SKIP TO MAIN CONTENT

ကင်ဘာရာ လေဆိပ်မှာ ပစ်ခတ်မှုဖြစ် လူတစ်ဦးကို ထိန်းသိမ်းထား

ဩစတြေးလျနိုင်ငံရဲ့ မြို့တော် ကင်ဘာရာ လေဆိပ်မှာ ပစ်ခတ်မှု ဖြစ်ပေါ်ပြီးတဲ့နောက် အမျိုးသား တစ်ဦးကို ရဲတွေက ထိန်းသိမ်းထားပြီ ဖြစ်ပါတယ်။

Three bullet holes seen on the glass window of Canberra airport after reports of gunfire on Sunday
အေဆောက်အဦးမှန်တွေမှာ ကျဥ်မှန်ထားတာဖြစ်ပါတယ်။ Credit: Twitter / Fran Kelly

1 min read

Published

Updated

By မူလှိုင်းသိမ့်

Source: SBS


Skip to article content

တနင်္ဂနွေ မွန်းလွဲပိုင်း ၁ နာရီကျော်လောက်မှာ ပစ်ခတ်မှုဖြစ်ပြီး သေနတ်ကိုလည်း ရဲတွေက လက်ဝယ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကင်ဘာရာ လေဆိပ်မှာ မွန်းလွဲ ၁ နာရီခွဲချိန်လောက်မှာ သေနတ်ပစ်ခတ်မှု ၅ ကြိမ် ဖြစ်ပွားခဲ့တဲ့အကြောင်း ACT ရဲက အတည်ပြုလိုက်သလို ပစ်ခတ်မှု လုပ်ခဲ့သူကိုလည်း ဖမ်းဆီးထားတဲ့အကြောင်း ပြောပါတယ်။

အဲဒီလူဟာ အဓိက terminal ထဲဝင်လာပြီး လေဆိပ်အတွင်းက လုံခြုံရေး စစ်ဆေးတဲ့ နေရာမရောက်ခင်မှာ အဆောက်အဦးမှန်ကို ၅ ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

လူကို ပစ်ခတ်ခဲ့ခြင်းမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိမှုတွေ မရှိခဲ့ပါဘူး။

သေနတ် သမား တစ်ဦးပဲ လှုပ်ရှားတာဖြစ်မယ်လို့ ရဲတွေက ယူဆထားပါတယ်။

အခုလောလောဆယ် ဘာကြောင့် လုပ်ဆောင်ရသလဲ ပစ်ခတ်သူ ဘယ်သူလဲ ဆိုတာတွေကို မသိရသေးပါဘူး။

ခရီးသည်တွေနဲ့ လေဆိပ်အမှုထမ်းတွေကို ဘေးကင်းရာကို ရှာေင်ခိုင်းထားပြီး စုံစမ်းနေဆဲကာလအတွင်း ခရီးသွားလာတာမျိုး ရှောင်ရှားဖို့ ရဲတွက သတိပေးထားပါတယ်။

ဖက်ဒရယ်ရဲလည်း စုံစမ်းမှုတွေ လုပ်နေပြီလို့ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီက ပြောပါတယ်။

အခုလောလောဆယ်အထိ လေဆိပ်ကို ပိတ်ချထားတယ်လို့ သိရပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now