ အဲဒီ ပံ့ပိုးမှုကို ၆ ပတ်ကြာ သက်တမ်းတိုးထားပါတယ်။
အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းအတွက် ဒေါ်လာ ၂.၂၇ သန်း အထိ ချမှတ်ပေးဖို့ ကြေညာခဲ့ပါတယ်။
ကာကွယ်ဆေးထိုးသူ ၇၀% က အောက်တိုဘာလ ၂၆ ရက်မှာ ပြည့်မယ်လို့ ခန့်မှန်းထားပြီး ၈၀%က နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြည့်မယ်လို့ ခန့်မှန်းထားပါတယ်။
ပြည်နယ်အတွင်းက လုပ်ငန်းပေါင်း ၁၆၀၀၀၀ လောက် အစိုးရက ပံ့ပိုးကြေးကို လက်ခံရရှိကြမှာဖြစ်ပြီး အဲဒီအထဲမှာ လက်လီအရောင်းဆိုင်၊ gym၊ ဆံပင်ညပ်ဆိုင်နဲ့ ဟိုတယ်လို လုပ်ငန်းတွေကအစ ရရှိကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ကစပြီး Greater Sydney မှာ ရောက်နေတဲ့ ဗစ်တိုးရီးယားပြည်နယ်သားတွေအနေနဲ့ ပြည်နယ်အတွင်း ပြန်ဝင်ချင်ရင် ကာကွယ်ဆေး နှစ်ချောင်းထိုးထားကြောင်း သက်သေပြပြီး ပြန်မလာခင် ၇၂ နာရီအလိုမှာ ကိုဗစ်-၁၉
ရောဂါမရှိကြောင်း သက်သေပြနိုင်ရင် ပြန်လာခွင့်ရမှာဖြစ်ပေမယ့် နေအိမ်မှာ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။

With AAP


Share

Published

By Caroline Riches
Source: SBS News

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service