SKIP TO MAIN CONTENT

ကိုဗစ်-၁၉ ကြောင့် South Australia က မဟာမဲလ်ဘုန်းမြို့ကြီးနဲ့ နယ်စပ် ပိတ်ချထား

မဲလ်ဘုန်းမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာပြီးတဲ့နောက် South Australia ပြည်နယ်က မဟာမဲလ်ဘုန်းမြို့နဲ့ နယ်စပ်ကို ပိတ်ချလိုက်ပြီ ဖြစ်ပါတယ်။ ဗုဒ္ဒဟူးည ၆ နာရီကစပြီး ပြည်နယ်ရဲ့ နယ်စပ်ကို ပိတ်ချလိုက်တာ ဖြစ်ပါတယ်။

On 18 November the South Australian Government announced that the state would enter a six day “pause,” but that will now end on 21 November.
Prof Nicola Spurrier, South Australia’s chief health officer, on Wednesday 18 Nov. The proposed lockdown was the strictest in Australia during the pandemic. Source: Photograph: Kelly Barnes/Getty Images.

1 min read

Published

Source: AAP, SBS



Skip to article content

အက်ဒလိတ် မှာ ဟိုတယ်ကွာရန်တင်း ဝင်တဲ့ မဲလ်ဘုန်းမြို့သား တစ်ဦးဟာ ဟိုတယ် လေထုထဲက ကိုရိုနာဗိုင်းရပ်စ် အမှုန်အမွားတွေကနေ ကူးစက်တာ ဖြစ်မယ်လို့ ယူဆပြီး အဲဒီကနေတဆင့် ကူးစက်ပြီး မဲလ်ဘုန်းမြို့မှာ ပျံ့နှံ့တာ ဖြစ်မယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ရောဂါရှိသူ နောက်တစ်ဦးနဲ့ မျက်နှာချင်းဆိုင် အခန်းမှာ နေထိုင်ခဲ့တာ ဖြစ်ပြီး ဟိုတယ်မှာ ထမင်းလာပို့တုန်း နှစ်ဦးစလုံးက ထွက်လာတဲ့အတွက် အဲဒီအချိန်မှာ ကူးစက်တာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

မဲလ်ဘုန်းမြို့မှာ ဗုဒ္ဒဟူးနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၅ ဦး ရှိလာတဲ့အတွက် SA က နယ်စပ်ကို ပိတ်ချလိုက်တာဖြစ်ပြီး မရှိမဖြစ် လိုအပ်တဲ့ အလုပ်သမားတွေ၊ ပြည်နယ်ထဲ ပြန်ဝင်လိုတဲ့ ပြည်နယ်သားတွေအတွက်သာ နယ်စပ်ဖွင့်ထားတာဖြစ်ပေမယ့် အားလုံးကို ရောဂါရှိမရှိ စစ်ဆေးခိုင်းမှာ ဖြစ်ပြီး ၁၄ ရက်ကြား သီးသန့်ခွဲခြားနေထိုင်ခြင်း လုပ်ရမှာ ဖြစ်ပါတယ်။

မေလ ၂၀ ရက်ကတည်းက မဲလ်ဘုန်းမြို့ကနေ SA ကို ရောက်နေတဲ့ လူတွေအနေနဲ့ ရောဂါရှိမရှိ စစ်ဆေးခံရမှာ ဖြစ်ပြီး ရောဂါမရှိဘူးဆိုတဲ့ အဖြေထွက်မှသာ အိမ်အပြင် ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။

South Australia ပြည်နယ်သား ၃ ယောက်ဟာလည်း ရောဂါ ရှိသူတွေ သွားရောက်ခဲ့တဲ့ Port Adelaide နဲ့ Collingwood AFL ဘောလုံးပွဲမှာ အတူတူ ထိုင်ခဲ့တဲ့အတွက် ရောဂါရှိသူတွေနဲ့ ထိတွေ့သူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဲဒီလူတွေကို သီးသန့်ခွဲခြားနေထိုင်ဖို့ ညွန်ကြားထားပြီး အဲဒီအထဲက တစ်ယောက်ကတော့ မဲလ်ဘုန်းမြို့မှာ ရှိနေဆဲ ဖြစ်ပါတယ်။

People waiting in their cars at the Covid-19 testing facility in Victoria Park, Adelaide, Wednesday, 26 May, 2021.
People waiting in their cars at the Covid-19 testing facility in Victoria Park, Adelaide, Wednesday, 26 May, 2021. Source: AAP

နောက်ထပ် လူပေါင်း ၄၆၄ ယောက်ဟာလည်း အဲဒီ ဘောလုံးပွဲကို သွားရောက်ခဲ့တဲ့အတွက် အိမ်မှာပဲ ၂ ပတ်ကြာ နေထိုင်ဖို့ ညွန်ကြားပြီး ရောဂါကို ၃ ကြိမ် စစ်ဆေးမှု ခံယူဖို့ ညွန်ကြားထားပါတယ်။

ဗုဒ္ဒဟူးနေ့မှာ SA ပြည်နယ်မှာ ရောဂါရှိသူ ၂ ဦး တိုးလာပေမယ့် အားလုံးက ပြည်ပကနေ ပြန်လာပြီး ဟိုတယ်မှာ ကွာရန်တင်း ဝင်နေသူ ဖြစ်ပါတယ်။

ဟိုတယ်ကွာရန်တင်းရဲ့ လေဝင်လေထွက် အနေအထားကနေ ရောဂါ ကူးစက်မှုဖြစ်နိုင်တာတွေနဲ့ အစားအစာ ထွက်ယူရာကနေ ကူးစက်မှု ဖြစ်တယ်လို့ ယူဆကြတဲ့အတွက် အခုဆိုရင် အခန်းတွေနားအထိ အစားအစာတွေ၊ ပစ္စည်းပို့ဆောင်မှုတွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ဖို့နဲ့ ရောဂါက ဘယ်လိုကနေ ဘယ်လို ကူးစက်မှု ဖြစ်နိုင်တယ်ဆိုတဲ့ ပညာပေးအချက်ကိုလည်း ဟိုတယ်မှာ ကွာရန်တင်းဝင်နေသူတွေ သိအောင် လုပ်ဆောင်ဖို့အပြင် ဟိုတယ်ရဲ့ လေဝင်လေထွက်အနေအထား တိုးတက်မှုရှိအောင်နဲ့ ကွာရန်တင်း ဝင်သူတွေ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ပြီးနောက် ၁၇ ရက်မြောက်နေ့မှာ နောက်တစ်ကြိမ် ရောဂါ ရှိမရှိ စစ်ဆေးမှုလုပ်ခိုင်းဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးထားပါတယ်။ 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now