SKIP TO MAIN CONTENT

ဩစတြေးလျနဲ့ တရုတ် ထိပ်သီးခေါင်းဆောင်တို့ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံ

ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီနဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ အင်ဒိုနီးရှားနိုင်ငံမှာ ၃၂ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ANTHONY ALBANESE G20 BALI
Australia’s Prime Minister Anthony Albanese meets China’s President Xi Jinping in a bilateral meeting during the 2022 G20 summit in Nusa Dua, Bali, Indonesia, Tuesday, November 15, 2022. (AAP Image/Mick Tsikas) Source: AAP / MICK TSIKAS/AAPIMAGE

1 min read

Published

By AAP - SBS News

Source: SBS


Skip to article content

ဒါဟာ ဩစတြေးလျနဲ့ တရုတ် ထိပ်သီးခေါင်းဆောင်တွေအကြား ၆ နှစ်အကြာမှာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်လို့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် မျော်လင့်ချက်လမ်းစတွေ ရရှိလာတာ ဖြစ်ပါတယ်။

ဩစတြေးလျနဲ့ တရုတ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုအပြင် တခြား အမြင်မတူမှုတွေလည်း ရှိကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ တရုတ်သမ္မတက တရုတ်နဲ့ ဩစတြေးလျ ဆက်ဆံရေးမှာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း မကြုံချင်ကြတဲ့ အခက်အခဲတွေကို နှစ်ဖက်စလုံး ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

တရုတ်နဲ့ ဩစတြေးလျတို့ဟာ အာရှ-ပစိဖိတ်ဒေသမှာ အရေးပါတဲ့ နိုင်ငံဖြစ်ကြတဲ့အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ဖို့အတွက် ထိန်းသိမ်းမှုတွေ လုပ်သင့်တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် အယ်လ်ဘာနီဇီက တရုတ်နဲ့ ဩစတြေးလျ ဆက်ဆံရေး ပြေလည်အောင် လူကြီးဆန်ဆန် ဖြေရှင်းမယ်ဆိုတဲ့အကြောင်း တစ်ကြိမ်ထက်မနည်း ပြောဆိုခဲ့တာ ရှိပြီး အဲဒီစကားကို သူ့အနေနဲ့ အလေးထားတယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။

ဝန်ကြီးချုပ် အယ်လ်ဘာနီဇီကလည်း ဩစတြေးလျ တရုတ်ဆက်ဆံရေးဟာ မကြာခင် နှစ် ၅၀ ရှိတော့မှာဖြစ်တဲ့အကြောင်း ၁၉၇၂ ခုနှစ်ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးကို တန်းတူညီမျှရေး၊ အပြန်အလှန်လေးစားမှုနဲ့ နှစ်နိုင်ငံအကျိူးအမြတ်နဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးတွေအပေါ် အခြေခံဖို့ နှစ်နိုင်ငံစလုံးက မူအားဖြင့် သဘောတူခဲ့ကြတာရှိသလို အဲဒီ အချက်အလက်တွေက အခုလည်း အရေးကြီးနေဆဲပဲလို့ ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိကြသလို ဩစတြေးလျကလည်း သူရဲ့ စံနဲ့ တန်ဖိုးတွေနဲ့ သွေဖြည်မယ့် ကိစ္စမျိုးမှာ အပေးအယူလုပ်မှာမဟုတ်ပေမယ့် အပြုသဘောဆောင်တဲ့ ဆွေး‌နွေးမှုတွေနဲ့ ဖလှယ်မှုတွေ ဆက်လုပ်သွားဖို့ မျှော်လင့်မိတယ်လို့ ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံခွင့်ရတဲ့အပေါ် အင်မတန် ကျေနပ်မိတယ်လို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ထိလွယ်ရှလွယ်တဲ့ အ‌ေကြာင်းတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဝိဂါမွတ်ဆလင်တွေ အခွင့အခွင့်အရေးချိုးဖေက်ခံရမှုအကြောင်း၊ ယူကရိန်းကိစ္စမှာတရုတ်အနနေနဲ့ မိမိရဲ့ ဩဇာကို အသုံးချပြီး ရုရှားကို ဖြောင်းဖျဖို့အကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

တရုတ်သမ္မတနဲ့ ဩစတြေးလျ ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုက ၃၂ မိနစ်သာကြာမြင့်တာ ဖြစ်ပါတယ်။ မနေ့တုန်းက အမေရိကန် သမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံးမှု လုပ်ခဲ့ပြီး ၃ နာရီကြာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေဟာ G 20 အစည်းအဝေးအတွက် အင်ဒိုနီးရှားနိုင်ငံ ရောက်ရှိကြတာဖြစ်ပြီး အစည်းအဝေးပြင်ပမှာ ဆိုင်ရာ နိုင်ငံနဲ့ သီးသန့်ဆွေး‌နွေးမှု လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now