ကိုဗစ်လှိုင်းအသစ် စတင်ပြီ၊ XBB နဲ့ BQ.1 မျိုးကွဲ ကိုဗစ်အကြောင်း သိရသလောက်အချက်များ

ဩစတြေးလျနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ ပတ်အတွင်း XBB နဲ့ BQ.1 မျိုးကွဲ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်နေတဲ့အတွက် ကျန်းမာရေးအာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်နေပါတယ်။

NSW CORONAVIRUS COVID19

Healthcare workers administer COVID-19 PCR tests at the St Vincent’s Drive-through Clinic at Bondi Beach in Sydney. (file) Source: AAP / BIANCA DE MARCHI/AAPIMAGE

Key Points

  • XBB and BQ.1 can escape immunity from past infection and vaccination: Victorian Chief Health Officer
  • New variants don't cause severe illness than other Omicron subvariants: WHO
  • Vaccines still work but may have reduced protection against new subvariants: WHO

ဩစတြေးလျနိုင်ငံ တလွှားက ပြည်နယ်နဲ့ အထူးဒေသတွေမှာ ကိုဗစ်-၁၉ ကူးစက်မှု ပိုများလာနေပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်အတွင်း တက်စ်မေးနီးယားမှာ အများဆုံးကူးစက်မှုဖြစ်ပြီး ၃၀% ပိုများလာနေပါတယ်။

အဲဒီနောက်မှာတော့ Australian Capital Territ ၂၆.၂၅%၊ Victoria ပြည်နယ်မှာ ၂၄.၄%၊ Western Australiaမှာ ၁၈%၊ New South Wales ၁၃% နဲ့ South Australia မှာ ၁၀% ပိုများလာနေပါတယ်။

ဗစ်တိုးရီးယားပြည်နယ်ကျန်းမာရေးအရာရှိချုပ် Brett Sutton ရဲ့ အဆိုအရ XBB နဲ့ BQ.1 မျိုးကွဲ ကူးစက်မှုတွေက ပြည်နယ်အတွင်း ကူးစက်မှု စုစုပေါင်းရဲ့ ၁၀% ရှိနေပြီး မကြာခင်မှBA.5 ကို ကျော်သွားဖို့ ရှိနိုင်တယ်လို့ ပြောပါတယ်။

ကိုဗစ်ရောဂါအတွက် ဆေးဝါးတွေကို ဝယ်ယူမှုက ၁၀% ပိုများလာသလို ကူးစက်မှုနှုန်းကလည်း တိုးလာနေတဲ့အတွက် ကိုဗစ်လှိုင်းအသစ် စတင်ကြောင်း ပြသနေတယ်လို့ ပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာဆိုရင်လည်း ဒီမျိုးကွဲသစ်တွေကြောင့် ဆေးရုံတင်ရမှုတွေ ဖြစ်နေပြီး ဒီမျိုးကွဲသစ်တွေဟာ ကိုဗစ် ကူးစက်ဖူးသူလည်း ကူးစက်ခံရနိုင်သလို ကာကွယ်ဆေးထိုးထားရင်လည်း ကူးစက်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

NSW ကျန်းမာရေးဌာနကလည်း XBB and BQ.1 ကို အနီးကပ်စောင့်ကြည့်နေသလို ပြည်ပက ဒေတာအချက်အလက်တွေကိုလည်း စောင့်ကြည့်နေပါတယ်။

XBB နဲ့ BQ.1. မျိုးကွဲတွေက ဘာလဲ။

XBB မျိုးကွဲက BA.2.10.1 နဲ့ BA.2.75 အမျိုးအစားကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ကမ္ဘာမှာ ဖြစ်နေတဲ့ ကူးစက်မှုအားလုံးရဲ့ ၁.၃% ကူးစက်မှုဖြစ်ပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ ကူးစက်မှု ဖြစ်နေပါတယ်။

BQ.1 ကတော့ BA.5 ရဲ့ မျိုးကွဲဖြစ်ပြီး ကမ္ဘာ့ကူးစက်မှုရဲ့ ၆% ရှိပါတယ်။ နိုင်ငံပေါင်း ၆၅ နိုင်ငံမှာ ကူးစက်မှု ဖြစ်နေပါတယ်။

ဆိုးဝါးမှု အခြေအနေ

ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Catherine Bennettရဲ့ အဆိုအရ မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်ခြေနည်းတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူတို့ဟာ ရောဂါကူးစက်ပြီးသူနဲ့ ကာကွယ်ဆေးထိုးပြီးသူတွေပါ ကူးစက်နိုင်တဲ့အတွက် စိုးရိမ်ရဆဲ ဖြစ်ပါတယ်။

Professor Catherine Bennett.
Deakin University chair of epidemiology Professor Catherine Bennett. Source: Supplied / Supplied by Professor Catherine Bennett

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ XBB နဲ့BQ.1 အမျိုးအစားဟာ တအားစိုးရိမ်ရလောက်တဲ့အနေအထားမဟုတ်ဘူးလို့ ပြောပါတယ်။

The current data do not suggest substantial differences in disease severity for XBB infections

ဒါပေမယ့်ကူးစက်မှုနှုန်းပိုမြင့်ပြီး ရောဂါကူးစက်ဖူးသူလည်း ကူးစက်ခံရနိုင်တယ်လို့ ပြောပါတယ်။

A higher reinfection risk is a possibility that needs further investigation.

မျိုးကွဲသစ်တွေကို လက်ရှိကာကွယ်ဆေးတွေက ကာကွယ်ပေးနိုင်သလား။

WHO ရဲ့ အဆိုအရ လက်ရှိ ကာကွယ်ဆေးတွေက အပြည့်အဝကာကွယ်ပေးနိုင်မှာမဟုတ်ပေမယ့် အခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်မယ့်အနေအထားမရှိဘူးလို့ ပြောပါတယ်။

ပါမောက္ခ Bennett က booster မထိုးရသေးရင် ထိုးကြဖို့ တိုက်တွန်းထားပြီး အထူးသဖြင့် အသက် ၅၀ ကျော်သူတွေနဲ့ ရောဂါအခံရှိသူတွေ ထိုးသင့်တယ်လို့ ပြောပါတယ်။

ကမ္ဘာရဲ့ XBB နဲ့ BQ.1 အနေအထား

ပါမောက္ခ Bennett ရဲ့ အဆိုအရ ကမ္ဘာတလွှားမှာ ကူးစက်မှုများနေပေမယ့် အရင်လို တွေ့ရတဲ့ ကိုဗစ်လှိုင်းလောက် မဆိုးလှဘူးလို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာဆိုရင် အောက်တိုဘာလတုန်းက BQ.1 အမြင့်ဆုံးကူးစက်မှုဖြစ်ပေမယ့် ဆေးရုံတက်ရတဲ့နှုန်း နည်းလာတာကိုကြည့်ခြင်းအားဖြင့် အခြေအနေ ကောင်းတယ်လို့ ပြောပါတယ်။

စင်္ကာပူမှာလည်း အလားတူအခြေအနေဖြစ်ပြီး XBB အမျိုးအစား ကူးစက်မှု ဖြစ်နေပါတယ်။

မကူးစက်အောက် ဘယ်လို လုပ်ဆောင်နိုင်မလဲ

ပါမောက္ခ Bennett ရဲ့ အဆိုအရ အဆောက်အဦးပြင်ပမှာ လူတွေနဲ့ တွေ့ဆုံခြင်းအားဖြင့် ကူးစက်မှုကို လျှော့ချနိုင်တယ်လို့ ပြောပါတယ်။

ပါမောက္ခ Sutton ကတော့ ကာကွယ်ဆေးထိုးခြင်း၊ နှာခေါင်စည်းတပ်ဆင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်း၊ ရောဂါရှိမရှိ စစ်ဆေးခြင်းနဲ့ နေထိုင်မကောင်းဖြစ်ရင် အိမ်မှာနေခြင်းအားဖြင့် ရောဂါကူးစက်မှုကို ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။

ရောဂါရှိမရှိ စစ်ဆေးမှုမရှိရင် ကိုဗစ်အတွက် သောက်ဆေးနဲ့ ကုသဆေးတွေ မရနိုင်ဘူးလို့လည်း ပြောပါတယ်။

SBS အနေနဲ့ ကိုဗစ်ဆိုင်ရာ နောက်ဆုံးရ အချက်အလက်တွေကိုဘာသာစကားပေါင်းစုံနဲ့ ဖော်ပြနေပါတယ်။ မိမိနဲ့ဆိုင်ရာ ဘာသာစကားနဲ့ SBS Coronavirus portal ကိုသွားရောက်ပြီး လုံခြုံဘေးကင်းစွာနေထိုင်ပြီး အချက်အလက်တွေကို သိထားအောင်လုပ်နိုင်ပါတယ်။  


Share

2 min read

Published

By Sahil Makkar

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now