SKIP TO MAIN CONTENT

လျှပ်စစ်ကားစျေးကွက် မြင့်တင်ဖို့ အစိုးရကြိုးစားနေ၊ ဘယ်လို လုပ်ဖို့ရှိလဲ။

ဩစတြေးလျနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ ယှဥ်ရင် ညစ်ညမ်းကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုနည်းတဲ့ ကားတွေကို အသုံးပြုမှုမှာ တခြားနိုင်ငံတွေထက် နောက်ကျနေပြီး ဒါ်ေလာ ၆၀၀၀၀ အောက်အတွက် ရွေးချယ်စရာ လျှပ်စစ်ကား ၈ မျိုးသာရှိတာ ဖြစ်ပါတယ်။

Electrical cars
專家預計電動車今年或現減價戰。 Source: SBS / SBS News

1 min read

Published

Updated

Source: SBS


Skip to article content

ဒါကြောင့် အစိုးရက ဩစတြေးလျနိုင်ငံမှာ လျှပ်စစ်ကားတွေ ပိုများလာအောင်လုပ်ဆာင်ပေးဖို့ ကြိုးစားနေပါတယ်။

လျှပ်စစ်ကားတွေ စျေးနှုန်းမြင့်မားမှု ရွေးချယ်စရာနည်းပါးမှုနဲ့ စာေင့်ဆိုင်းရချိန် ကြာမြင့်မှုတွေကြောင့် လျှပ်စစ်ကား အသုံးပြုမှုတွေ နည်းပေမယ့် ဒီနောက်ပိုင်းမှာ ဝယ်ယူရလွယ်ကူပြီး ရွေးချယ်စရာ ပိုများလာအောင် လုပ်ဆောင်ေပးမယ်လို့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဝန်ကြီး ခရစ်စ် ဘိုဝင် က ပြောပါတယ်။

နိုင်ငံအတွင်း အသုံးပြုတဲ့ လောင်စာဆီတွေ အရည်အသွေး ပိုမြင့်ဖို့နဲ့ လျှပ်စစ်ကားစျေးကွက် တိုးချဲ့ဖို့ ပြည်နယ်နဲ့ ဒေသအစိုးရတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ညစ်ညမ်းဓာတ်ငွေ့ထုတ်လုပ်မှုနည်းတဲ့ ကားတွေကို အသုံးပြုမှုဟာ ပျှမ်းမျှအားဖြင့် ကမ္ဘာမှာ ၅% ရှိပေမယ့် ဩစတြေးလျမှာ ၂% သာ ရှိပါတယ်။

တိုးတက်တဲ့ နိုင်ငံတွေထဲမှာ ရုရှားပြီးရင် ဩစတြေးလျကသာ လောင်စာဆီ အသုံးနည်းတဲ့ ကားကို အသုံးပြုမှု လုပ်သင့်သလောက် မလုပ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တခြားနိုင်ငံမှာ ရောင်းမထွက်တဲ့ နည်းပညာဟောင်း ကားတွေကို ဩစတြေးလျမှာ ပို့ဆောင်နေကြတဲ့အတွက် နည်းပညာခတ်မမှီတဲ့ ကားေတွကို စွန့်ပစ်ခံရတဲ့နိုင်ငံလို ဖြစ်နေပြီလို့လည်း ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဝန်ကြီးက ပြောပါတယ်။

အစိုးရရဲ့ ကြိုးစားမှုကို နည်းပညာပိုင်းဆိုင်ရာ သူငှေးကြီး Mike Cannon-Brookes က ကြိုဆိုလိုက်ပါတယ်။

လျှပ်စစ်ကားနဲ့ ပတ်သက်လာရင် ဩစတြေးလျဟာ ဥရောပထက် ၁၀ နှစ် နောက်ကျကျန်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

လွှတ်တော်မှာလည်း လျှပ်စစ်ကား အသုံးပြုမှု ပိုတွင်ကျယ်အောင် ဥပဒေတွေ အဆိုပြုဖို့ ရှိနေပါတယ်။

အစိုးရရဲ့ ကြေညာချက်ကို ACT ဒေသအကြီးအကဲကလည်း ကြိုဆိုလိုက်ပါတယ်။ အဲဒီဒေသမှာ ၂၀၃၅ ခုနှစ်နောက်ပိုင်း လောင်စာဆီအသုံးပြုတဲ့ ကားတွေကို ရောင်းချခွင့် ပိတ်ပင်တော့မှာလည်း ဖြစ်ပါတယ်။

လူတွေ လျှပ်စစ်ကား ပိုအသုံးပြုလာအောင် မက်လုံးတွေပးေပြီး လုပ်ဆောင်သင့်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

Additional reporting by Naveen Razik


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now