SKIP TO MAIN CONTENT

Daniel Andrews ဦးဆောင်တဲ့ လေဘာပါတီ ထပ်မံ အနိုင်ရရှိ

ဒီကနေ့ ကျင်းပတဲ့ ဗစ်တိုးရီးယားပြည်နယ် ရွေးကောက်ပွဲမှာ Labor က တတိယအကြိမ်မြောက် ဆက်တိုက် အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။

VIC ELECTION18 LABOR REACTION
Source: AAP

1 min read

Published

By May Rizk



Skip to article content

မဲရေတွက်မှုက မပြီးဆုံးသေးပေမယ့် အခုလောလောဆယ် ရလဒ်က လေဘာပါတီ အနိုင်ရရှိကြောင်း ပြသနေတာဖြစ်လို့ အတိုက်အခံပါတီခေါင်းဆောင် Matthew Guy ကလည်း သူတို့ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်တာ ဖြစ်ပါတယ်။

Mr Andrews ဟာ ဗစ်တိုးရီးယားပြည်နယ်မှာ ရက်ပေါင်း ၃၀၀၀ ကြာ တာဝန်ထမ်းဆောင်တဲ့ ၅ ဦးမြောက် ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာဖို့ရှိပြီး အကယ်လို့ အီစတာ ကာလအထိ တာဝန်ထမ်းဆောင်မယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်သူအဖြစ် သမိုင်းဝင်မှာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now