SKIP TO MAIN CONTENT

၄၈ နှစ်အတွင်း အလုပ်လက်မဲ့ ဦးရေအနည်းဆုံးဖြစ်၊ အတိုးနှုန်းအတွက် သတင်းဆိုးဖြစ်နိုင်

ဩစတြေးလျနိုင်ငံရဲ့ အလုပ်လက်မဲ့မှုနန်းဟာ ၄၈ နှစ်အတွင်း အနိမ့်ဆုံးအခြေအနေဖြစ်နေပေမယ့် တဖက်မှာ အိမ်အကြွေးရှိသူတွေနဲ့ အိမ်ဝယ်ဖို့ ကြိုးစားနေသူတွေအတွက် သတင်းဆိုး ဖြစ်နိုင်ပါတယ်။

Now hiring sign
Unemployment plunges to 3.5 per cent in Jun 2022. Source: Ernie Journeys on Unsplash

2 min read

Published


Skip to article content

ဇွန်လမှာ ဩစတြေးလျနိုင်ငံရဲ့ အလက်လက်မဲ့မှုနှုန်းက ၃.၅% သာ ရှိပြီး မေလတုန်းကနဲ့ယှဥ် ၀.၄% ကျဆင်းလာတာ ဖြစ်ပါတယ်။ 

စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားတာထက် အချက်အနေဖြစ်သလို ဗဟိုဘဏ်ရဲ့ ခန့်မှန်ခြေထက်လက် ကောင်းမွန်နေတာ ဖြစ်ပါတယ်။

 

ဗဟိုဘဏ်က ၂၀၂၃ ဇွန်လလောက်မှသာ အလုပ်လက်မဲ့မှုနှုန်းက ၃.၅% ရောက်မယ်လို့ ခန့်မှန်းထားတာဖြစ်လို့ ဒီလို အနေအထားမျိုးမှာ ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို ဒီထက်မကတဲ့နှုန်းတွေနဲ့ တိုးမြင့်ဖို့ လိုအပ်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ 

 

ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းမြင့်တက်တဲ့အခါ ၀.၅% သာမြင့်တက်လာတာဖြစ်ပြီး အမေရိကန်လို ၀.၇၅% မြင့်တင်ဖို့ အလားအလာမရှိဘူးလို့ ဗဟိုဘဏ်က ပြောပေမယ့် လက်ရှိအနေအထားအရ ၁% တောင် တိုးလာနိုင်တဲ့ အနေအထားရှိတယ်လို့ NAB ဘဏ်ရဲ့ စီးပွားရေးပညာရှင်Taylor Nugent က ပြောပါတယ်။ 

AMP ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင်  Shane Oliver ကလည်း လာမဲ့လကြရင် ဗဟိုဘဏ်  RBA အကြီးအကဲတွေ တွေ့ဆုံကြဖို့ ရှိတဲ့အတွက် အတိုးနှုန်း ထပ်တိုးမြင့်ကြောင်း ကြေညာနိုင်တယ်လို့ ပြောပါတယ်။

ဩဂုတ်လကြရင် အတိုးနှုန်းထပ်မြင့်ဖို့ ဗဟိုဘဏ်က ဖိအားပေးခံနေရပြီး ၀၅% အစား ၀.၇၅% တိုးမြင့်တာမျိုး မဖြစ်နိုင်ဘူးဆိုတာ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အလုပ်လက်မဲ့မှုနှုန်းမှာ ဘာတွေ ပြသနေသလဲ

အလုပ်လက်မဲ့ ဦးရေဟာ ၅၄၃၀၀၀ ရှိရာကနေ ဇွန်လမှာ ၄၉၃၉၀၀ အထိ  ကျဆင်းသွားတာဖြစ်ပါတယ်။

အလုပ်လက်မဲ့ ဦးရေနီးပါးလောက် အလုပ်နေရာ ၄၈၀၀၀၀ လည်း လစ်ဟာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမတိုင်ခင်တုန်းက အလုပ်လက်မဲ့သူ ၃.၁ ဦးနှုန်းမှာ အလုပ် တစ်ခုသာ လစ်ဟာနေခဲ့တာ ဖြစ်ပါတယ်။ 

 

တစ်လအတွင်းမှာ အလုပ်အကိုင် ရရှိသူ ဦးရေက အယောက် ၃၀၀၀၀ များလာမယ်လို့ ခန့်မှန်းကြပေမယ့် အယောက် ၈၈၄၀၀ လောက် တဟုန်ထိုး အလုပ်ရရှိကြတာ ဖြစ်ပါတယ်။ 

 

ဒီအလုပ်လက်မဲ့မှုနှုန်းဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ဒါမှမဟုတ် ၄၈ အတွင်း အနိမ့်ဆုံးအခြေအနေရောက်ရှိတာဖြစ်ပြီး အဲဒီတုန်းက အလုပ်လက်မဲ့မှုနှုန်းက ၂.၇% ရှိခဲ့တယ်လို့ ဩစတြေးလျံ စာရင်းအင်းဌာနရဲ့ အလုပ်အကိုင်ရေးရာဆိုင်ရာ အကြီးအကဲ Bjorn Jarvis က ပြောပါတယ်။ 

 

Deutsche ဘဏ်ရဲ့ စီးပွားရေးပညာရှင် Phil O'Donaghoe ကတော့ အလုပ်လက်မဲ့မှုနှုန်းက ၃.၅% သာရှိလို့ ဩစတြေးလျနိုင်ငံ အလုပ်စျေးကွက်သမိုင်းမှာ အကောင်းဆုံးထဲ ပါဝင်တယ်လို့ ပြောပါတယ်။  

 

အမျိုးသမီးနဲ့ အမျိုးသား နှစ်မျိုးလုံးမှာ အလုပ်လက်မဲ့ဖြစ်မှုနှုန်း ကျဆင်းနေတာဖြစ်ပြီး အမျိုးသား အလုပ်လက်မဲ့မှုနှုန်းက ၃.၆% ရှိပြီး ၁၉၇၆ နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ပြီး အမျိုးသမီးတွေအတွက် ၁၉၇၄ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်ပါတယ်။ 

 

အလုပ်လုပ်ကိုင်သူ ဦးရေများပြားပေမယ့် အလုပ်လုပ်တဲ့ နာရီတွေ လျော့ကျနေပြီး ကိုဗစ်-၁၉ ရောဂါနဲ့ သွေးလွန်တုတ်ကွေးကြောင့် ဖြစ်မယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ 

Mr Oliver ရဲ့ ခန့်မှန်းချက်အရ လာမဲ့ ၃ လကနေ ၆ လအတွင်း အလုပ်လက်မဲ့မှုနှုန်းက ၃.၂% အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

 

အဲဒီနောက်ပိုင်းမှာတော့ အတိုးနှုန်းမြင့်တက်မှုတွေနဲ့ လုပ်အားခမတိုးမှုတွေကြောင့် အလုပ်လက်မဲ့မှု ဦးရေ ပြန်များလာနိုင်တယ်လို့ ဆိုပါတယ်။

 

အလုပ်လက်မဲ့မှုနှုန်း ကျဆင်းတာဟာ သတင်းကောင်းဖြစ်သလို သတင်းဆိုးလည်းဖြစ်လာနိုင်တယ်လို့ သိရပြီး ၁၉၇၀ ပြည့်နှစ် အတွေ့အကြုံအရ ဗဟိုဘဏ်က အလျင်အမြန် တစ်ခုခု လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ 

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now