Explainer

ပြည်နယ်နဲ့ ဒေသအလိုက် COVID-19 isolation နဲ့ ရောဂါစမ်းသပ်စစ်ဆေးမှုဆိုင်ရာ စည်းမျဉ်းများ

ခရစ္စမတ်နဲ့ နှစ်သစ်ကူး ရုံးပိတ်၊ ကျောင်းပိတ်ကာလ ရောက်လာတာနဲ့အမျှ သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေလည်း များလာနေပြီး ရောဂါကူးစက်မှုရှိမရှိ လိုက်ပြီး စစ်ဆေးခံရတဲ့လူတွေနဲ့ နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်မှု isolation လုပ်ရမယ့် လူတွေလည်း ပိုများလာပါတယ်။

Graphic showing map and woman wearing mask

Source: SBS News

သြစတြေးလျနိုင်ငံအတွင်းက ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရတွေဟာ ဘယ်လို လူတွေကို ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့သူအဖြစ် သတ်မှတ်ကြောင်း၊ ဘယ်လို အနေအထားမှာ ခွဲခြားနေထိုင်မှု လုပ်သင့်ကြောင်း စတဲ့ သတ်မှတ်ချက် စည်းမျဉ်းတွေကို တမျိုးစီ သတ်မှတ်နေကြပါတယ်။
 
ဥပမာ New South Wales ပြည်နယ်မှာဆိုရင် တစ်အိမ်တည်း အတူတူ နေထိုင်တဲ့ လူတွေကိုသာ ရောဂါရှိသူနဲ့ ထိတွေ့သူ close contact အဖြစ် သတ်မှတ်မယ်လို့ ပြောပါတယ်။
 
Australian Capital Territory အစိုးရကလည်း ကွာရန်တင်း ဆိုင်ရာမှာ ဖြေလျှော့မှု လုပ်ပေးထားပါတယ်။ အဲဒီတော့ ပြည်နယ်အလိုက် ဒေသအလိုက် စည်းမျဉ်းတွေ၊ သတ်မှတ်ချက်တွေကို လေ့လာကြမှာ ဖြစ်ပါတယ်။

New South Wales

NSW ပြည်နယ် ဆစ်ဒနီမြို့နဲ့ Newcastle မြို့က နိုက်ကလပ်၊ စားသောက်ဆိုင်တွေကို သွားရောက်ခဲ့သူတွေအများအပြားဟာ ရောဂါရှိသူနဲ့ ထိတွေ့သူအဖြစ် သတ်မှတ်ခံရပြီး နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်မှု လုပ်နေရပါတယ်။
Newcastle မှာ ဒီဇင်ဘာ ၈ ရက်နေ့တုန်းက Argyle House နိုက်ကလပ်ကို သွားရောက်ခဲ့သူ အယောက် ၆၈၀ ထဲမှာ ၂၀၀ ကျော် ကူးစက်မှု ခံခဲ့ရပါတယ်။
အဲဒီနိုက်ကလပ်မှာ ဒီဇင်ဘာလ ၈ ရက် ညနေ ၉  နာရီကနေ ဒီဇင်ဘာလ ၉  ရက် မနက် ၃ နာရီအကြား သွားလာခဲ့သူတွေအားလုံးကို ရောဂါရှိသူနဲ့ ထိတွေ့သူအဖြစ် သတ်မှတ်တဲ့အတွက် ချက်ခြင်း ရောဂါရှိမရှိ စစ်ဆေးမှု ခံယူပြီး နေအိမ်မှာ ၇ ရက် သီးသန့်နေထိုင်မှု လုပ်ရမှာ ဖြစ်ပါတယ်။
 
နောက်ဖြစ်ရပ်တစ်ခုမှာတော့ Finnegan ဟိုတယ်မှာ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၆ နာရီခွဲကနေ ဒီဇင်ဘာ ၁၁ ရက် မနက် ၂ နာရီခွဲအထိ သွားလာခဲ့သူတွေလည်း အလားတူ လုပ်ဆောင်ရမယ်လို့  NSW Health က ပြောပါတယ်။  
ဗုဒ္စဟူးနေ့မှာ NSW ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ရောဂါရှိသူနဲ့ ထိတွေ့သူ close contacts တွေအဖြစ် တစ်အိမ်တည်း အတူနေထိုင်သူတွေကိုသာ အဓိကထား သတ်မှတ်မယ်လို့ ပြောပါတယ်။
Healthcare workers administer COVID-19 tests at the St Vincent's Hospital drive-through testing clinic at Bondi Beach in Sydney, Wednesday, December 15, 2021.
Healthcare workers administer COVID-19 tests at the St Vincent's Hospital drive-through testing clinic at Bondi Beach in Sydney, Wednesday, December 15, 2021. Source: AAP
တစ်အိမ်တည်း မနေတဲ့ လူတွေကိုလည်း ကျန်းမာရေးဌာနက ရောဂါရှိသူနဲ့ ထိတွေ့သူအဖြစ် သတ်မှတ်နိုင်ပြီး အဲလို အနေအထားမှာဆိုရင် နေအိမ်မှာ ၇ ရက် သီးသန့်နေထိုင်မှု လုပ်မယ့်အစား ကိုဗစ်-၁၉  ရောဂါ စမ်းသပ်စစ်ဆေးပြီး ရောဂါမရှိတာနဲ့ အပြင်ထွက် သွားလာခွင့်ရှိပါတယ်။
 
NSW Health ရဲ့ အဆိုအရ ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့ ထိတွေ့မှု ရှိသူအနေနဲ့ negative ရလာဒ် ထွက်လာတဲ့အထိသာ နေအိမ်မှာ နေရမှာဖြစ်ပေမယ့် တစ်အိမ်တည်းအတူနေတဲ့ ထိတွေ့မှုရှိသူ သို့မဟုတ် ကျန်းမာရေးဌာနက ထိတွေ့မှုရှိသူအဖြစ် သတ်မှတ်ခံရသူတွေကသာ ၇ ရက်ကြာ သီးသန့်နေထိုင်ရမှာဖြစ်သလို ကိုဗစ်-၁၉  ရောဂါရှိမရှိလည်း စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
အခုလောလောဆယ် သီးသန့်နေထိုင်မှု လုပ်နေရသူတွေဟာ ရောဂါရှိသူနဲ့ တစ်အိမ်တည်း နေထိုင်ကြသူတွေ ဒါမှမဟုတ် ကူးစက်နိုင်ခြေ များတဲ့ အနေအထားမှာရှိလို့ ရောဂါရှိသူနဲ့ ထိတွေ့မှုရှိသူအဖြစ် သတ်မှတ်တာလို့ ပြောပါတယ်။
 
အဲဒါကြောင့် အများစုက ၇ ရက်ကြာ သီးသန့်နေထိုင်မှု လုပ်ရမှာ ဖြစ်ပြီး ပထမ ရက်နဲ့ ၆ ရက်မြောက်နေ့မှာ PCR စမ်းသပ်မှု လုပ်ရမှာ ဖြစ်ပါတယ်။
တချို့လူအနည်းငယ်ကတော့ အဖြေ negative ထွက်လာတာနဲ့ သီးသန့်နေထိုင်စရာ မလိုတော့ပါဘူး။
 
Self-isolation ဆိုတာ နေအိမ်မှာ ဒါမှမဟုတ် ဟိုတယ်လို့ နေရာ တစ်ခုမှာ သီးသန့်ခွဲခြားနေထိုင်ခြင်း ဖြစ်ပါတယ်။
NSW Premier Dominic Perrottet
NSW Premier Dominic Perrottet. Source: AAP

Victoria

ဗစ်တိုးရီးယားပြည်နယ်မှာတော့ သောကြာနေ့တုန်းက Fitzroy ရပ်ကွက်က  Sircuit Bar နဲ့ Collingwood ရပ်ကွက်က Peel Hotel ကို သွားရောက်ခဲ့သူ လူပေါင်း ၇၀၀ ကျော် သီးသန့်ခွဲခြားနေထိုင်မှု လုပ်နေရပါတယ်။
 
Sircuit ဘားက လူ ၄၀၀ နဲ့  Peel ဟိုတယ်က လူ ၃၂၀ တို့ကို ရောဂါရှိသူနဲ့ ထိတွေ့မှုရှိသူ close contacts အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး အဲဒီလူတွေအားလုံးဟာ PCR နည်းနဲ့ ရောဂါရှိမရှိ စစ်ဆေးမှု ခံယူပြီး နေအိမ်မှာ ၇ ရက်ကြာ သီးသန့်နေထိုင်ရမှာဖြစ်ပြီး ကာကွယ်ဆေး အပြည့်အဝ မထိုးထားရင် ၁၄ ရက်ကြာ သီးသန့်နေထိုင်မှု လုပ်ရမှာ ဖြစ်ပါတယ်။
Victoria ကျန်းမာရေးဌာနက ရောဂါရှိသူနဲ့ ထိတွေ့သူကို အမျိုးအစား ၄ မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။   တစ်အိမ်တည်းနေသူ household (ရောဂါရှိသူနဲ့ တစ်အိမ်တည်းအတူနေသူ ဒါမှမဟုတ်  နေရာတစ်ခုမှာ ၄ နာရီကျော်အကြာ အတူတူ နေထိုင်သူ) , social (ရောဂါရှိသူနဲ့ အတူသွားလာပေပါင်းသင်းပေမယ့် တစိအိမ်တည်း အတူမနေသူ), workplace (ရောဂါရှိသူနဲ့ အတူတူ အလုပ်လုပ်သူ) ဒါမှမဟုတ် education (ရောဂါရှိသူ ဒါမှမဟုတ် အဲဒီလူရဲ့ ကလေးနဲ့ တစ်နေရာမှာ အတူတူနေသူ) ဆိုပြီး သတ်မှတ်ထားပါတယ်။
 
တစ်အိမ်တည်းနေသူ household contacts တွေဆိုရင် ၇ ရက်ကြာ သီးသန့်နေထိုင်ရမှာဖြစ်ပြီး ကာကွယ်ဆေး မထိုးထားဘူးဆိုရင် ၁၄ ရက်ကြာ သီးသန့်နေထိုင်ရမှာ ဖြစ်ပါတယ်။ အားလုံးက  PCR နည်းနဲ့ ရောဂါ စစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ကွာရန်တင်းဝင်တုန်း ရောဂါလက္ခာဏာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။  
ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့လူတွေက ၆ ရက်မြောက်နေ့မှာ တစ်ကြိမ် ရောဂါ ထပ်မံစစ်ဆေးရမှာဖြစ်ပြီး ရောဂါမရှိရင် ၇ ရက်မြောက်နေ့မှာ အပြင်သွားလာခွင့် ရှိပါတယ်။ ကာကွယ်ဆေး မထိုးထားတဲ့လူတွေကတော့ ၁၃ ရက်မြောက်နေ့မှာ ရောဂါစစ်ဆေးမှု တစ်ကြိမ် ထပ်မံခံယူပြီး ရောဂါမရှိရင် ၁၄ ရက်မြောက်နေ့မှာ အပြင်သွားလာခွင့်ရမှာ ဖြစ်ပါတယ်။ 
 
Social contacts တွေကိုလည်း ချက်ခြင်း PCR နည်းနဲ့ စစ်ဆေးမှု ခံယူဖို့ တိုက်တွန်းထားပြီး ရောဂါမရှိကြောင်း အဖြေထွက်တဲ့အထိ နေအိမ်မှာနေဖို့ အကြံပြုထားပါတယ်။
 Workplace ဒါမှမဟုတ် education contacts တွေကလည်း ၂၄ နာရီအတွင်း ရောဂါစစ်ဆေးမှု ခံယူပြီး ရောဂါမရှိကြောင်း အဖြေ ထွက်တဲ့အထိ သီးသန့်ခွဲခြားနေထိုင်ရမှာ ဖြစ်ပါတယ်။

Queensland

Queensland ပြည်နယ်မှာတော့ close contacts လို့ သတ်မှတ်ခံရသူ မှန်သမျှ ချက်ခြင်းဆိုသလို ရောဂါစစ်ဆေးမှုခံယူပြီး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး အွန်လိုင်းကနေတဆင့် ကွင်းစလန်း ကျန်းမာရေးဆက်သွယ်နိုင်ဖို့  close contact form ကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
စစ်ဆေးမှု ရလာဒ်က ရောဂါမရှိဘူးလို့ ပြသရင်တောင် ၁၄ ရက် ပြည့်တဲ့အထိ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး close contact နဲ့ တစ်အိမ်တည်းအတူနေသူတွေကို secondary contacts လို့ သတ်မှတ်ပြီး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်သလို ဒါမှမဟုတ် ကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်အပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ 
ရောဂါလက္ခဏာပြမှသာလျှင် ဒါမှမဟုတ် တစ်အိမ်တည်းနေသူ တစ်ဦးဦး ရောဂါရှိမှသာ ရောဂါစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ရောဂါမရှိဘူးလို့ ပြသရင် အိမ်အပြင်ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။
 
Casual contacts  လို့ သတ်မှတ်ခံရရင်လည်း ချက်ခြင်း ရောဂါစစ်ဆေးမှု ခံယူပြီး ရောဂါမရှိကြောင်း အဖြေမထွက်မခြင်း ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ low-risk contacts လို့ သတ်မှတ်ခံရရင် ရောဂါရှိမရှိ စစ်ဆေးခံရမှာဖြစ်ပေမယ့် ကွာရန်တင်း ဝင်စရာ မလိုအပ်ပါဘူး။
Australian Capital Territory

Close contacts ဆိုရင် ချက်ခြင်း ကွာရန်တင်းဝင်ရမှာဖြစ်ပြီး  ကျန်းမာရေးဌာနရဲ့ တိုက်ရိုက်ညွန်ကြားမှု မခံရရင် ACT Contact Declaration Form ဖြည့်စွက်ရမှာဖြစ်ပြီး ရောဂါရှိမရှိ စစ်ဆေးမှုခံယူပြီး အကြံပြုချက်အတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။
ကွာရန်တင်းဝင်ရမလား၊ ရောဂါစစ်ဆေးမှု ခံယူရမလားဆိုတာကတော့ ကာကွယ်ဆေး ထိုးခြင်းမထိုးခြင်းအပေါ် မူတည်ပါတယ်။ ကာကွယ်ဆေး အပြည့်အဝထိုးထားသူတွေ စစ်ဆေးမှု အဖြေက ရောဂါမရှိချင်နေ ၇ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ၇ ရက်မြောက်နေ့မှာ သွားလာခွင့်ရပေမယ့် ၆ ရက်မြောက်နေ့မှာ တစ်ကြိမ်ပြီးတော့ ၁၂ ရက် သို့မဟုတ် ၁၃ ရက်မြောက်နေ့မှာ တစ်ကြိမ် ရောဂါရှိမရှိ ထပ်မံစစ်ဆေးရမှာ ဖြစ်ပါတယ်။
 
ကာကွယ်ဆေး အပြည့်အဝ မထိုးထားတဲ့လူတွေကတော့ စစ်ဆေးမှု ရလာဒ်က ရောဂါမရှိဘူးလို့ ပြသနေပါစေ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ၆ ရက်မြောက်နဲ့ ၁၂ ရက် ဒါမှမဟုတ် ၁၃ ရက်မြောက်နေ့မှာ ထပ်မံ စစ်ဆေးမှုခံယူရမှာဖြစ်ပြီး ရောဂါမရှိမှသာ အပြင်သွားလာခွင့်ရမှာ ဖြစ်ပါတယ်။
 
 
close contacts နဲ့ တစ်အိမ်တည်းနေတဲ့ Household contacts တွေလည်း ကွာရန်တင်းဝင်စရာ မလိုတော့ပါဘူး။
ကာကွယ်ဆေးမထိုးထားတဲ့ close contacts တွေကတော့ ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။

South Australia

Isolate and Quarantine (TTIQ) ပုံစံကို နိုဝင်ဘာလ ၂၃ ရက်နေ့ကစတင်အသုံးပြုပြီး အဲဒီနည်းက ကွာရန်တင်းဝင်မှု နည်းပါးအောင်၊ ကွာရန်တင်းဝင်ရတဲ့ကာလ ပိုတိုအောင် လုပ်ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။
 
TTIQ ပုံစံအရ casual contact ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့သူ close contact တွေကို ပြည်နယ်ကျန်းမာရေးဌာနက ဆက်သွယ်လာမှာဖြစ်ပြီး ရောဂါစစ်ဆေးမှု ခံယူဖို့သင့်မသင့်နဲ့ ကွာရန်တင်းဝင်စရာ လိုမလို အကြံပေးမှာ ဖြစ်ပါတယ်။

Western Australia

Western Australia မှာတော့ ရောဂါကို ကောင်းမွန်စွာ ခြေရာခံနိုင်ရင် ဘယ်နေရာ၊ ဘယ်ရပ်ကွက်မှာ ဖြစ်နေတယ်ဆိုတာကို ဖော်ထုတ်မှာမဟုတ်ပေမယ့်  close ဒါမှမဟုတ် casual contacts ကို ခြေရာခံဖို့ ခက်ရင်တော့ နေရာကို ဖော်ပြမှုလုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာ exposure sites ကိုလည်း အများပြည်သူ သိရှိအောင် ဖော်ပြထားပြီး ဖော်ပြတဲ့ အချိန်မှာ အဲဒီနေရာကို သွားလာခဲ့ရင် ချက်ခြင်း စစ်ဆေးမှုခံယူပြီး ရောဂါမရှိဘူးလို့ အဖြေထွက်တဲ့အထိ သီးသန့်နေထိုင်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးဌာနရဲ့ အကြံပြုချက်အတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။

Northern Territory

Northern Territory မှာတော့ ထိတွေ့မှုရှိသူ contacts တွေကို အမျိုးအစား ၄ မျိုး ခွဲခြားထားပါတယ်။ အဲဒါတွေကတော့ close, casual or low-risk contacts, or locations of concern တို့ ဖြစ်ပါတယ်။
 
ရောဂါရှိသူတွေ သွားလာခဲ့တဲ့ နေရာနဲ့ အချိန်မှာ သွားလာခဲ့ရင် ချက်ခြင်း ကွာရန်တင်းဝင်ရမှာဖြစ်သလို  COVID-19 Hotline ရဲ့ဖုန်းဖြစ်တဲ့ 1800 490 484 ကို ဖုန်းဆက်ပြီး ရောဂါစစ်ဆေးမှု ခံယူရမှာ ဖြစ်သလို ၁၄ ရက်ကြာ ကွာရန်တင်း ဝင်ရမှာ ဖြစ်ပါတယ်။
 
Casual contacts တွေလည်း အလားတူ ချက်ခြင်းကွာရန်တင်းဝင်ရမှာဖြစ်ပြီး  hotline  နံပတ်ကို ဖုန်းဆက်ပြီး ရောဂါစစ်ဆေးမှု ခံယူရမှာဖြစ်ပေမယ့် ရောဂါမရှိဘူးလို့ အဖြေထွက်တာနဲ့ အပြင်သွားလာခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၄ ရက်အတွင်း ရောဂါလက္ခဏကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
 
Low-risk contacts တွေကတော့ ၁၄ ရက်ကာလအတွင်း ရောဂါလက္ခဏာကို စောင့်ကြည့်ရမှာဖြစ်ပြီး လက္ခဏာပြတာနဲ့ ကွာရန်တင်းဝင်ပြီး စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။
စိုးရိမ်ဖွယ်ရာနေရာ location of concern ကို သွားရောက်ခဲ့သူတွေကတော့ ရောဂါမရှိဘူးလို့ အဖြေထွက်တဲ့အထိ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Tasmania

Tasmania ပြည်နယ်မှာတော့ ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာ  exposure site ကို သွားလာတဲ့လူတွေကို close, casual or low-risk contact ဆိုပြီး သတ်မှတ်ထားပါတယ်။
 
close contact ဆိုတာ ရောဂါရှိသူနဲ့ အနည်းဆုံး ၁၅ မိနစ် မျက်နှာခြင်းဆိုင် ထိတွေ့ဖူးသူ၊ တစ်အိမ်တည်း အတူနေထိုင်သူ၊ တစ်နေရာတည်း အလုပ်လုပ်သူတွေကို သတ်မှတ်တာ ဖြစ်ပါတယ်။
ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့ Close contacts တွေက ရောဂါစစ်ဆေးမှုခံယူပြီး ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ၅ ရက် ဒါမှမဟုတ် ၆ ရက်မြောက်နေ့မှာ ထပ်မံစစ်ဆေးခံရမှာဖြစ်ပြီး ရောဂါမရှိရင် ၇ ရက်မြောက်နေ့မှာ အပြင်သွားလာခွင့်ရမှာ ဖြစ်ပါတယ်။
နောက်ထပ် ၇ ရက်အတွင်းမှာတော့ ရောဂါကူးစက်နိုင်ခြေများတဲ့ နေရာကို ရှောင်ရှားရမှာဖြစ်ပြီး ၁၂ ရက် ဒါမှမဟုတ် ၁၃ ရက်မြောက်နေ့မှာ နောက်တစ်ကြိမ်း စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။
 
ကာကွယ်ဆေး မထိုးထားတဲ့လူတွေကတော့ ချက်ခြင်း စစ်ဆေးမှုခံယူပြီး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ၁၂ ရက် ဒါမှမဟုတ် ၁၃ ရက်မြောက်မှာ နောက်တစ်ကြိမ် စစ်ဆေးမှုခံယူရမှာဖြစ်ပြီး ၁၄ ရက်လောက်မှာ ရောဂါမရှိဘူးဆိုရင် အပြင်သွားလာခွင့်ရမှာ ဖြစ်ပါတယ်။
 
Casual contacts တွေဆိုတာ ရောဂါရှိသူ သွားလာခဲ့တဲ့နေရာ သွားခဲ့သူဖြစ်ပေမယ့် close contact မဟုတ်တဲ့လူတွေကို ဆိုလိုပါတယ်။ အဲဒီလူတွေက ကွာရန်တင်းဝင်စရာမလိုပေမယ့် ၁၄ ရက်အတွင်း နှာခေါင်းစည်း တပ်ဆင်ဖို့နဲ့ ၃ ရက်နဲ့ ၅ ရက်မြောက် နေ့လောက်မှာ ရောဂါစစ်ဆေးမှုခံယူဖို့ ညွန်ကြားထားပါတယ်။ 
 
ကာကွယ်ဆေးထိုးထားသူဖြစ်စေ မထိုးထားတဲ့ casual contacts ဖြစ်နေပါစေ၊ ရောဂါလက္ခဏာ ပြလာရင်တော့ ချက်ခြင်း သီးသန့်ခွဲခြားနေထိုင်မှုလုပ်ပြီး ရောဂါစစ်ဆေးမှုခံယူရမှာ ဖြစ်ပါတယ်။
With additional reporting by AAP. 


Share

Published

By Emma Brancatisano
Source: SBS News

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service