SKIP TO MAIN CONTENT

NSW မှာ ဖြစ်ပေါ်တဲ့ သေဆုံးရမှု နှစ်ခုဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဆက်နွယ်တဲ့ အနေထား မရှိလို့ဆို

သြစတြေးလျနိုင်ငံမှာ ဆေးဝါးတွေကို စောင့်ကြပ်လေ့လာတဲ့ Therapeutic Goods Admistration (TGA) ရဲ့ အဆိုအရ New South Wales ပြည်နယ်မှာ လူ ၂ ဦး သေဆုံးတဲ့ ကိစ္စဟာ COVID-19 ကာကွယ်ဆေးနဲ့ ဆက်စပ်မှု မရှိဘူးလို့ ပြောပါတယ်။

The TGA says current evidence does not suggest a link between the death of two men in New South Wales and the COVID-19 vaccine they received beforehand.
The TGA says current evidence does not suggest a link between the death of two men in New South Wales and the COVID-19 vaccine they received beforehand. Source: Pixsell

2 min read

Published

Updated

Source: AAP, SBS



Skip to article content

အရင်တစ်ပတ်တုန်းက Tamworth ဆေးရုံမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့သလို အသက် ၇၁ နှစ်အရွယ် အမျိုးသား တစ်ဦးလည်း ဆစ်ဒနီမြို့မှာ သေဆုံးခဲ့ရပါတယ်။

နှစ်ဦးစလုံးမှာ ရောဂါ အခံရှိကြသူတွေ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးထားကြသူတွေလည်း ဖြစ်ပါတယ်။

နှစ်ဦးစလုံးက သွေးကြောထုံး ရောဂါနဲ့ ကွယ်လွန်သွားတဲ့အတွက် တချို့လူတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးလို့ အခုလို ဖြစ်ရတာလို့ ပြောဆိုကြပေမယ့် အဲဒီလို ပြောဆိုမှုကို TGA အဖွဲ့က ပါမောက္ခ John Skerritt က ပယ်ချလိုက်ပါတယ်။

ဆေးကို ထိုးပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုး အခုပေါင်း ၁၁၀၀၀ ကို မျက်စိရှေ့မှာ စောင့်ကြည့်မှု လုပ်ခဲ့ကြပြီး အဲဒီ ဘေးထွက် ဆိုးကျိုးတွေထဲမှာ လက်မောင်းနာတာကနေ နှလုံးဖောက်ပြန်မှု အထိ ဖြစ်နိုင်တာကို တွေ့ရပါတယ်။

ပိုစိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်မှုတွေကို နီးနီးကပ်ကပ် စောင့်ကြည့်လေ့ရှိသလို ကမာ္ဘတလွှားက ကျန်းမာရေး ပညာရှင်တွေနဲ့လည်း တိုင်ပင် ဆွေးနွေးမှု လုပ်လေ့ရှိပါတယ်။

သြစတြေးလျနိုင်ငံမှာ တစ်ရက်အတွင်း သွေးကြောထုံးမှု ခံစားရတဲ့လူ ၅၀ လောက် ရှိနေကြဖြစ်ပြီး တခါတလေ ဟိုဟာ လုပ်လို့ ဖြစ်ရတယ် ဆိုတဲ့အကြောင်းပြချက် ရှိပေမယ့် တခါတလေ ဘာအကြောင်းပြချက်မှ မရှိပဲ သွေးကြောထုံးဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အားလုံးနီးပါးက ကာကွယ်ဆေး ထိုးတာနဲ့ ဆက်စပ်မှု မရှိပါဘူး။ အဲဒီတော့ သွေးကြောထုံးတတ်တဲ့လူဆိုရင်တော့ အဲဒါကို ထိန်ချန်တာမျိုး မလုပ်သင့်ပါဘူး။

ဆေးဝါးတိုင်း၊ ကုသမှုတိုင်း၊ နေ့စဉ်ဘဝ၊ ကာမောင်းခြင်း၊ လေယာဉ်နဲ့ ပျံသန်းခြင်း စတဲ့ လုပ်ရပ်တိုင်းမှာ အနာ္တရာယ်တွေ ရှိတတ်စမြဲ ဖြစ်ပါတယ်။ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ကာကွယ်ဆေးကနေ ရရှိတဲ့ အကျိုးရလာဒ်က အနာ္တရာယ် ဖြစ်နိုင်ခြေထက် အများကြီး ကြီးမားလှတယ်လို့ ပြောပါတယ်။

တချို့လူတွေကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလို့ သေဆုံးရတာလို့ ပြောဆိုကြတာနဲ့ ပတ်သက်ပြီး ဒီကြာသပတေးနေ့မှာပဲ ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်က ပြည်သူတွေအနေနဲ့ စိတ်အေးအေး ထားကြဖို့၊ ဆေးဝါးကျွမ်းကျင်သူတွေကို သူတို့ အလုပ် သူတို့ ခေါင်းအေးအေးနဲ့ လုပ်ခွင့်ပေးဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

ဒီပညာရှင်တွေဟာ သြစတြေးလျနိုင်ငံမှာ သုံးတဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်လာရင် အလွယ်လမ်း လိုက်တာမျိုးတွေ မရှိပဲ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ကြတာလို့လည်း Darwin မြို့က Mix 104.9 ရေဒီယိုမှာ ပြောသွားခဲ့ပါတယ်။

ဒီလို ကိစ္စရပ်မျိုးကို ပြောဆိုတဲ့အခါမှာ သတိထားရမှာ ဖြစ်ပြီး ဆေးဝါးဆိုင်ရာ အချက်အလက်မှန်တွေ ရရှိအောင် လုပ်ခွင့်ပေးပြီးမှ တွေ့ရှိချက်အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချတာက ပိုကောင်းမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

TGA က သြစတြေးလျနိုင်ငံမှာ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာက သွေးကြောထုံး ဝေဒနာ ခံစားရမှု ၆ ခု ရှိတယ်လို့ ပြောဆိုထားသလို အသက် ၅၀ လောက် လူတွေ အနေနဲ့ တခြား ကာကွယ်ဆေးကို ဦးစားပေးထိုးဖို့ အကြံပြုထားပါတယ်။

ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပွားမှုဟာ အင်မတန် ရှားပါးတာဖြစ်ပြီး ကာကွယ်ဆေး အခုပေါင်း ၁ သန်း ထိုးမှ လူ ၄ ဦး ကနေ ၆ ဦးလောက်သာ ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်တဲ့ အနေအထားမှာ ရှိနေတာလို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now