ဘတ်ဂျက်ကို ကြေညာပြီ၊ ကဏ္ဏအလိုက်အတွက် ဘယ်လို အကျိုးဖြစ်စေသလဲ

ဘဏ္ဏာရေးဝန်ကြီး Jim Chalmers က ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်ကို အင်္ဂါည မေလ ၉ရက်မှာ ချပြလိုက်ပြီ ဖြစ်ပါတယ်။

BUDGET23 JIM CHALMERS TELEVISION INTERVIEWS

Treasurer Jim Chalmers during television interviews ahead of handing down the Budget on Tuesday night at Parliament House in Canberra, Sunday, May 7, 2023. (AAP Image/Mick Tsikas) NO ARCHIVING Source: AAP / MICK TSIKAS/AAPIMAGE

ဘဏ္ဏာရေးဝန်ကြီးရဲ့ အဆိုအရ လေဘာအစိုးရရဲ့ တစ်နှစ်တာ စီမံမှုအတွင်း ၂၀၂၂-၂၀၂၃ ဘတ်ဂျက်မှာ အပိုငွေ ၄ ဘီလီယံပြသခဲ့ပြီး ဒါဟာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဘတ်ဂျက်မှာ အပိုငွေပြတာလို့ ပြောပါတယ်။

ဒီဘတ်ဂျက်က ဘယ်လိုကဏ္ဏအတွက် အကျိုးပြုစေမလဲ ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ အဆိုအရ ဒီဘတ်ဂျက်ဟာ ကျန်းမာရေးကဏ္ဏနဲ့ နေထိုင်စရိတ်ဖိအားတွေ သက်သာအောင် ပဓာနထားလုပ်ဆောင်ပေးတဲ့ ဘတ်ဂျက်ဖြစ်တယ်လို့ ပြောပါတယ်။


ကျန်းမာရေးကဏ္ဏ

အထွေထွေဆရာဝန်နဲ့ တွေ့ဆုံတဲ့အခါမှာ အခမဲ့ရအောင် အစိုးရက ဂျီပီတွေကို bulk bill လုပ်နိုင်ဖို့အတွက် မက်လုံးတွေကို သုံးဆ တိုးမြင့်လိုက်ပြီး အဲလို ဝန်ဆောင်မှုမျိုးကို အသက် ၁၆ နှစ်အောက် ကလေးတွေ၊ concession card ကိုင်ဆောင်သူတွေအတွက် ဖြစ်ပါတယ်။ အဲဒီအတွက် အစိုးရက ၅ နှစ်အတွင်း ဒေါ်လာ ၃.၅ ဘီလီယံချမှတ်ပေးဖို့ ရှိပါတယ်။
ဘဏ္ဏာရေးဝန်ကြီးက ကလေးငယ်နဲ့ concession card ကိုင်ဆောင်သူတွေကို ဆရာဝန်နဲ့ အခမဲ့ တွေ့နိုင်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် ဆေးရုံနဲ့ အရေးပေါ်ဌာနတွေအတွက် ဝန်တွေကို သက်သာစေမှာဖြစ်တယ်လို့ ပြောပါတယ်။


ပြည်သူ့အိမ်ရာ

အိမ်တစ်ကြိမ်မှ မဝယ်ဖူးသူတွေ သို့မဟုတ် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အိမ်မဝယ်ထားတဲ့သူတွေအတွက် အစိုးရက home guarantee scheme ကို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဥ်ဟာ အိမ်ဝယ်လိုသူတွေအနေနဲ့ စဘော်ငွေ ၅% (အိမ်ထောင်ဖက် မရှိသူ မိဘများအနေဖြင့် ၂%) ရှိရုံနဲ့ အိမ်ကို ဝယ်ယူနိုင်မှာဖြစ်ပြီး mortgage insurance ပေးစရာမလိုအောင် အစိုးရဖက်က စဘော်ငွေ ၁၅% စိုက်ပေးတဲ့ အစီအစဿ်ဖြစ်ပါတယ်။

အိမ်တွေ ပိုဆောက်ကြဖို့အတွက်လည်း အစိုးရက မက်လုံးတွေပေးမှာဖြစ်ပြီး build-to-rent ပရောဂျက်မှာ နေအိမ်နဲ့ တိုက်ခန်း အခု ၅၀ တည်ဆောက်ရေးအတွက် အခွန်သက်သာမှုရှိအောင် လုပ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီလို အစီအစဥ်ကြောင့် လာမယ့် ၁၀ နှစ်အတွင်း ငှားနေစရာ အိမ်အလုံးပေါင်း သို့မဟုတ် တိုက်ခန်းပေါင်း ၁၅၀၀၀၀ ခွဲ တိုးလာစေမယ်လို့ ပြောပါတယ်။

အိုးအိမ်မဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဖက်ဒရယ် အစိုးရကနေ ပြည်နယ်နဲ့ အထူးဒေသ အစိုးရတွေကို ဒေါ်လာ ၆၇.၅ သန်း ချမှတ်ပေးမှာ ဖြစ်ပါတယ်။


VISA ဗီဇာကြေး တိုးမြင့်မယ်

လာမယ့် ၂၀၂၃ ခု ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဩစတြေးလျနိုင်ငံက ဗီဇာတခုခုကို လျှောက်မယ်ဆိုရင် အဖိုးအခအတွက် ၆% ပိုပေးရတော့မှာ ဖြစ်ပါတယ်။

အလည်အပတ်ဗီဇာအတွက် ဒေါ်လာ ၄၀ ပိုပေးရမှာဖြစ်ပြီး အရင်က ဒေါ်လာ ၁၅၀ ရှိရာကနေ ဒေါ်လာ ၁၉၀ ဖြစ်လာမှာဖြစ်ပြီး ကျောင်းသားဗီဇာအတွက် ၆၅ ဒေါ်လာ ပိုပေးရမှာဖြစ်လို့ ဒေါ်လာ ၆၅၀ အစား ၇၁၅ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဩစတြေးလျကို အလည်လာရင်း အလုပ်လုပ်ခွင့်ပေးတဲ့ working holiday visa ကြေးက ၁၃၀ ဒေါ်လာ ပိုစျေးများလာမှာဖြစ်လို့ အရင်က ၅၁၀ ဒေါ်လာ ရှိခဲ့ရာကနေ ၆၄၀ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရက ပစိဖိတ်ဒေသက နိုင်ငံတွေနဲ့ ရင်းနှီးမှု ရယူနေတဲ့အတွက် Pacific Engagement Visa နဲ့ Pacific Australia Labour Mobility scheme visas တွေအတွက် စျေးနှုန်းကို အရင်အတိုင်း ထားရှိပေးမှာ ဖြစ်ပါတယ်။

ဗီဇာကြေးအပြောင်းအလဲတွေက ၅ နှစ်အတွင်း အစိုးရကို ဒေါ်လာ ၆၆၅ သန်း ဝင်ငွေရရှိစေမှာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။


ရာသီဥတုပြောင်းလဲမှု

ဒီဘတ်ဂျက်မှာ ရာသီဥတုပြောင်းလဲမှုအတွက်လည်း ထည့်သွင်းစဥ်းစားထားပြီး သန့်စင်တဲ့ စွမ်းအင် ပြန်ပြည့်မြဲစွမ်းအင်အတွက် ဒေါ်လာ ၄ ဘီလီယံထပ်မံ ချပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအထဲက ဒေါ်လာ ၂ ဘီလီယံကို ရေအားနဲ့ လည်ပတ်နိုင်စေမယ့် စီမံကိန်းတွေအတွက် ရင်းနှီးမြုပ်နှံမှာဖြစ်ပြီး ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှု သုံညအနေအထား ရောက်ရှိဖို့ ၄ နှစ်အတွင်း ဒေါ်လာ ၈၃.၂ သန်း သုံးစွဲပြီး အကောင်အထည်ဖော်နိုင်အောင် Net Zero Authority အဖွဲ့ကိုလည်း တည်ထောင်သွားမှာ ဖြစ်ပါတယ်။


ပညာရေး

ပညာရေးကဏ္ဏမှာတော့ အစိုးရက TAFE ပညာရေးသင်ယူနိုင်ဖို့ နေရာအခုပေါင်း ၃၀၀၀၀၀ ကို အခမဲ့ တက်ခွင့်ရအောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ ကျွမ်းကျင်မှုသဘောတူညီချက် စီမံကိန်းအတွက် ၅ နှစ်အတွင်း ဒေါ်လာ ၃.၇ ဘီလီယံတိုးပေးမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေ၊ ဌာနေတိုင်းရင်းသားတွေ၊ အင်္ဂလိပ်စကားပြော နောက်ခံကမဟုတ်တဲ့လူတွေနဲ့ မသန်စွမ်းသူတွေ apprenticeship အလုပ်သင်လုပ်နိုင်ဖို့အတွက် ဒေါ်လာ ၅၄.၃ သန်းလည်း ချမှတ်ပေးဖို့ ရှိပါတယ်။


အလုပ်လက်မဲ့သူများ ထောက်ပံ့ကြေးတိုးမြင့်ရရှိ


ကုန်ကျစရိတ်တွေ တိုးမြင့်လာတဲ့အတွက် အစိုးရက အလုပ်လက်မဲ့ဖြစ်နေလို့ အလုပ်ရှာသူတွေ

Jobeseeker, Youth Allowance, The Partnered Parents Payment, Austudy, ABSTUDY, The Youth Disability Support Pension, The Special Benefit Payment စတဲ့ ထောက်ပံ့ကြေးရရှိသူတွေကို ပေးနေကြနှုန်းထားထက် တစ်ပတ်ကို ဒေါ်လာ ၂၀ ဒါမှမဟုတ် တစ်ရက်မှာ ၂.၈၆ ဒေါ်လာနှုန်း တိုးပေးမှာဖြစ်ပြီး စက်တင်ဘာလနောက်ပိုင်း တိုးပေးမှာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ အသက် ၅၅ နှစ်နဲ့ အထက်ရှိသူတွေက တခြားလူတွေထက် ပိုပြီး အလုပ်ရှာရခက်ပြီး အိုးအိမ်မရှိတာမျိုး ကြုံရနိုင်တဲ့အတွက် အသက် ၅၅ နဲ့အထက်ရှိသူ အမျိုးသမီးတွေကိုတော့ နှစ်ပတ်မှာ ၉၂.၁၀ ဒေါ်လာ တိုးမြင့်ပေးမှာ ဖြစ်ပါတယ်။


အိမ်ငှားရမ်းရသူတွေအတွက် ကူညီပံ့ပိုးမှု

ဝင်ငွေနည်းသူတွေအတွက် ပေးတဲ့ rent assistance ကိုလည်း ၁၅% တိုးမြင့်ပေးဖို့ ရှိပါတယ်။ အကယ်၍ သားသမီး မရှိပဲ တစ်ဦးတည်းဖြစ်ပါက တစ်ပတ်မှာ ၉၀.၃၉ ဒေါ်လာ ရရှိမှာဖြစ်ပြီး တစ်ပတ်မှာ ၁၁.၇၉ ဒေါ်လာနှုန်း ရရှိမှာဖြစ်ပါတယ်။ Family Tax Benefit ထောက်ပံ့ကြေးရရှိတဲ့ ကလေး ၃ ယောက်ရှိသူ အိမ်ထောင်သည်တွေက တစ်နှစ်မှာ ဒေါ်လာ ၈၀၀ ပို ရရှိမှာဖြစ်ပြီး တစ်ပတ်မှာ ၁၅ ဒေါ်လာနှုန်း ဖြစ်ပါတယ်။


Single Parents

Single parents တွေကလည်း အရင်တုန်းက ကလေးတွေ အသက် ၈ နှစ်ပြည့်တဲ့အခါ ရရှိတဲ့ ထောက်ပံ့ကြေးတချို့ မရပေမယ့် အခုဆိုရင် အသက် ၁၄ နှစ်အထိ ဆက်လက်ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီတော့ single parent တွေက အလုပ်လက်မဲ့ဖြစ်သူတွေ ရရှိတဲ့ ထောက်ပံ့ကြေးထက် ပိုရမှာဖြစ်ပြီး နှစ်ပတ်မှာ ၁၇၆.၉၀ ဒေါ်လာ ပိုရမှာ ဖြစ်ပါတယ်။



အိမ်ဝယ်ထားသူများအတွက် မက်လုံးများ

အိမ်ဝယ်ထားသူတွေအနေနဲ့ မိမိရဲ့ နေအိမ်ကို စွမ်းအင်သက်သာအောင် လုပ်လိုရင် စျေးနှုန်းသက်သာစေအောင် အစိုးရက ဒေါလာ ၁.၃ ဘီလီယံ ချမှတ်ပေးမှာ ဖြစ်ပါတယ်။

ဆိုလာတပ်ဆင်ဖို့အတွက် သို့မဟုတ် ပြတင်းပေါက်အသစ်အတွက် ဒါမှမဟုတ် အိမ်ပြုပြင်ဖို့အတွက် အတိုးနှုန်း သက်သာစွာ ငွေကို ချေးငှားနိုင်မှာဖြစ်ပါတယ်။

မိသားစုအတွင်း အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ဝန်ဆောင်မှု

အိမ်တွင်း အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ဝန်ဆောင်မှုပေးသူတွေလည်း လာမယ့် နှစ်နှစ်အတွက် ရံပုံငွေ ၁၅၉ သန်း ပိုရရှိမှာ ဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုကြောင့် ထွက်ပြေးရတဲ့ အမျိုးသမီးတွေကို ပေးတဲ့ ထောက်ပံ့ကြေးကိုလည်း ၂၀၂၅ အထိ ပေးမှာဖြစ်ပြီး မိသားစုဆိုင်ရာ တရားရုံး၊ အရေးပေါ် နေရာထိုင်ခင်း ဝန်ဆောင်မှု စတာတွေအတွက်လည်း ရံပုံငွေ တိုးချပေးမှာ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စမှာ တရားရေးဝန်ဆောင်မှုပေးသူတွေအတွက် ၄ နှစ်အတွင်း ၆.၅သန်း တိုးမြင့်ပေးဖို့ ရှိပါတယ်။

VOICE

အစိုးရက လွှတ်တော်မှာ ဌာနေတိုင်းရင်းသားအရေးကို ဆိုပေးမယ့် voice အသံတစ်ရပ်ကို ထားရှိဖို့ သင့်မသင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖို့ရှိနေပြီး အဲဒီအတွက် ဒေါ်လာ ၃၃၆.၆ သန်း သုံးစွဲပြီး ဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်ပါတယ်။



အရှေ့တောင်အာရှဆိုင်ရာ ဘတ်ဂျက်

တီမောလက်စတေ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနဲ့ သံတမန်ဆက်ဆံရေးနဲ့ စီးပွားရေးလုပ်ဆောင်ဖို့အတွက် ၄ နှစ်အတွက် ဒေါ်လာ ၅၅.၇ သန်းချမှတ်ပေးပြီး အဲဒီနောက်ပိုင်းမှာ တစ်နှစ်ကို ၁၁.၉ သန်း ချမှတ်မယ်လို့ ပါရှိပါတယ်။

အဲဒီငွေကြေးတွေနဲ့ သံတမန်ဆက်ဆံရေး ကောင်းမွန်ဖို့၊ စီးပွားရေးဆက်သွယ်မှုရှိဖို့နဲ့ အရှေ့တောင်အာရှနိုင်ငံက နိုင်ငံခေါင်းဆောင်တွေနဲ့ တက်သစ်စ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ဖို့အတွက် အသုံးပြုမှာ ဖြစ်သလို အရှေ့တောင်အာရှ နိုင်ငံက ကျောင်းသားတွေ ဩစတြေးလျနိုင်ငံမှာ ပညာသင်ယူဖို့အတွက်လည်း ပါဝင်ပါတယ်။

National Centre for Asia Capability ((Asialink Business)) အတွက် ရံပုံငွေကိုလည်း ၄ နှစ် ထပ်တိုးလိုက်ပြီး ၁၄.၉ သန်း ချမှတ်ပေးမှာဖြစ်ပါတယ်။


ဒါ့အပြင် အင်ဒို-ပစိဖိတ် နိုင်ငံတွေနဲ့ ဆက်စပ်ပြီး အစိုးရက ဘတ်ဂျက်မှာ ၃၁.၉ သန်း ရာထားပါတယ်။


လူဝင်မှု ကြီးကြပ်ရေး

အစိုးရက ဩစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ ကျွမ်းကျင်အလုပ်သမားတွေ လုံလောက်စွာ ရရှိဖို့အတွက် ပြည်ပက အလုပ်သမား ခေါ်ယူရေးကိုလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ကျွမ်းကျင်အလုပ်သမားတွေ ရရှိဖို့အတွက်၊ ဗီဇာလျှောက်လွှာတွေ မြန်ဆန်စွာ စိစစ်နိုင်ဖို့စတာတွေနဲ့ ဆက်စပ်ပြီး ဒေါ်လာ ၁၇၅ သန်းကျော်ချပေးဖို့ ရှိပါတယ်။


ဒီနှစ် ဖေဖော်ဝါရီလ ၁၄ ရက် မတိုင်ခင် Temporary Protection ((subclass 785)) Visa ((TPV)) and Safe Haven Enterprise ((subclass 790)) Visa ((SHEV)) စတဲ့ ဗီဇာကိုင်ဆောင်ထားသူတွေကိုလည်း အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ စိစစ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဗီဇာစိစစ်မှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ဗီဇာချမှတ်ရေး အာဏာပိုင်တွေကိုလည်း ဒေါ်လာ ၄ သန်း ထပ်မံ ချပေးမှာ ဖြစ်ပါတယ်။


အခြေချနေထိုင်ရေး

ပြည်ပကနေ ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေ အခြေချနေထိုင်ဖို့အတွက် ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေကိုလည်း အစိုးရက ၉.၁ သန်း ချမှတ်ပေးမှာ ဖြစ်ပါတယ်။


မီဒီယာ

အစိုးရက သတင်းနဲ့ မီဒီယာလုပ်ငန်းအတွက် ဒေါ်လာ ၉.၁ သန်း ချမှတ်ပေးမှာဖြစ်ပြီး ၅ သန်းကို Australian Associated Press အတွက်၊ ၂ သန်းကို အင်္ဂလိပ်စကားပြော နောက်ခံကမဟုတ်တဲ့ အသိုင်းအဝိုင်းအတွက်နဲ့ ၁.၆ သန်းကို လူတွေ သတင်းမီဒီယာ စိတ်ဝင်စားအောင်လုပ်ဆောင်ဖို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။


SBS ABC

Australian Broadcasting Corporation [ABC] က ၅ နှစ်စာအတွက် ၆ ဘီလီယံ ရံပုံငွေရမှာဖြစ်ပြီး SBS (Special Broadcasting Service) က ၁.၈ ဘီလီယံရရှိမှာ ဖြစ်ပါတယ်။


Share

Published

By SBS NACA
Source: SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service