SKIP TO MAIN CONTENT

စပိန်ကို ဖလားရအောင် စွမ်းဆောင်ပေးသူက သူ့ဖခင် ဆုံးသွားကြောင်း ဘောလုံးပွဲပြီးမှ သိရ

စပိန်အမျိုးသမီး ဘောလုံး အသင်းခေါင်းဆောင် Olga Carmona ဟာ သူ့ဖခင် ဆုံးသွားပြီ ဆိုတဲ့ သတင်းကို ဘောလုံးပွဲအပြီးမှ သိလိုက်ရတာ ဖြစ်ပါတယ်။

369482809_148756941599093_4722441372828537142_n.jpg
Olga Carmona (AAP)

1 min read

Published

Source: SBS


Skip to article content

ဩဂုတ်လ ၂၀ ရက်မှာ ကန်တဲ့ပွဲမှာ စပိန်အသင်းက ဖလားရရှိသွားတာ ဖြစ်ပါတယ်။

Carmona ဟာ အင်္ဂလန်နဲ့ ဗိုလ်လုတဲ့ ပွဲမှာ စပိန်အသင်းအတွက် ဂိုးကို သွင်းပေးခဲ့သူဖြစ်ပြီး အဲဒီ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

စပိန်အမျိုးသမီး အသင်းအနေနဲ့ ဗိုလ်လုပွဲအဆင့်ကို ၃ ကြိမ် တက်ရောက်နိုင်ပေမယ့် မနေ့ည ဩစတြေးလျမှာ ကန်တဲ့ပွဲမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ရရှိသွားတာ ဖြစ်ပါတယ်။

Olga Carmona ဟာ သူ့ဖခင် ကွယ်လွန်သွားတဲ့ သတင်းကို ဘောလုံးပွဲပြီးမှ သိရတယ်လို့ စပိန်ဘောလုံးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

စပိန်ရဲ့ ဘောလုံးသမိုင်းကို မှတ်တမ်းတင်ပေးသူဟာ ဖခင်ကွယ်လွန်သွားတဲ့အကြောင်းကို သိလိုက်ရတဲ့အခါမှာတော့ ပွဲမစခင်ကတည်းက အဖေက သူ့ရဲ့ အားအင်ကို ဖြည့်ပေးပြီး တမူထူးခြားစွာ စွမ်းဆောင်နိုင်အောင် လုပ်နိုင်ခဲ့တဲ့အကြောင်း ဒီလို စွမ်းဆောင်နိုင်မှုအပေါ် ဖခင်ဖြစ်သူက ဂုဏ်ယူမှာကို သိနေတဲ့အကြောင်းလည်း Olga Carmona က တွစ်တာမှာ ရေးသားထားပါတယ်။

သူဟာ ဆီးမီးဖိုင်နယ်ပွဲမှာရော ဗိုလ်လုပွဲမှာရောင် စပိန်အတွက် အနိုင်ဂိုးတွေ သွင်းပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဩစတြေးလျနဲ့ နယူးဇီလန်တို့ အိမ်ရှင်အဖြစ် ပူးပေါင်းဆောင်ရွက်တဲ့ ၂၀၂၃ ခုနှစ် ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလားမှာ စပိန်က ပထမ၊ အင်္ဂလန်က ဒုတိယ၊ ဆွီဒင်က တတိယဆုရပြီး အိမ်ရှင် ဩစတြေးလျက စတုတ္တရရှိသွားပါတယ်။.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now