Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဂါဇာမှာ incubator အသုံးပြုနေတဲ့ ကလေးငယ် ၁၃၀ ရှိ၊ မီးပျက်တာနဲ့ အချိန်မရွေးသေဆုံးနိုင်

ဂါဇာဒေသက ကလေးအထူးကြပ်မတ်ဆောင်မှာ အလုပ်လုပ်နေကြတဲ့ ဆရာဝန်တွေဟာ သူတို့ ဆေးရုံက လူနာသေးသေးလေးတွေ အသက်ရှင်ရေးအတွက် မီးတွေမပြတ်သွားအောင် အစွမ်းကုန်လုပ်ဆောင်နေကြရပါတယ်။

Israel Palestinians Companies React

File - Rockets from the Israeli Iron Dome air defense system maneuver to intercept a rocket fired from the Gaza Strip, in Ashkelon, Israel, Thursday, Oct. 19, 2023. Source: AP / Tsafrir Abayov/AP/AAP Image

မီးတွေ ပျက်သွားရင် incubator အသုံးပြုနေရတဲ့ ကလေးငယ်တွေ မိနစ်ပိုင်းအတွင်း သေဆုံးသွားနိုင်ပြီး လျပ်စစ်မီးအပြင် အခြား အခြေခံ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Al-Shifa ဆေးရုံ တစ်ခုတည်းမှာပဲ အဲလို အကူပစ္စည်းနဲ့ အသက်ရှုရတဲ့ ကလေးငယ် ၅၅ ဦးရှိပြီး ဂါဇာ ဒေသတစ်ခုလုံးမှာ ကလေးငယ် ၁၃၀ လောက် လျပ်စစ်ကို အားကိုးနေရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အရေးပေါ် အခြေအနေမှာ လိုအပ်မဲ့ လောင်စာဆီတွေ ရရှိဖို့အတွက် ဆရာဝန်တွေက ပန်ကြားမှုလုပ်ဆောင်နေပြီး ဆီဆိုင်တွေကိုလည်း ဆီတွေ လိုက်တောင်းနေရတယ်လို့ ပြောပြပါတယ်။

ဟားမတ်စ် စစ်သွေးကြွအဖွဲ့က သူတို့ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ နှစ်ဦးကို ထပ်မံ လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အရင်ရက်တုန်းက နှစ်ဦး လွတ်ပေးခဲ့ပြီးနောက် ဒီတချီမှာ အသက် ၈၅ နှစ်အရွယ် Yocheved Lifshitz နဲ့ အသက် ၇၅ နှစ်အရွယ် Nurit Cooper တို့ကို လွတ်ပေးလိုက်တာပါ။

ဟားမတ်စ်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်တုန်းက နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေးအတွင်းက လူ ၂၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ လူ ၄ ဦးကိုသာ လွတ်ပေးတာ ဖြစ်ပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက အဲဒီလူတွေ လွတ်မြောက်ရေးအတွက် ဦးစားပေး လုပ်ဆောင်ဖို့ အစ္စရေးအစိုးရကို တောင်းဆိုနေကြပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ပြောခွင့်ရသူကတော့ အချိန်နဲ့တပြေးညီ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။

ဟားမတ်စ်ရဲ့ အဆိုအရ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ရဲ့ ကြားဝင် ဖြန်ဖြေပေးမှုကြောင့် ဓားစာခံ နှစ်ဦးကို ထပ်မံလွတ်ပေးတာလို့ ပြောပါတယ်။

ကုလသမဂ္ဂက အစ္စရေးအနေနဲ့ ဂါဇာကို တိုက်ခိုက်မယ့် အစီအစဥ် ခဏဆိုင်းငံ့ထားေပးဖို့ တောင်းဆိုလိုက်ပြီး အဲလိုမှသာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ လွတ်ပေးတာတွေအတွက် အချိန်ပိုရနိုင်သလို ဂါဇာဒေသမှာ လူသားခြင်းစာနာမှု အကူအညီတွေ ပိုလုပ်ဖို့ အချိန်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် လူဦးရေ ၂.၃ သန်းရှိတဲ့ ဂါဇာမှာ လူတဝက်ကျော် နေရာရွှေ့ပြောင်းနေထိုင်မှု လုပ်နေရပြီး အစားအသောက်တွေ၊ လောင်စာဆီနဲ့ ရေရှားပါးမှုတွေ ကြုံတွေ့နေကြရတယ်လို့ ပြောပါတယ်။

အမေရိကန် အိမ်ဖြူတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ရဲ့ အဆိုအရ ဂါဇာဒေသမှာ လူသားခြင်းစာနာမှု အကူအညီတွေ ပိုရောက်ရှိတာမျိုး မြင်ချင်ပေမယ့် ဘာလုပ်သင့်တယ်ဆိုတာမျိုးကိုတော့ အစ္စရေးကို ပြောဆိုခြင်းမရှိဘူးလို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ကို ဘာတွေလုပ်သင့်တယ်ဆိုတာမျိုး မပြောသလို ဟားမတ်စ်ကို ခြေမှုန်းရေးမှာ တတ်နိုင်တဲ့ဖက်ကနေ အစ္စရေးကို အကူအညီပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဂါဇာဒေသကို တတိယမြောက် ကူညီကယ်ဆယ်ရေး ယာဥ်တန်းရောက်ရှိသွားပေမဲ့ လိုအပ်တဲ့ အနေအထားမရနိုင်သေးဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

ဂါဇာမှာ လျပ်စစ်မီးမရတာ ၁၄ ရက် ဆက်တိုက်ရှိသွားပြီး လောင်စာဆီတွေက အလောတကြီး လိုအပ်သလို ေဆးရုံတွေ ဆက်လက်လည်ပတ်ဖို့ ဆေးဝါးတွေနဲ့ တခြား အသုံးအဆောင်တွေလည်း အများကြီး လိုအပ်သေးတယ်လို့ ဆိုပါတယ်။

ဂါဇာဒေသမှာ အကြီးဆုံးဖြစ်တဲ့ Shifa ဆေးရုံဟာ ပုံမှန်ဆိုရင် တနေ့ကို လူ ၇၀၀ လောက်သာ ကုသပေးတာဖြစ်ပေမဲ့ အခုလောလောဆယ် တစ်ရက်မှာ အယောက် ၅၀၀၀ ကို ကုသပေးနေရတဲ့ အနေအထားဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဟားမတ်စ်က ကြီးမှူးထားတဲ့ ကျန်းမာရေးဌာနရဲ့ အဆိုအရ အစ္စရေး-ဟားမတ်စ် ပဋိပက္ခနောက်ပိုင်း ပါလစ္စတိုင်းသား ၅၀၀၀ ကျော် သေဆုံးရပြီလို့ ပြောပါတယ်။

အစ္စရေးအာဏာပိုင်တွေရဲ့ အဆိုအရ အစ္စရေးနိုင်ငံသား ၁၄၀၀ ကျော် သေဆုံးရပြီလို့ ပြောပါတယ်။

အခုလောလောဆယ် ဂါဇာမှာ ပိတ်မိနေသေးတဲ့ ဩစတြေးလျနိုင်ငံသားနဲ့ သူတို့ရဲ့ မိသားစုဝင် ၇၀ ကျော်ကို အီဂျစ်နိုင်ငံကို သွားဖို့ ဩစတြေးလျအစိုးရက တိုက်တွန်းထားပါတယ်။

အစ္စရေးက ဂါဇာတောင်ပိုင်းဖက်ကို ရွေ့ပြောင်းကြဖို့ ပြောနေပေမယ့် မြောက်ပိုင်းသာမက တောင်ပိုင်းဖက်မှာပါ ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခကနေ ဒေသတွင်း ပဋိပက္ခ ဖြစ်သွားမှာကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းတွေက စိုးရိမ်နေကြပါတယ်။. အီရန်က အစ္စရေးကို ခြိမ်းခြောက်မှု လုပ်နေသလို Hezbollah စစ်သွေးကြွအဖွဲ့ကလည်း လစ်ဘနွန်မြောက်ပိုင်းကနေ အစ္စရေးကို လှမ်းပြီး ပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဖြစ်ပါတယ်။

အစ္စရေးဖက်ကလည်း ပြန်လည် တိုက်ခိုက်မှုတွေ လုပ်နေပြီး

Hezbollah ဖက်က ဆက်လှုပ်ရှားရင် လက်ဘနွန်ကိုလည်း တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ အစ္စရေးရဲ့ ဝန်ကြီး Benjamin Netanyahu က ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ကတော့ အစ္စရေးက ဂါဇာကို ဆက်တိုက်နေမယ်ဆိုရင် အခြေအနေက ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။

လတ်တလောမှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ငြိမ်းချမ်းရေးကို ရှေးရှုကြဖို့ ပန်ကြားတောင်းဆိုထားပါတယ်။

 

 


2 min read

Published

Updated

By Sam Dover, Hannah Kwon, SOURCE REUTERS - SBS

Source: SBS


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now