Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ယူကရိန်းစစ်ကြောင့် နိုင်ငံတကာ အာကာသစခန်းမှာ ရုရှားမပါဝင်တော့ဖို့ ဆုံးဖြတ်

ယူကရိန်းအရေးနဲ့ ဆက်စပ်ပြီး ရုရှားနိုင်ငံက နိုင်ငံတကာ အာကာသစခန်းမှာ မပါဝင်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ယူကရိန်းအရေးနဲ့ ဆက်စပ်ပြီး အနောက်တိုင်းနဲ့ ယူကရိန်းအကြား တင်းမာမှုတွေ နောက်တဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

he head of Russia's space agency has announced the nation's plans to withdraw from involvement in the International Spece Station after 2024

he head of Russia's space agency has announced the nation's plans to withdraw from involvement in the International Spece Station after 2024 Source: EPA / NASA/Roscosmos Handout

ယူကရိန်းအရေးနဲ့ ဆက်စပ်ပြီး ရုရှား၊ အမေရိကန်နဲ့ တခြားမဟာမိတ် နိုင်ငံတွေအကြား တင်းမာမှုတွေဖြစ်ပေါ်ပြီး ပူးပေါင်းမှုတွေကို ထိခိုက်ရပေမယ့် အာကာသစူးစမ်းရေးကို ထိခိုက်မှုမရှိပေမယ့် အခုအခါမှာ ရုရှားက မပူးပေါင်းတော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

 

နိုင်ငံတကာ အာကာသစခန်းဟာ ကမ္ဘာစစ်နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းမှုရဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး ၁၉၉၈ ခုနှစ်ကစပြီး ရုရှားနဲ့ အမေရိကန်တို့ ဘေးခြင်းယှဥ်ပြီး ဂြိုလ်ပတ်လမ်းမှာ အတူတူ ပူးပေါင်းလုပ်ကိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။

အာကာသဆိုင်ရာ ပူးပေါင်းမှုလုပ်ငန်းက နှစ်ပေါင်းများစွာ တင်းမာမှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့ပေမဲ့ ယူကရိန်းနိုင်ငံထဲကို ရုရှားတွေ ဝင်ရောက်တဲ့နောက်ပိုင်း အနောက်တိုင်းနိုင်ငံက ရုရှားကို တင်းကြပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့နောက်ပိုင်း အာကာသလုပ်ငန်းဆက်ဆံရေးအထိ ထိခိုက်လာနေတာ ဖြစ်ပါတယ်။

 

ရုရှားအနေနဲ့ ၂၀၂၄ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ အာကာသလုပ်ငန်းမှာ ပါဝင်မှာ မဟုတ်တော့ဘူးလို့ ရုရှားရဲ့ အာကာသအေဂျင်စီ အကြီးအကဲက ကြေညာလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ရုရှားရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်မိတယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အတက်အကျတွေ ရှိပေမယ့် သိပ္ပံဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာနဲ့ ပြည်သူအခြင်းခြင်း ဆက်ဆံရေးမှာ ပူပေါင်းမှုတွေရှိတဲ့အတွက် အဲဒါတွေကပါ တည်တံ့လိမ့်မယ်လို့ မျှော်လင့်မိခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ အာကာသစခန်းမှာ ရုရှားတွေ ပါဝင်မှု မရှိတော့ရင် သက်တမ်း ၂၄ နှစ်ရှိတဲ့ အာကာသစခန်းရဲ့ အနာဂတ်က ဘာတွေ ဖြစ်သွားနိုင်သလဲ ဆိုတာကိုလည်း စိုးရိမ်ကြပါတယ်။

ရုရှားရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို နှစ်နှစ်အတွင်း အမေရိကန်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အစားထိုးရမယ်ဆိုရင် စိန်ခေါ်မှုတွေ များလိမ့်မယ်လို့ Southern California တက္ကသိုလ်က အာကာသအင်ဂျင်နီယာဆိုင်ရာ ပါမောက္ခ Garrett Reisman က ပြောပါတယ်။

တကယ်တော့ အဲဒီလို ဖြစ်လာနိုင်တယ်ဆိုတာကို ယူကရိန်းအရေးအခင်း စတင်ကတည်းက ပြင်ဆင်မှုလုပ်ထားသင့်တဲ့အကြောင်း အာကာသစခန်းမှာ ရုရှားမပါဝင်တော့ရင် စိန်ခေါ်မှုရှိပေမယ့် မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

 

ယူကရိန်းနိုင်ငံထဲကို ရုရှားက ဝင်ရောက်တိုက်ခိုက်မှု လုပ်ပြီးတဲ့နောက် အနောက်တိုင်းနိုင်ငံတွေနဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးက တစ်ရက်ထက်တစ်ရက် ပိုမို ဆိုးဝါးလာနေပါတယ်။

ရုရှားနိုင်ငံက အကြီးမားဆုံးဂက်စ် ကုမ္ပဏီဖြစ်တဲ့ Gazprom က ဥရောပနိုင်ငံတွေထဲကို ဂက်စ်တွေ အကန့်အသတ်နဲ့သာ ဖြန့်ဖြူးတော့မယ်လို့ ကြေညာလိုက်ပါတယ်။

ကျွန်းနိုင်ငံတွေဖြစ်တဲ့ အိုင်ယာလန်၊ Cyprus နဲ့ Malta တို့ကို ကန့်သတ်မှာမဟုတ်သလို ဂက်စ်ဖြန့်ဖြူးမှု အကန့်အသတ်ရှိနေပြီးသား နိုင်ငံတွေဖြစ်တဲ့ စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတို့အပေါ် ကန့်သတ်မှု မလုပ်ဘူးလို့ ပြောပါတယ်။

ရုရှားဖက်က ကြေညာချက်ကို တုန့်ပြန်တဲ့အနေနဲ့ ဟန်ဂေရီနိုင်ငံကလွဲရင် ကျန်တဲ့ ဥရောပသမဂ္ဂ အီးယူနိုင်ငံတွေကလည်း ဩဂုတ်လကစပြီး ဂက်စ် အသုံးပြုမှုကို ၁၅% စီ လျှော့ချ သုံးစွဲကြမယ်လို့ သဘောတူခဲ့ကြပါတယ်။

ဆောင်းရာသီကြရင် ဂက်စ်မလုံလောက်မှု ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ရုရှားရဲ့ ဂက်စ်အပေါ် မှီခိုမှု လျှော့ချနိုင်အောင် အီးယူနိုင်ငံတွေက ဂက်စ်အသုံးပြုမှု လျှော့ချတော့မှာ ဖြစ်ပါတယ်။

 

ဟန်ဂေရီ အစိုးရကတော့ ဒီအစီအစဥ်ဟာ တရားမျှတမှုမရှိပဲ သက်ဝင်အောင် လုပ်နိုင်ခြေမရှိသလို အန္တရာယ်ရှိတဲ့ အစီအစဥ် ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

ဂျာမနီနိုင်ငံကတော့ ဒီလို အစီအစဥ်ဟာ အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ ဝန်ကြီးကလည်း အီးယူနိုင်ငံတွေ စုပေါင်းလုပ်ကိုင်ကြရင် ရုရှားရဲ့ စွမ်းအင် အင်အားကို နည်းသွားစေမယ်လို့ ပြောဆိုလိုက်ပါတယ်။

 

ရုရှားအပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှု အမျိုးမျိုး ချမှတ်ကြပေမယ့် နိုင်ငံတကာ ငွေကြေးရံပုံငွေအသင်း [IMF] က ရုရှားရဲ့ G-D-P ဝင်ငွေက ဒီနှစ်အတွင်း ၂.၅% တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ စီးပွားရေးက ၆% လောက် ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး IMF ရဲ့ အဆိုအရ ရုရှားဟာ စွမ်းအင်စျေးနဲ့ ဆက်စပ်ပြီး အကျိုးအမြတ်တွေ ရနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

 

Phillippa Carisbrooke for SBS News


2 min read

Published

By Phillippa Carisbrooke



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now