SKIP TO MAIN CONTENT

လောင်စာဆီစျေးနှုန်း လျှော့ချတာကို ဆက်မလုပ်ပေးနိုင်ဘူးလို့ အစိုးရပြော

ဩစတြေးလျနိုင်ငံမှာ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် ယခင် လစ်ဘရယ်-နေရှင်နယ် အစိုးရ လက်ထက်တုန်းက ၆ လအတွင်း ဆီစျေးကို တစ်လီတာမှာ ၂၂.၁ စင့် စျေးနှုန်း လျှော့ချ ပေးခဲ့ပေမယ့် လက်ရှိအစိုးရက ဆီစျေးသက်သာအောင် ဆက်မလုပ်ပေးနိုင်ဘူးလို့ ပြောပါတယ်။

Australian Federal budget 2022
Source: SBS

2 min read

Published

Updated

Source: SBS


Skip to article content

ဩစတြေးလျနိုင်ငံမှာ ကားဆီဖြည့်တဲ့အခါတိုင်း တစ်လီတာမှာ fuel excise အခွန်အတွက် ၄၄.၂ စင့် ပေးဆောင်ရတာဖြစ်ပါတယ်။

အဲဒီငွေတွေကို လမ်းပြုပြင်ရေးနဲ့ လမ်း တိုးချဲ့ရေးတွေအတွက် အစိုးရက ပြန်သုံးတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားက ယူကရိန်းထဲ ဝင်ရောက်ပြီးတဲ့နောက် ဆီစျေးနဲ့ တခြားကုန်ပစ္စည်းစျေးတွေ ထိုးထက်လာတဲ့နောက်ပိုင်း အစိုးရက ဆီထည့်တဲ့အခါ လူတွေကို တစ်လီတာမှာ ၄၄.၂ စင့် ေပးခိုင်းမယ့်အစား ၂၂.၁ စင့်သာ တောင်းခံပြီး အခွန်ငွေ တဝက်လျှော့ချပေးခဲ့ပါတယ်။

မေလကနေ စက်တင်ဘာလ ကုန်အထိ လျှော့ပေါ့ပေးတာဖြစ်ပါတယ်။

ဆီစျေးသက်သာအောင် လုပ်ဆောင်ပေးတဲ့ အစီအစဥ်ကို ယခင် အစိုးရက ချမှတ်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်ခင် လုပ်တာဖြစ်တဲ့အတွက် မဲဆွယ်တဲ့နည်းလမ်းဖြစ်မယ်လို့ တချို့က သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမှာ ယခင်အစိုးရ ရှုံးနိမ့်ပြီး လေဘာပါတီ အာဏာရလာပါတယ်။

လေဘာပါတီကတော့ စက်တင်ဘာလနောက်ပိုင်း ဆီထည့်တဲ့အခါ စျေးသက်သာအောင် ဆက်မလုပ်ပေးနိုင်ဘူးလို့ ပြောပါတယ်။

ဘဏ္ဏာရေးဝန်ကြီး Jim Chalmers ရဲ့ အဆိုအရ ၆ လအတွင်း ဆီစျေးသက်သာအောင် လုပ်ဆောင်တဲ့နည်းလမ်းက အစိုးရကို ဒေါ်လာ ၃ ဘီလီယံ နစ်နာစေတာဖြစ်ပြီး ဆက်လက် လုပ်ဆောင်ပေးဖို့ အစိုးရအနေနဲ့ မတတ်နိုင်တော့ဘူးလို့ ပြောပါတယ်။

Grattan Institute က Marion Terrill ကလည်း ဆီစျေးသက်သာအောင် လုပ်ဆောင်ပေးတဲ့ နည်းလမ်းက ဝင်ငွေနည်းတဲ့ လူတွေအတွက် အကျိုးမရှိသလို လက်တွေ့လည်း မကျဘူးလို့ ထောက်ပြပါတယ်။

အဲဒီနည်းလမ်းက နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို နစ်နာစေတဲ့အတွက် အစိုးရအနေနဲ့ သက်တမ်း ဆက်မတိုးပေးတာ နားလည်နိုင်တယ်လို့ ပြောပါတယ်။

Macquaire တက္ကသိုလ်က စီးပွားရေးဆိုင်ရာ အကြီးတမ်း စာပြပုဂ္ဂိုလ် ဒေါက်တာ Lurion De Mello ကလည်း အခုဆိုရင် ရေနံစိမ်းစျေးကျလာတဲ့အတွက် ဆီစျေးသက်သာအောင် အစိုးရ လုပ်ပေးစရာ မလိုတော့ဘူးလို့ မြင်တယ်လို့လည်း ပြောပါတယ်။

ဒီနောက်ပိုင်း ဆီစျေးဘယ်လို ရှိမလဲဆိုတာကိုလည်း ပညာရှင်တွေ ကျွမ်းကျင်သူတွေ မခန့်မှန်းနိုင်ကြသေးပါဘူး။

လောင်စာဆီစျေးဟာ အင်မတန် အပြောင်းအလဲများတဲ့ စျေးကွက်ဖြစ်တဲ့အတွက် မခန့်မှန်းနိုင်ကြတာ ဖြစ်ပေမယ့် လတ်တလော အနေအထားအရ ဆီစျေးက မဆိုးလှပေမယ့် စက်တင်ဘာလနောက်ပိုင်းကြရင် ဆီတလီတာစီအတွက် ၂၂.၁ စင့် ပိုပေးရမယ့် အနေအထား ဖြစ်ပါတယ်။

အဲဒါကြောင့် ရေနံဆီက တစ်လီတာ ၂ ဒေါ်လာ ဖြစ်နိုင်ပြီး ဒီဇယ်က ၂.၃၀ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ms Terrill က လောင်စာဆီစျေး လျှော့ပေးတာဟာ လက်တွေ့မကျတာမို့ အစိုးရအနေနဲ့ လူတွေကို သက်သာစေချင်ရင် တခြားနည်းနဲ့ သက်သာအောင် လုပ်ပေးသင့်တယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ လူတွေရဲ့ အသုံးစရိတ် သက်သာအောင် အဓိက ရည်ရွယ်တယ်ဆိုရင်တော့ ဝင်ငွေနည်းတဲ့ လူတွေက ကားမောင်းမှာမဟုတ်တဲ့အတွက် ဆီစျေးလျှော့ပေးတာ လက်တွေ့မကျပဲ အဲဒီအစား အခွန်ငွေ သက်သာအောင် လုပ်ပေးတာတွေ ဒါမှမဟုတ် အလုပ်လက်မဲ့ သူတွေကို ပေးတဲ့ ထောက်ပ့ဲကြေး အနည်းငယ် တိုးမြင့်ပေးတာမျိုးတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။

စက်တင်ဘာလနောက်ပိုင်းကြရင် ဆီစျေးပြန်တက်လာမှာမို့လို့ ဘယ်ဆိုင်မှာ ဆီစျေးဘယ်လောက် ရှိသလဲ ဆိုတာ

သိရအောင် fuel app တွေကို ဒေါင်းလုပ် လုပ်ထားပြီး ယှဥ်ကြည့်သင့်တယ်လို့ အကြံပြုထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now