SKIP TO MAIN CONTENT

ကြီးမားတဲ့ရေလွှမ်းမိုးမှုသတိပေးချက်ကြောင့် ဆစ်ဒနီမှာနေထိုင်သူသောင်းချီ နေအိမ်ကနေဘေးလွတ်ရာကိုရွှေ့ပြောင်းကြဖို့ညွှန်ကြား

Nepean, Hawkesbury နဲ့ Georges မြစ်တွေကနေ ဆစ်ဒနီမြို့ကို ရေလွှမ်းမိုးမှုအကြီးအကျယ်ဖြစ်နိုင်တာကြောင့် လူသောင်းနဲ့ချီ ဘေးလွတ်ရာရွှေ့ပြောင်းကြားဖို့ အာဏာပိုင်တွေကညွှန်ကြားချက်ပေးထားပါတယ်။

Flood NSW
Source: AAP Image/Supplied by Australian Defence Force

1 min read

Published

Presented by Shah Paung

Source: AAP


Skip to article content

နယူးဆော့သ်ဝေးပြည်နယ်အတွင်း ဆက်လက်ရေကြီးနေပြီး ဆိုးဝါးတဲ့ရာသီဥတုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆစ်ဒနီမြို့ နောက်ဘက်၊ အနောက်မြောက်ဘက်နဲ့ အနောက်တောင်ဘက်ခြမ်းတွေမှာနေထိုင်သူထောင်သောင်းများစွာ မိမိတို့နေအိမ်ကနေ ဘေးလွှတ်ရာကို ရှောင်ရှားသွားကြဖို့ ညွန်ကြားချက်ပေးတာပါတယ်။

ဒီကနေ့ ကြာဿပတေးနေ့မှာ Hawkesbury ၊ Nepean နဲ့ Georges မြစ်ရေတွကြောင့် Menangle, North Richmond, Penrith နဲ့ Windsor နေရာတွေမှာ အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်မယ်လို့ ယူဆထားကြတာပါ။

ပြည်နယ်အရေးပေါ်ကယ်ဆယ်ရေးဌာနက ၂၄နာရီအတွင်း အကူညီရရှိဖို့အတွက် ဖုန်းခေါ်ဆိုမှုပေါင်း ၃၁၆၆ ကြိမ် လက်ခံရရှိခဲ့ပြီး ညတွင်းချင်းမှာပဲ Windsor, North Richmond, Camden နဲ့ Milperra တို့အပါအဝင် ဆစ်ဒနီမြို့ အနောက်ဘက်၊ အမြောက်ဘက်နဲ့ အနောက်တောင်ဘက်ခြမ်းမှာရှိသူ သောင်းနဲ့ချီပြီး ဘေးလွှတ်ရာရွှေ့ပြောင်းကြဖို့ ညွှန်ကြားချက်အမိန့်ပေါင်း ၂၀ကျော် ထုတ်ပြန်ခဲ့ရပါတယ်။

မိုးလေဝသတိုင်းထွာတဲ့ဌာနကအသက်အန္တရာယ်စိုးရိမ်ရတဲ့ လျှပ်တပြက်ရေကြီးမှုတွေနဲ့ တနာရီကို ကီလိုမီတာ ၉၀အထိပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုရှိနိုင်တဲ့ လေတိုက်နှုန်းတွေရှိမယ်လို့ သတိပေးထားပါတယ်။

ရေကြီးမှုကြောင့် အခုဆိုရင် သေဆုံးသူ ၅ဦးရှိသွားပြီးဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now