Optus က customer အယောက် ၁၀ သန်းအနက် လူပေါင်း ၂.၁ သန်း ရဲ့ အချက်အလက်တွေ အခိုးခံရတဲ့အကြောင်း ဖော်ပြလိုက်ပြီး ၇.၇ သန်းလောက်ဟာ လက်ရှိအသုံးပြုတဲ့ ID အချက်အလက်တွေ ပေါက်ကြားခဲ့ခြင်းမရှိဘူးလို့ ဒီတနင်္လာနေ့မှာဖော်ပြလိုက်ပါတယ်။
အဲဒီတော့ လူပေါင်း ၁.၂ သန်းလောက် အချက်အလက် အခိုးခံရတာဖြစ်ပေမယ့် အဲဒီအထဲက အယောက် ၉၀၀၀၀၀ လောက်ရဲ့ အချက်အလက်တွေဟာ အဟောင်းတွေ ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း ဒါရိုင်ဘာလိုင်စင် အခိုးခံရတဲ့ လူတွေဆီကို မက်ဆေ့ချ်တွေ ပို့နေတာဖြစ်ပြီး ဘယ်လို အချက်အလဲတွေ အခိုးခံရတဲ့အကြောင်း၊ ဘာတွေဆက်လုပ်သင့်သလဲ ဆိုတဲ့အကြောင်းတွေ ပါရှိပါတယ်။
"Cyberattack update: Confirming only the licence number on your Driver Licence was exposed, not the card number. Your State or Territory government will provide advice on any action that you may need to take via their website." ဆိုတဲ့ မက်ဆေ့ချ်မျိုး ရရှိကြမှာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ ဒါရိုင်ဘာလိုင်စင်နံပတ် အခိုးခံရပေမယ့် ကဒ်နံပါတ်တွေ မပါတဲ့အကြောင်း၊ သင်နေထိုင်ရာ ပြည်နယ် သို့ အထူးဒေသ အစိုးရကနေ ဘာတွေ လုပ်ဆောင်သင့်တဲ့အကြောင်းကို သူတို့ရဲ့ ဝဘ်ဆိုက်ပေါ်မှာ လမ်းညွန်မှုပေးထားတဲ့အကြောင်း ရေးထားတာ ဖြစ်ပါတယ်။
Optus ဆီက မက်ဆေ့ချ်က ဘာကို ဆိုလိုသလဲ။
Optus ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒါရိုင်ဘာလိုင်စင် အခိုးခံရတဲ့အခါ ဘာလုပ်သင့်သလဲ ဆိုတဲ့အကြောင်းကို NSW, ACT, SA, NT, WA နဲ့ Tasmania ပြည်နယ် အစိုးရတို့နဲ့ ဆက်လက် ဆွေးနွေးပြောဆိုမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။
ဖက်ဒရယ်အစိုးရအပြင် ပြည်နယ်နဲ့ အထူးဒေသ အစိုးရတွေရဲ့ ဆွေးနွေးမှုအရ ဒါရိုင်ဘာလိုင်စင် ပေါက်ကြားသွားတဲ့လူတွေအနေနဲ့ မိမိနေထိုင်ရာ ပြည်နယ်နဲ့ အထူးဒေသ အစိုးရရဲ့ ဝဘ်ဆိုက်ကို သွားပြီး အကြံဥာဏ်တွေရယူကြဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။
ဒါမှမဟုတ် လိုင်စင်ထုတ်ပေးတဲ့ ဌာနကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
လူပေါင်း ၇.၇ သန်းရဲ့ အီးမေးလ်လိပ်စာ၊ မွေးသက္ကရာဇ်နဲ့ ဖုန်းနံပတ်တွေ အခိုးခံရပေမယ့် တခြား ID နံပတ်တွေ အခိုးမခံရဘူးလို့ ပြောပါတယ်။
Optus က လူတွေကို သတိကြီးကြီး ဆက်ထားဖို့နဲ့ ရရှိတဲ့ မက်ဆေ့ချ်တွေကို သေချာ ဆန်းစစ်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
Optus အနေနဲ့ ဝဘ်ဆိုက်လင့်ခ်တွေနဲ့ အချက်အလက်တွေ (ဥပမာ လျို့ဝှက်နံပါတ်) တွေကို ထပ်တောင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
တခါတရံ Optus လို ဟန်ဆောင်ပြီး စာပို့လာတာမျိုး ရှိပေမယ့် အီးမေးလ်လိပ်စာကို သေချာစိစစ်ကြည့်ဖို့တိုက်တွန်းထားပါတယ်။
Sim card အသစ်လဲဖို့ အကြံအဖန်ပြောဆိုတာမျိုးလည်း ရှိတဲ့အတွက် သတိထားကြဖို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။
မက်ဆေ့ချ်ရတဲ့အခါ ဘာလုပ်ရမလဲ၊ ဘယ်သူက ကုန်ကျခံပေးရမလဲ
ဒါရိုင်ဘာလိုင်စင်နံပါတ် အခိုးခံရရင် အသစ်ပြန်လုပ်ကြဖို့ Optus က တိုက်တွန်းထားပါတယ်။
မိမိနေထိုင်ရာ ပြည်နယ် သို့ ဒေသအပေါ် မူတည်ပြီး လိုင်စင်နံပါတ် လဲခ အခမဲ့ ဖြစ်နိုင်သလို ပိုက်ဆံပေးရမယ်ဆိုရင်လည်း
Optus ရဲ့ အဲဒီအဖိုးအခကို ဘဏ်အကောင့်ထဲ ပြန်လွဲပေးမှာ ဖြစ်ပါတယ်။
လိုင်စင်လဲလိုက်ပါလို့ Optus က အကြံမပြုထားရင် လဲစရာမလိုဘူးလို့ ပြောပါတယ်။
လဲလှယ်ဖို့ ပြောတဲ့လူတွေကိုသာ ကုန်ကျစရိတ် ကာပေးမယ်လို့လည်း ပြောပါတယ်။
ပြည်နယ်အလိုက် အကြံပေးချက်များ
Queensland: Queenslander မှာနေထိုင်သူတွေအနေနဲ့ အချက်အလက် အခိုးခံရရင် Department of Transport and Main Roads ကနေ ဒါရိုင်ဘာလိုင်စင် အသစ်နဲ့ လိုင်စင်နံပါတ်အသစ်ကို ထုတ်ပေးမယ်လို့ သိရပါတယ်။
Customer Service Centre ကို ဆက်သွယ်ပြီး အချက်အလက် ပေါက်ကြားခံရတယ်လို့ အကြောင်းကြားထားတဲ့ Optus ဆီက အီးမေးလ် ဒါမှမဟုတ် မက်ဆေ့ချ်ကို သက်သေအနေနဲ့ ပြရမှာဖြစ်သလို တခြား ID ကဒ်တွေလည်း ပြရမှာ ဖြစ်ပါတယ်။
လိုင်စင်အသစ်ကို အခမဲ့ဆောင်ရွက်ပေးမှာဖြစ်ပြီး ကွင်းစလန်းပြည်နယ်မှာ ၂၀၂၃ ခုနှစ်နောက်ပိုင်း အဆင့် ၂ ဆင့်ပါတဲ့ authentication system ကို အသုံးပြုမှာ ဖြစ်ပါတယ်။
NSW: နယူးဆောက်ဝေးလ်ပြည်နယ်မှာ Optus ရဲ့ အချက်အလက်တွေ အခိုးမခံရရင် စက်တင်ဘာလ ၁ ရက်ကတည်းက လူတစ်ယောက်ရဲ့ အိုင်ဒီကို စိစစ်ဖို့အတွက် လိုင်စင်ကဒ်အပြင် လိုင်စင်နံပါတ်ပါလိုတယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။
Optus ဆီကနေ လိုင်စင်အသစ်ပြောင်းဖို့ အကြံပြုစာရရှိထားသူတွေအတွက် အသစ်လဲပေးမယ်လို့ Department of Customer Service က ပြောပါတယ်။
အဲဒီအတွက် ၂၉ ဒေါ်လာ ပေးရမှာဖြစ်ပေမယ့်
Optus က ရက်ပိုင်းအတွင်း ပြန်ပေးရမှာ ဖြစ်ပါတယ်။
Victoria: VicRoads ရဲ့ အဆိုအရ ဘယ်သူတွေ လိုင်စင်အချက်အလက် အခိုးခံရသလဲဆိုတဲ့အကြောင်း Optus က သူတို့ကို အကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။
လိုင်စင်တွေထဲမှာ ဗစ်တိုးရီးယားပြည်နယ် တစ်ခုတည်းကသာ လိုင်စင်နံပါတ်တစ်ခုတည်းရှိပြီး ကဒ်နံပါတ် သီးသန့်မရှိဘူးလို့ သိရပါတယ်။
အဲဒီတော့ ဗစ်တိုးရီးယားကလူတွေအနေနဲ့ လိုင်စင်ကိုသာ အစားထိုးဖို့လိုပြီး ကဒ်ကို အစားထိုးဖို့ မလိုဘူးလို့ သိရပါတယ်။
Department of Transport နဲ့ VicRoads က online form တစ်ခု ထားရှိပေးထားပြီး ဒါရိုင်ဘာ လိုင်စင်အခိုးခံရတဲ့အကြောင်း အသိပေးပြီး ကာကွယ်ခိုင်းတာမျိုး လုပ်ဆောင်နိုင်ပါတယ်။
ဒီတနင်္လာနေ့အထိ လူေပါင်း ၁၄၅၀၀၀ က သူတို့ရဲ့ လိုင်စင်ကို မှတ်ပုံတင်ထားကြပြီလို့ ဆိုပါတယ်။
ဓာတ်ပုံအသစ် ရိုက်ဖို့အတွက် စင်တာအထိ သွားစရာမလိုပဲ လက်ရှိ ဓာတ်ပုံကို VicRoads က လုံခြုံရေး အထပ်ထပ်နဲ့ သိမ်းဆည်းထားတဲ့အတွက် အဲဒီဓာတ်ပုံကိုပဲ ပြန်လည်အသုံးပြုမှာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ဆောင်မှုအတွက် ကုန်ကျစရိတ် အားလုံးကို
Optus ကျခံပေးရမယ်လို့ဗစ်တိုးရီးယား အစိုးရက ပြောပါတယ်။
ACT: ACT မှာတော့ လိုင်စင်နံပါတ်ပဲ အခိုးခံရတယ်လို့ a Optus က ပြောရင် လိုင်စင် အသစ်နဲ့ အစားထိုးစရာမလိုဘူးလို့ ပြောပါတယ်။ ACT မှာက လိုင်စင်နံပါတ်ဆိုတာ ကိုယ်ရဲ့ တသက်စာ နံပါတ်ဖြစ်ပြီး ကဒ်နံပါတ်ကသာ သက်တမ်းကုန်တဲ့အခါမှာ ပြောင်းလဲတာ ဖြစ်တယ်လို့ ပြောပါတယ်။
လိုင်စင်အသစ်နဲ့ အစားထိုးရင် ၄၂.၆၀ ဒေါ်လာ ကုန်ကျခံရမှာဖြစ်ပြီး အဲဒီကုန်ကျမှုကို Optus က နောက်တစ်လ ဖုန်းအသုံးပြုမှုမှာ ချေပေးလိုက်မှာ ဖြစ်ပါတယ်။
Tasmania: Tasmania လိုင်စင်မှာ လိုင်စင်နံပါတ်ရှိသလို personal information cards မှာလည်း ကဒ်နံပါတ်ရှိပါတယ်။
လိုင်စင်နံပါတ်နဲ့ ကဒ်နံပါတ်တွေ အခိုးခံရပြီလို့ Optus ကနေ ပြောလာတဲ့အကြောင်း သက်သေပြနိုင်ရင် အသစ်လဲပေးမှာဖြစ်ပြီး အဲဒီအတွက် ၁၁.၄၉ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
Personal Information Card (PIC) အခိုးခံရသူတွေလည်း အလားတူ အစားထိုး လုပ်ဆောင်နိုင်ပါတယ်။
Optus အချက်အလက် ပေါက်ကြားခံရသူတွေService Tasmania Shop ဆိုင်ကို သွားပြီး လိုင်စင်နံပါတ်အသစ်နဲ့ ကဒ်နံပါတ်အသစ်ကို လျှောက်ထားနိုင်ပါတယ်။
South Australia: South Australia ကလူတွေ လိုင်စင်နံပါတ် အခိုးခံရတဲ့အထဲ ပါသွားတယ်လို့ Optus ကနေ ပြောလာရင်Service SA Centreကို သွားပြီး လိုင်စင်ပြောင်းနိုင်ပါတယ်။
အဲလို အချက်အလက် အခိုးခံရတဲ့လူတွေအနေနဲ့ ဒေါ်လာ ၂၀ ပေးဆောင်စရာ မလိုဘူးလို့ သိရပြီး အစိုးရက
Optus ကို တိုက်ရိုက် တောင်းသွားမှာ ဖြစ်ပါတယ်။
လိုင်စင်အသစ် လျှောက်တာနဲ့ လိုင်စင်နံပါတ် အသစ်ကို ချက်ခြင်းထုတ်ပေးမှာဖြစ်ပြီး ကဒ်နံပါတ်ကိုတော့ စာတိုက်ကနေ ပို့ပေးတဲ့အခါ ရရှိမှာ ဖြစ်ပါတယ်။
Western Australia: Optus ကနေ တဆင့် အချက်အလက် ပေါက်ကြားသွားတဲ့လူတွေအနေနဲ့ လိုင်စင်အသစ်နဲ့ လိုင်စင်ကဒ်နံပါတ်အသစ် လျှောက်ထားနိုင်ပါတယ်။
လိုင်စင်နံပါတ်အသစ်နဲ့ လိုင်စင်ကဒ်အတွက် DoT transport service centre ဒါမှမဟုတ် ဒေသအတွင်းက အေးဂျင့်တွေကို ဆက်သွယ်ပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။
New Licence Number ဖောင်ဖြည့်ပြီး WA အစိုးရက ထုတ်ပေးတဲ့ ဓာတ်ပုံပါ စာရွက်စာတမ်းတွေ ပြရမှာဖြစ်သလို Optus ဆီက စာကိုလည်း သက်သေအနေနဲ့ ပြရမှာ ဖြစ်ပါတယ်။
Northern Territory: Northern Territory လိုင်စင်မှာ unique identifiers ၂ ခု ရှိပါတယ်။ ဒါပေမဲ့ အဲဒီ နံပါတ် ၂ မျိုးလုံး အခိုးခံရရင်တော့ လက်ရှိ လိုင်စင်ကို ဖျက်သိမ်းလိုက်ပြီး အသစ်ပြန်လဲဖို့ ပြောပါတယ်။ ဒါပေမယ့် လိုင်စင် တစ်ခုတည်းပဲ အခိုးခံရတဲ့လူတွေအနေနဲ့ ပိုပြီး စိတ်အေးရအောင် အသစ်လဲချင်ရင်လည်း လဲနိုင်တယ်လို့ ပြောပါတယ်။
အချက်အလက် အခိုးခံရကြောင်းစာကို သက်သေပြရမှာဖြစ်ပြီး ကုန်ကျစရိတ်ကိုေတာ့
Northern Territory အစိုးရက ကုန်ကျခံပေးမှာ ဖြစ်ပါတယ်။
Optus က သူတို့ရဲ့ လုံခြုံရေး စနစ်တွေ၊ အချက်အလက် ထိန်းချုပ်ရေး စတာတွေကို ပြန်လည်ဆန်းစစ်ဖို့ Deloitte က ပညာရှင်တွေကို ငှားရမ်းထားတယ်လို့ ပြောပါတယ်။
- With AAP.