မဲရေတွက်မှုက မပြီးဆုံးသေးပေမယ့် အခုလောလောဆယ် ရလဒ်က လေဘာပါတီ အနိုင်ရရှိကြောင်း ပြသနေတာဖြစ်လို့ အတိုက်အခံပါတီခေါင်းဆောင် Matthew Guy ကလည်း သူတို့ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်တာ ဖြစ်ပါတယ်။
Mr Andrews ဟာ ဗစ်တိုးရီးယားပြည်နယ်မှာ ရက်ပေါင်း ၃၀၀၀ ကြာ တာဝန်ထမ်းဆောင်တဲ့ ၅ ဦးမြောက် ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာဖို့ရှိပြီး အကယ်လို့ အီစတာ ကာလအထိ တာဝန်ထမ်းဆောင်မယ်ဆိုရင် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်သူအဖြစ် သမိုင်းဝင်မှာ ဖြစ်ပါတယ်။