SKIP TO MAIN CONTENT

Jacinta Allan က ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာ

ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် Danial Andrews က ဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ပြီး နောက်တစ်ရက်မှာပဲ ဒုဝန်ကြီးချုပ် Jacinta Allan က ဝန်ကြီးချုပ် ရာထူး ရရှိသွားပါတယ်။

JACINTA ALLAN AIRPORT RAIL ANNOUNCEMENT REAX
Jacinta Allan has been elected as the 49th premier of Victoria. Source: AAP / DAVID CROSLING/AAPIMAGE

1 min read

Published

By Ruth McHugh-Dillon, Tom Sayner

Source: SBS


Skip to article content

ဝန်ကြီးချုပ်ဟောင်း Daniel Andrews က အင်္ဂါနေ့တုန်းကပဲ မနက်ဖြန် ဗုဒ္ဓဟူးနေ့ (ဒီနေ့)အထိသာ ဝန်ကြီးချုပ်အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်ဆိုပြီး ကြိုတင်အသိမပေးပဲ ဗြုန်းတိုင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကြေညာပြီး နောက်တစ်ရက် ဗုဒ္ဓဟူးနေ့မှာပဲ လေဘာပါတီဝင်တွေက ဒုဝန်ကြီးချုပ်

Jacinta Allan ကို ပြည်နယ်ရဲ့ ဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

တချိန်တုန်းက Jacinta Allan ဟာ ဗစ်တိုးရီးယားပြည်နယ်မှာ ရွေးချယ်ခံရတဲ့ အသက်အငယ်ဆုံး လွှတ်တော်အမတ် တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။

အခုဆိုရင်သူက ပြည်နယ်ရဲ့ ၄၉ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ပြည်နယ်ရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။

သူမဟာBendigo East မဲဆန္ဒနယ်ရဲ့ လွှတ်တော်အမတ် ဖြစ်ပြီး အများပြည်သူသုံးယာဥ် သွားလာရေးနဲ့ အခြေခံအဆောက်အဦးဆိုင်ရာ​ဝန်ကြီး ဖြစ်ခဲ့ဖူးပါတယ်။

ဗစ်တိုးရီးယားပြည်နယ်အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေးတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ပြီး အလုပ်ကို ဆက်ပြီး ကြိုးစားလုပ်ကိုင်သွားမယ်လို့ သူမက ပြောပါတယ်။

ဗစ်တိုးရီးယားပြည်နယ်သားတွေကို ကတိပေးချင်တာက ကျမအနေနဲ့ ဆက်လက်ပြီး အလုပ်ကြိုးစားသွားမယ့်ကြောင်း လွှတ်တော်အမတ် တစ်ဦးအနေနဲ့ လုပ်ခဲ့သလိုပဲ ဆက်လက်ကြိုးစားမှာဖြစ်တယ်လို့ ပြောပါတယ်။

Niddrie မဲဆန္ဒနယ်က လွှတ်တော်အမတ် Ben Carroll က ပြည်နယ်ရဲ့ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now