SKIP TO MAIN CONTENT

ဗစ်တိုးရီးယားပြည်နယ်မှာ သူနာပြုနဲ့ သားဖွားဘွဲ့တွေကို အခမဲ့သင်ယူနိုင်မယ်

ဗစ်တိုးရီးယားပြည်နယ်မှာ သူနာပြုနဲ့ သားဖွားဘွဲ့ရယူမယ့် လူ တစ်သောင်းအတွက် အခမဲ့ လုပ်ဆောင်ပေးမယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

Victorian Premier Daniel Andrews.
Victorian Premier Daniel Andrews. Source: AAP

2 min read

Published

Updated

Source: SBS


Skip to article content

သူနာပြုနဲ့ သားဖွားပညာကို အခမဲ့ သင်ယူနိုင်ဖို့ ပြည်နယ်အစိုးရက ေဒါ်လာ သန်း ၂၇၀ ကုန်ကျခံမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒယ်နီရယ် အင်ဒြူးက ပြောပါတယ်။

၂၀၂၃ ခုနှစ် ၂၀၂၄ ခု ပညာသင်နှစ်ကစပြီး သူနာပြုနဲ့ သားဖွားဘွဲ့ သင်ယူမယ့် လူတွေအတွက် ပညာသင်ဆု ဒေါ်လာ ၁၆၅၀၀၀ အထိ ပေးမှာဖြစ်ပြီး အဲဒီလို အစီအစဥ်ကို ၅ နှစ်ကြာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ပညာသင်ဆု ရတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ပညာသင်နှစ် ၃ နှစ်မှာ ဒေါ်လာ ၉၀၀၀ ရရှိမှာဖြစ်ပြီး ကျန်တဲ့ ဒေါ်လာ ၇၅၀၀ ကိုတော့ ပြည်နယ်အတွင်းက ပြည်သူ့ကျန်းမာရေးဌာနတွေမှာ နှစ်နှစ်ကြာ အလုပ်လုပ်တဲ့အခါ ရရှိမှာ ဖြစ်ပါတယ်။

သူနာပြုဘွဲ့လွန် သင်တန်းတွေတက်ပြီး အထူးသင်တန်း ဆက်တက်မယ့် သူနာပြုတွေအတွက်လည်း ပျှမ်းမျှအားဖြင့် ဒေါ်လာ တစ်သောင်း ပညာသင်ဆုပေးမှာ ဖြစ်ပြီး အထူးသင်တန်းလို့ ဆိုရာမှာ အထူးကြတ်မတ်ဆောင်အတွက် သင်တန်း၊ အရေးပေါ်ဌာနမှာ လုပ်နိုင်ဖို့ တက်ရောက်တဲ့သင်တန်း၊ ကလေးသူငယ်ဆိုင်ရာ ပြုစုရေးစင်တာမှာ လုပ်ဖို့အတွက် သင်တန်းနဲ့ ကင်ဆာဌာနမှာ လုပ်ဖို့ တက်ရောက်ရတဲ့ သင်တန်းတွေ ပါဝင်ပါတယ်။

နောက်ထပ် ပါဝင်တဲ့ အရာတွေကတော့

-Enrol nurse ကနေ registered nurse ဖြစ်လာဖို့အတွက် လုပ်ဆောင်ရင် ပညာသင်ဆု ဒေါ်လာ ၁၁၀၀၀ ကုန်ကျစရိတ် ကျခံပေးတာတွေ

-Acute နဲ့ ကွန်မြူနီတီ ကဏ္ဏမှာ အလုပ်လုပ်မယ့် သူနာပြု အသစ် ၁၀၀ အတွက် ပညာသင်ဆု ဒေါ်လာ ၁၂၀၀၀ လည်း ပါဝင်သလို

- ရိုးရိုးဘွဲ့နဲ့ ဘွဲ့လွန်ရရှိထားသူတွေ ဆေးရုံမှာ အလုပ်ပြောင်းလုပ်နိုင်ဖို့အတွက် ဒေါ်လာ သန်း ၂၀ လည်း ချမှတ် ပေးဖို့ ရှိပါတယ်။

ကိုဗစ်ကာလနောက်ပိုင်း ပြည်နယ် ကျန်းမာရေး ဌာနမှာ ဖိအားပေးမှုတွေ များလာတဲ့အတွက် ဒီလို အစီအစဥ်မျိုး ချမှတ်နိုင်ဖို့ လနဲ့ချီကြာ စီစဥ်လာခဲ့ရတယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ် မစ္စတာ အင်ဒြူးက ပြောပါတယ်။

အတိုက်အခံပါတီဖက်က ပြောခွင့်ရပုဂ္ဂိုလ် Georgie Crozier ကလည်း သူတို့ကသာ အာဏာရရင် အဲဒီအတိုင်း လုပ်ဆောင်ပေးမယ်လို့ ပြောဆိုလိုက်ပြီး သူတို့ရဲ့ ပေါ်လစီကို နိုဝင်ဘာလမှာ ကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲ မတိုင်ခင်မှာ ချပြမယ်လို့ ပြောပါတယ်။

ဒယ်နီရယ် အင်ဒြူး ဦးဆောင်တဲ့ ပြည်နယ် အစိုးရအနေနဲ့ ဒီလို အရာတွေကို လုပ်ဖို့ အချိန် ၈ နှစ် ရပေမယ့် အခုမှ ကြေညာတာဖြစ်လို့ နောက်တောင်ကျနေပြီလို့လည်း ဝေဖန်လိုက်ပါတယ်။

ဩစတလြးလျနိုင်ငံ သူနာပြုနဲ့ သားဖွားဆိုင်ရာ ဖက်ဒရေးရှင်းအဖွဲ့ရဲ့ အတွင်းရေးမှူး Lisa Fitzpatrick

ဗစ်တိုးရီးယားပြည်နယ် အစိုးရရဲ့ ကြေညာချက်အပေါ် အထူးဝမ်းသာမိကြောင်း အတိုက်အခံပါတီရဲ့ အသေးစိတ် ဖော်ပြမှု မရှိတဲ့အပေါ် စိုးရိမ်မိတယ်လို့ပြောပါတယ်။

အတိုက်အခံပါတီဖက်က လက်ရှိအစိုးရကနေ Suburban Rail Loop အတွက် အကုန်အကျခံမယ့် ငွေကြေးတွေကို ယူပြီး မဲလ်ဘုန်းမြို့နဲ့ နယ်ဒေသက ဆေးရုံတွေမှာ ရံပုံငွေတွေ ပိုချပေးမယ်လို့ ပြောဆိုထားတာ ရှိပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now