SKIP TO MAIN CONTENT

No ကမ်ပိန်းသမားတွေ အသုံးပြုတဲ့ မဲဆွယ်ရေးနည်းလမ်း ဝေဖန်ခံရ

ဩစတြေးလျ ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အဖွဲ့ကို လွှတ်တော်မှာ ထားရှိရေးဆိုတဲ့ Indigenous Voice to Parliament ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲနဲ့ ဆက်စပ်ပြီး မထောက်ခံတဲ့ အုပ်စုရဲ့ မဲဆွယ်ရေးနည်းလမ်းတွေ ဝေဖန်ခံနေရပါတယ်။

Three-way split image. On the left are people holding placards reading Vote Yes!, in the centre is a hand holding a voting form above a ballot box and on the right are people holding placards reading Vote No.
Source: SBS

2 min read

Published

By Catriona Stirrat

Source: SBS


Skip to article content

Nine သတင်းစာမှာ ဖော်ပြချက်အရ 'no' ကမ်ပိန်းဦးဆောင်သူတွေဟာ သူတို့ရဲ့ လုပ်အားပေးသူတွေကို အကြောက်တရားကို အသုံးပြုပြီး လူတွေ Yes လို့ မဲမပေးအောင် လုပ်ဆောင်ဖို့ ပြောထားတဲ့ အသံဖိုင်ကို ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ဖော်ပြချက်နဲ့ ဆက်စပ်ပြီး ပညာရေးဝန်ကြီး Jason Clare က သတင်းစာဖော်ပြချက်အရ no campaign သမားတွေဟာ အလိမ်အညာနည်းကို အသုံးပြုမယ်ဆိုတာကို ပြသထားတာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ အကယ်၍ no campaign သမားတွေ သူတို့ ပြောဆိုမယ့်အရာတွေအပေါ် သူတို့ ယုံကြည်မှုရှိရင် ဘာဖြစ်လို့ ဩစတြေးလျနိုင်ငံသားတွေကို လိမ်ညာဖို့ ဘာကြောင့် လုပ်နေတာလဲ၊ ဒီလို လုပ်ရပ်ဟာno campaignရဲ့ အောက်တန်းကျမှုကို ဖော်ပြတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးPeter Dutton နဲ့ ရှုတ်ချမှု လုပ်မှသာလျင် ဒီကိစ္စမှာ သူလည်း အလိုတူ အလိုပါ မဟုတ်ဘူးဆိုတာ ဖြစ်စေနိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် Peter Dutton က ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု မလုပ်ထားသေးပေမယ့် တခြား ညွန့်ပေါင်းပါတီဝင်တွေကတော့ Voice to Parliament က ဘယ်လို ဘယ်ပုံ ဖြစ်လာမယ်ဆိုတာ အစိုးရ အသေအခြာ မသိနိုင်ဘူးလို့ ပြောပါတယ်။

Nine သတင်းစာမှာ ဖော်ပြချက်အရ Advance လို့ခေါ်တဲ့ No ကမ်ပိန်း တစ်ခုရဲ့ အဖွဲ့ခေါင်းဆောင်Chris Inglis က အွန်လိုင်း သင်တန်း တစ်ခုမှာ ဘယ်လို ဘယ်ပုံ မဲဆွယ်စည်းရုံးမှုလုပ်ဖို့ အသေးစိတ် ပြောဆိုထားတာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

လုပ်အားပေးသူတွေကိုလည်း သူတို့ဟာ no ကမ်ပိန်းသမားဖြစ်တယ်လို့ လူတွေကို အသိပေးပြောဆိုတာမျိုး ချက်ခြင်းမလုပ်ဖို့ အကြံပြုထားပြီး Voice လူထုဆန္ဒခံယူပွဲကသာ အောင်မြင်သွားရင် ဌာနေတိုင်းရင်းသားတွေကို ပေးလျော်ရမယ့် လျော်ကြေးတွေ တွေးကြည့်ဆိုပြီး ပြောဆိုဖို့ အကြံပြုထားပါတယ်။

ဌာနေတိုင်းရင်းသားတွေ လျော်ကြေး တောင်းဆိုမယ့်ကိစ္စနဲ့ ဆက်စပ်ပြီး အထက်လွှတ်တော်အမတ် Bridget McKenzie က Yes အဖွဲ့ အနိုင်ရရင် ဘယ်လို လုပ်ဆောင်မလဲဆိုတာ သေခြာ မသိနိုင်ဘူးလို့ ပြောပါတယ်။ ဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲ အသိအမှတ်ပြုရေးအကြောင်း ဆွေးနွေးလာတာဟာ သူလွှတ်တော်မှာ ရှိနေတဲ့ သက်တမ်းတလျှောက်လုံး ဖြစ်တဲ့အကြောင်း ဝန်ကြီ Clare ကလည်းVoice က ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိဘူးလို့ ပြောပါတယ်။ ဌာနေတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အသံတစ်သံကို လွှတ်တော်မှာ ထားရှိရေးကို ဒီမိုကရေစီထဲ ထည့်သွင်းမှာဖြစ်ပြီး အစိုးရက ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ပဲ လွှတ်တော်က လုပ်ဆောင်ရမယ့်အကြောင်း လွှတ်တော်က Voice ကို ထိန်းချုပ်ခွင့်ရှိမှာမဟုတ်တဲ့အကြောင်း ပြောဆိုနေပြီး အဲဒီကနေ လျော်ကြေးတွေ တောင်းမှာ မဟုတ်ဘူးလို့ မပြောနိုင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တသီးပုဂ္ဂလ လွှတ်တော်အမတ် David Pocock ဟာ Voice to Parliament ကို ထောက်ခံသူဖြစ်ပြီး 'no' campaign သမားတွေဟာ အကြောက်တရားနည်းလမ်းကို အသုံးပြုပြီး မဲဆွယ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

ဩစတြေးလျနိုင်ငံဟာ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေထဲမှာ မိမိရဲ့ ဌာနတိုင်းရင်းသားတွေကို အသိအမှတ် ပြုခြင်းမရှိ သဘောတူညီမှု ထိုးထားတာမျိုး မရှိတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တဲ့voice ကို ထားရှိရေးလည်း လုပ်သင့်တယ်လို့ ပြောပါတယ်။. အဲဒီလို လုပ်ဆောင်ချက်ဟာ အကောင်းဖက်ဆောင်တဲ့ အမှာစကားဖြစ်ပေမယ့် တဖက်မှာလည်း ခွဲခြားမှုဖြစ်စေတဲ့ လုပ်ဆောင်မှုတွေ ရှိတဲ့အကြောင်း တချို့နိုင်ငံရေးသမားတွေဟာ အမေရိကန်နိုင်ငံက သမ္မတဟောင်း ဒေါ်နယ်ထရန့် အသုံးပြုတဲ့ Trump-style နိုင်ငံရေး မဲဆွယ်နည်းမျိုးကိုသုံးပြီး ဥပမာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်ကို မေးခွန်းထုတ်လိုက်တဲ့ နည်းမျိုးကို အသုံးပြုတာမျိုး ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့နည်းလမ်းအတိုင်း မသွားတဲ့အရာတွေကို ဆန့်ကျင်ပြီး ရပ်တန်းက ရပ်အောင် လုပ်ဆောင်တာမျိုး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

တဖက်မှာလည်း ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲမှာ Voice to Parliament ကို မထောက်ခံတဲ့ No သမားတွေကို Yes ကမ်ပိန်း ခေါင်းဆောင်တစ်ဦးက အသားအရောင် ခွဲခြားသူတွေ၊ စဥ်းစားဆင်ခြင်မှုနည်းသူတွေအဖြစ် ပြောဆိုတယ်ဆိုပြီး No ဖက်က ရပ်တည်သူ အတိုက်အခံ ခေါင်းဆောင် Peter Dutton က အင်္ဂါနေ့တုန်းက တွစ်တာမှာ ရေးသားလိုက်ပါတယ်။

"No မဲပေးသူတွေကို "အသားအရောင် ခွဲခြားသူ၊ စဥ်းစားဆင်ခြင်မှု ဉာဏ်ပညာနည်းသူအဖြစ်Yes ကမ်ပိန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Marcia Langton က ပြောတယ်ဆိုပြီး ရေးထားတာပါ။

အဲဒီလို ရေးသားမှုကို Marcia Langton က ငြင်းဆိုလိုက်ပြီး ရှေ့နေကို အသုံးပြုပြီး ဒီတွစ်တာပို့စ်ကို ဖျက်ချဖို့ ပီတာ ဒတ်တန်ကို ပြောဆိုမယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။

သူမရဲ့ မိန့်ခွန်း တစ်ခုမှာ No သမားတွေ ရဲ့ ရပ်တည်မှုကို တစခြင်း ခွဲခြမ်းကြည့်တဲ့အခါ အခြေခံအားဖြင့် အသားအရောင် ခွဲခြားတာကို မြင်ရနိုင်တဲ့အကြောင်း ဒါမှမဟုတ် စဥ်းစားဆင်ခြင်တုံတရား နည်းပါးတာကို မြင်ရနိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာထားတာမျိုးကို ကြည့်လိုက်ရင် No အဖွဲ့ရဲ့ ပြောဆိုမှုတွေက မှန်ကန်မှုမရှိပဲ လူတွေကို လိမ်ညာနေသလို ဖြစ်တယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now