SKIP TO MAIN CONTENT

သြစီမှာ အမြဲတမ်းနေခွင့်ရသူနဲ့ နိုင်ငံသားတွေ ပြည်ပက မိဘတွေကိုပါ အလည်ခေါ်နိုင်

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး သြစတြေးလျနိုင်ငံသားတွေ၊ ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေအနေနဲ့ ပြည်ပမှာ ရှိတဲ့ သူတို့ရဲ့ မိဘတွေကိုပါ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

A sign is displayed inside the empty arrivals hall at the international airport in Sydney on 15 October, 2021.
A sign is displayed inside the empty arrivals hall at the international airport in Sydney on 15 October, 2021. Source: Getty

1 min read

Published

By Emma Brancatisano

Source: SBS News



Skip to article content

အောက်တိုဘာလ ၂၂ ရက် သောကြာနေ့ ကတည်းက ခေါ်ယူဖို့ လျှောက်လွှာတွေ တင်နိုင်ပါတယ်။

အစပိုင်းတုန်းက "immediate family" တွေလို့ ပြောတဲ့အခါမှာ အိမ်ထောင်ဖက်နဲ့ သား၊ သမီးတွေကိုသာ ဆိုလိုပေမယ့် ဒီနောက်ပိုင်း မိဘတွေကိုပါ အဲဒီ immediate family စာရင်းထဲ ထည့်ခွင့်ပြုလိုက်ဖို့ ဝန်ကြီးချုပ်က အရင်တစ်ပတ်ကပဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၈ လအတွင်း ပြည်ပမှာ မိဘတွေ ရှိနေတဲ့ မိသားစု အများအပြားက မင်္ဂလာပွဲတွေ၊ အသုဘအခမ်းအနားတွေ၊ မြေးတွေ မွေးတဲ့အခါနဲ့ တခြား အရေးကြီးတဲ့ ပွဲတွေမှာ အတူတူ ကျင်းပခွင့်မရတဲ့အတွက် အခုဆိုရင် ပြည်ပမှာ ရှိနေတဲ့ မိဘတွေ သြစတြေးလျကို လာပြီး မိမိရဲ့ မြေးတွေ၊ သား၊ သမီးတွေနဲ့ ဘဝကို အတူတူမျှဝေနိုင်ကြမှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မိဘလို ဆိုရာမှာလည်း မိဘအရင်းအခြာတွေအပြင်၊ မွေးစားမိဘ၊ ဥပဒေအရ မိဘအုပ်ထိန်းသူအပြင် မိဒွေး၊ ဖဒွေးတွေအပြင် ယောက်ခထီး၊ ယောက္ခာမတွေလည်း ပါဝင်ပါတယ်။

အစိုးရကနေ သြစတြေးလျနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူတွေရဲ့ မိဘစာရင်းဝင်သူတွေကို ပြည်ဝင်ခွင့်ပေးမယ့်အပေါ် ပြည်ပမှာ မိဘတွေ ရှိနေတဲ့ လူတွေကလည်း ကြိုဆိုနေကြပါတယ်။

သြစတြေးလျနိုင်ငံထဲ ဝင်လာလိုတဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ သား၊ သမီးက သြစတြေးလျနိုင်ငံသားဖြစ်ကြောင်း ဒါမှမဟုတ် အမြဲတမ်း နေထိုင်ခွင့်ရှိသူဖြစ်ကြောင်း သက်သေပြရမှာဖြစ်သလို၊ သူတို့ဟာ မိဘဖြစ်တယ်ဆိုတာကိုလည်း သက်သေပြရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ မွေးစာရင်း၊ မွေးစားစာချုပ်၊ လက်ထပ်စာချုပ်၊ အိမ်ထောင်စုဇယား စသည်ဖြင့် သက်သေပြရမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကို လာရောက်လိုတဲ့ မိဘတွေအနေနဲ့ သက်တမ်းမကုန်သေးတဲ့ နိုင်ငံကူးလက်မှတ်ရှိဖို့လိုအပ်သလို၊ သြစတြေးလျကို လာဖို့ ဗီဇာနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားတဲ့ သက်သေအထောက်အထားလည်း လိုအပ်မှာ ဖြစ်ပါတယ်။

ပြည်ပကနေ ဝင်လာတဲ့လူတိုင်း သူတို့ ဝင်လာမယ့် ပြည်နယ်နဲ့ ဒေသဆိုင်ရာ ကွာရန်တင်း စည်းမျဉ်းအတိုင်း လိုက်နာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကလေးမွေးပေမယ့် အဖိုးအဖွားတွေ တွေ့ခွင့်မရတာတွေနဲ့ တခြားကိစ္စတွေမှာ ပါဝင်ခွင့်မရတဲ့အတွက် တောက်လျှောက်ဆန္ဒပြမှု လုပ်ကြရာက သြစတြေးလျ အစိုးရက ပြည်ပက မိဘတွေကို ခေါ်ယူခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now