SKIP TO MAIN CONTENT

နိုင်ငံခြားသားနဲ့ အာဖဂန်တွေကို လွတ်လပ်စွာ ထွက်ခွာခွင့်ပေးဖို့ တာလီဘန်ကို တောင်းဆိုကြ

နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ခွာချင်တဲ့ နိုင်ငံခြားသားတွေရဲ့ အာဖဂန်နိုင်ငံသားတွေကို တိုင်းပြည်ကနေ လွတ်လပ်စွာ ထွက်ခွာခွင့်ပေးဖို့ တာလီဘန်အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

US Deputy Secretary of State Antony Blinken
US Deputy Secretary of State Antony Blinken. Source: AAP

1 min read

Published

Source: AFP, SBS



Skip to article content

အမေရိကန်နိုင်ငံက နိုင်ငံပေါင်း ၆၅ နိုင်ငံကျော်ကို ဦးဆောင်ပြီး တာလီဘန်တွေကို တောင်းဆိုမှု ပြုလုပ်တာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ရင် တုန့်ပြန်မှု ခံရနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

နိုင်ငံခြားသားတွေနဲ့ အာဖဂန်တွေ အာဖဂန်နိုင်ငံကနေ ထွက်ခွာလိုရင် ထွက်ခွာခွင့်ပေးဖို့ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရေးထားပါတယ်။

တာလီဘန်အနေနဲ့ နိုင်ငံကို သိမ်းပိုက်ပြီး အုပ်ချုပ်ဖို့ ကြိုးစားတဲ့ကာလအတွင်း အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့နဲ့ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့လည်း ကုလသမဂ`၈က တောင်းဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တနင်္လာနေ့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ စံတော်ချိန် မနက် ၁၀ နာရီ (သြစတြေးလျ စံတော်ချိန် သန်းခေါင်) မှာ အစည်းအဝေးစတင်မှာ ဖြစ်ပါတယ်။

အမြဲတမ်း အဖွဲ့ဝင်မဟုတ်တဲ့ Estonia နဲ့ Norway နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အာဖဂန်အကြောင်း တင်ပြဆွေးနွေးဖို့ ရှိပါတယ်။

တနင်္ဂနွေနေ့မှာပဲ အာဖဂန် သမ္မတ Ashraf Ghani က တာလီဘန်တွေ အနိုင်ရသွားပြီဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ပြီး သွေးမြေကျတာမျိုး မဖြစ်အောင် ရှောင်တဲ့အနေနဲ့ ပြည်ပနိုင်ငံကို ရှောင်တိမ်းသွားပြီလို့ သူက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်က ကျူးကျော်ပြီး မဟာမိတ်နိုင်ငံတွေနဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ နှစ်ပေါင်း ၂၀ ကြိုးစားခဲ့ပြီး မဟာမိတ်တပ်တွေ ပြန်လည် ဆုတ်ခွာပြီး အချိန်အနည်းငယ်အတွင်း တာလီတန်တွေက ပြန်လည် စိုးမိုးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတက အမေရိကန် စစ်သားတွေ သြဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး စစ်သားတွေကို ပြန်ခေါ်ယူဖို့ လုပ်ဆောင်ပေမယ့် အဲဒီမတိုင်ခင်မှာပဲ တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်နိုင်လိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကလည်း သြစတြေးလျ ကာကွယ်ရေးတပ်တွေကို စကားပြန် လုပ်ပေးခဲ့ဖူးတဲ့ အာဖဂန်တချို့ကို သြစတြေးလျနိုင်ငံမှာ ခေါ်ယူတာမျိုး လုပ်ဆောင်ထားပါတယ်။

SOURCE AFP - SBS


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now