လေယာဉ်ပေါ်ကနေ ပြုတ်ကျတဲ့အထိ အာဖဂန်အငယ်တန်း ဘောလုံးသမား တစ်ဦးပါ

အာဖဂန်နစ္စတန်က လူတွေကို ကယ်ထုတ်တဲ့ လေယာဉ်ပေါ်ကို အပြင်ကနေ လိုက်ပါသွားပြီး ပြုတ်ကျတဲ့အထဲမှာ ဆယ်ကျော်သက်အရွယ် ဘောလုံးကစားသမားတစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

Zaki Anwari, who played for Afghanistan's national youth football team, has been confirmed to have fallen to his death

Zaki Anwari, who played for Afghanistan's national youth football team, has been confirmed to have fallen to his death Source: Twitter/@FIFPRO

Zaki Anwari ဟာ အာဖဂန်နိုင်ငံရဲ့ အငယ်တန်း ဘောလုံးကစားသမားဖြစ်ပြီး ကာဘူးလ်လေဆိပ်ကနေ ထွက်ခွာခဲ့တဲ့ လေယာဉ်ပေါ် တွဲခိုလိုက်ပါစီးနှင်းရာက ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ အာဖဂန်အစိုးရရဲ့ General Directorate of Physical Education and Sports of Afghanistan က အတည်ပြုထားပါတယ်။

"Anwari ဟာ တခြား ထောင်နဲ့ချီတဲ့ အာဖဂန်လူငယ်တွေလိုပဲ နိုင်ငံကနေ ထွက်ခွာချင်သူဖြစ်ပေမယ့် အမေရိကန်လေယာဉ်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ရတာဖြစ်ပါတယ်။" လို့ အဲဒီအဖွဲ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။

အာဖဂန်ရဲ့ သမ္မတ Ashraf Ghani က ပြည်ပကို ထွက်ပြေးသွားပြီးတဲ့နောက် တာလီဘန်တွေက မြို့တော် ကာဘူးလ်အပါအဝင် တနိုင်ငံလုံးကို သိမ်းလိုက်တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လူပေါင်းများစွာ အာဖဂန်နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေကြပြီး ကာဘူးလ်လေဆိပ်မှာ စုရုံးရောက်ရှိကြတာ ဖြစ်ပါတယ်။

အမေရိကန် လေတပ်လေယာဉ်တစ်စင်းက လေယာဉ်ပြေးလမ်းပေါ်မှာ အရှိန်ယူ ပြေးနေတဲ့အထိ လေယာဉ်ဘေးမှာ တွဲခိုတဲ့လူတွေ တွေ့ခဲ့ရပြီး လေယာဉ်ပျံတက်သွားပြီးတဲ့နောက် လူတချို့ ပြုတ်ကျတဲ့ ဗီဒီယိုတွေ ပြန့်နှံ့သွားခဲ့ပါတယ်။

C-17 လေယာဉ်ဘီးနားမှာ လူတွေရဲ့ အကျွင်းအကျန်ကို တွေ့ခဲ့ရတယ်လို့လည်း အမေရိကန် စစ်တပ်က အတည်ပြုပေးခဲ့ပြီး အဲဒီကိစ္စကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အမေရိကန် လေတပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ann Stefanek ရဲ့ အဆိုအရ လေယာဉ်အမှုထမ်းတွေ ပစ္စည်းတွေ တင်ချမှုမလုပ်နိုင်ခင်ကတည်းက ရာနဲ့ချီတဲ့ အာဖဂန်ပြည်သူတွေ ဝိုင်းလာကြပြီး လေယာဉ်ဘေးပတ်ဝန်းကျင်ရဲ့ လုံခြုံရေးအခြေအနေက ဆိုးဝါးလာတဲ့အတွက် အမှုထမ်းတွေက အဲဒီကနေ အမြန်ဆုံး ထွက်ခွာနိုင်အောင် လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ Joe Biden ကတော့ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘာလို့ ပြင်ဆင်မှု မရှိခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံကရော၊ ပြည်ပက လူတွေရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။ အမေရိကန် တပ်တွေ အာဖဂန်ကနေ ထွက်ခွာခဲ့တဲ့ပုံစံကိုလည်း ဝေဖန်နေကြပါတယ်။

၁၉ ၉ ၀ ဝန်းကျင်တုန်းက အာဖဂန်နိုင်ငံကို တာလီဘန်တွေ အုပ်ချုပ်ခဲ့ပြီး အဲဒီတုန်းက ရုပ်မြင်သံကြားတွေ ပိတ်ပင်ထားသလို လူတွေကို ကျောက်ခဲနဲ့ ပေါက်သတ်တာတွေ၊ အမျိုးသမီးတွေ အိမ်မှာပဲ နေခွင့်ရှိပြီး ပညာသင်ခွင့်မရှိတာတွေ စတဲ့ တင်းကြပ်မှုတွေကို ကြုံရမှာစိုးလို့ လူတွေဟာ ကြံရာမရပဲ အလုအယက် နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရကလည်း အာဖဂန်နစ္စတန်နိုင်ငံမှာ သောင်တင်နေတဲ့ သြစတြေးလျနိုင်ငံသားတွေနဲ့ ဗီဇာရထားတဲ့ အာဖဂန်တွေကို လေယာဉ်တွေနဲ့ ကယ်ထုတ်မှု လုပ်နေပြီး အခုလောလောဆယ် လူပေါင်း ၁၆၀ သာ ကယ်ထုတ်နိုင်သေးတာ ဖြစ်ပါတယ်။

အဲဒီအထဲက ၉ ၄ ဦးကတော့ ဒီသောကြာမနက်မှာပဲ ပတ်သ်မြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အခုလောလောဆယ် ကာဗူးလ်မြို့ပေါ်က လူတွေကိုသာ ကယ်ဆယ်နိုင်တာဖြစ်ပြီး တခြားဒေသက လူတွေကို မကယ်နိုင်သလို ကာဘူးလ်ရဲ့ အခြေအနေကလည်း သိပ်မကောင်းဘူးလို့ ပြောပါတယ်။

သြစတြေးလျအစိုးရက ဒီဘဏဏရေးနှစ်အတွက် အာဖဂန်ဒုက္ခသည် အယောက် ၃၀၀၀ ကိုသာ ခေါ်ယူမယ်လို့ ကြေညာတဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ကနေဒါနိုင်ငံကတော့ အာဖဂန်ဒုက္ခသည် အယောက်ပေါင်း ၂၀၀၀၀ လက်ခံမှာဖြစ်ပြီး အင်္ဂလန်နိုင်ငံက ၅ နှစ်အတွင်း အယောက် ၂၀၀၀၀ ခေါ်ယူဖို့ ရှိပါတယ်။

SOURCE AFP - SBS


Share

2 min read

Published

Source: AFP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now