SKIP TO MAIN CONTENT

Perth မြို့နဲ့ Peel ဒေသမှာ ၃ ရက်ကြာ လော့ခ်ဒေါင်းချမှတ်

Western Australia ပြည်နယ် ပတ်သ်မြို့နဲ့ Peel ဒေသကို ၃ ရက်ကြာ လော့ခ်ဒေါင်းချမှတ်မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Mark McGowan က ပြောပါတယ်။

WA Premier Mark McGowan has held an emergency press conference after a man tested positive for COVID-19 after travelling from hotel quarantine in Perth.
WA Premier Mark McGowan has held an emergency press conference after a man tested positive for COVID-19 after travelling from hotel quarantine in Perth. Source: AAP

2 min read

Published

By SBS News

Source: SBS



Skip to article content

သောကြာ ညသန်းခေါင်ကစပြီး ၃ ရက်ကြာ လော့ခ်ဒေါင်းချမှတ်တာ ဖြစ်ပါတယ်။ 

ဟိုတယ်ကွာရန်တင်းကနေ ကွန်မြူနီတီအတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု ဖြစ်ပေါ်ပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာပါ။

လူ ၂ ဦး ကိုဗစ် ရောဂါ ကူးစက်ခံရတာဖြစ်ပြီး အဲဒီအထဲက တစ်ဦးဟာ ဟိုတယ်မှာ ကွာရန်တင်းဝင်ခဲ့သူဖြစ်ပြီး ကွာရန်တင်းဝင်လို့အပြီး မဲလ်ဘုန်းမြို့ကို သွားပြီး ရောဂါ ရှိနေတုန်း ရက်ပိုင်းအတွင်း သွားသွားလာလာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီလို ကူးစက်မှုကြောင့် Anzac Day အတွက် အာရုဏ်ဦး အခမ်းအနားတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါ့အပြင် လော့ခ်ဒေါင်းချထားတဲ့ ဒေသမှာ နေထိုင်သူတွေအနေနဲ့ ဒီသောကြာည ၆ နာရီနောက်ပိုင်း အိမ်အပြင်ထွက်ရင် နှာခေါင်းစည်းတွေကို တပ်ဆင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီလို လုပ်ဆောင်ချက်ကြောင့် အခက်အခဲတွေ ဖြစ်ရမယ်ဆိုတာ နားလည်ပြီး ဒီလို လုပ်စရာ မလိုရင် ကောင်းမှာလို့ တွေးမိပေမယ့် ဗိုင်းရပ်စ်နဲ့ ပတ်သက်လာရင် ပိုတယ်ဆိုတာ မရှိလို့ အခုလို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရတာ ဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ပတ်သ်မြို့မှာ နေထိုင်တဲ့ ကရင်နီ (ကယား) မိသားစုတွေ စုပေါင်းပြီး မြန်မာနိုင်ငံမှာ လူသားခြင်း စာနာထောက်ထားရေးတွေ လုပ်နိုင်ဖို့ တနင်္ဂနွေနေ့မှာ ရံပုံငွေ ရှာတဲ့အနေနဲ့ ဈေးရောင်းပွဲ ကျင်းပဖို့ ရှိပေမယ့် အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ 

ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ နိုင်ငံတကာ ခရီးသွား ဦးရေကို တစ်ပတ်မှာ ၁၀၂၅ ဦး လက်ခံခေါ်ယူနေတဲ့အစား လာမယ့် လကစပြီး တစ်ပတ်မှာ ၅၁၂ ဦးကိုသာ လက်ခံခေါ်ယူဖို့ ခွင့်တောင်းထားတယ်လို့လည်း ပြောပါတယ်။ 

ကမ္ဘာတလွှားမှာ ဖြစ်နေတဲ့ ကူးစက်မှုအခြေအနေတွေနဲ့ ဟိုတယ်ကွာရန်တင်းမှာ ရှိနေတဲ့ ဖိအားပေးမှုတွေကြောင့် ပြည်နယ်ရဲ့ ကွာရန်တင်းဟိုတယ်တွေ နိုင်နိုင်နင်းနင်းရှိအောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။ 

နယူးဆောက်သ်ဝေးလ် ပြည်နယ် ကျန်းမာရေးဌာနကကလည်း ပတ်သ်မြို့ကနေ ဆစ်ဒနီမြို့ကို ဆိုက်ရောက်လာတဲ့ လူတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ 

ကိုဗစ် လူနာ သွားလာခဲ့တဲ့ နေရာကို သွားလာဖူးတဲ့ လူတွေကိုလည်း ကိုဗစ်ရောဂါ ရှိမရှိ ချက်ခြင်း စမ်းသပ်စစ်ဆေးမှု လုပ်ခိုင်းပြီး တခြားလူတွေနဲ့ သီးသန့်စီ ခွဲခြားနေထိုင်မှု လုပ်ခိုင်းထားတယ်လို့ ပြောပါတယ်။ 

ကိုဗစ်လူနာ သွားလာခဲ့တဲ့နေရာတွေကို WA Health website မှာ ဖော်ပြထားပြီး ဆစ်ဒနီမြို့ကို ရောက်လာတဲ့အခါ အဲဒီနေရာတွေကို သွားလာခြင်း ရှိမရှိ မေးမြန်းပြီး လက်မှတ်ထိုးခိုင်းတာမျိုးတွေလည်း လုပ်ပါတယ်။ 

ပတ်သ်မြို့က ဟိုတယ်တစ်ခုမှာ ကွာရန်တင်း ဝင်ခဲ့တဲ့ ဗစ်တိုးရီးယား ပြည်နယ်သားဟာ ရောဂါ ရှိနေတုန်း ပတ်သ်မြို့မှာ ၅ ရက်ကြာ နေထိုင်ခဲ့တယ်လို့ ယူဆရပြီး မဲလ်ဘုန်းမြို့ကို ဗုဒ္စဟူးနေ့မှာ ပြန်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီလူကို သောကြာနေ့မနက်မှာ ရောဂါ စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံနေရသေးတဲ့အကြောင်း ပြသနေတယ်လို့ ဗစ်တိုးရီးယား ပြည်နယ် ကျန်းမာရေးဝန်ကြီး Martin Foley က ပြောပါတယ်။

ဒီလို အခြေအနေကြောင့် ဗစ်တိုးရီးယား ပြည်နယ်မှာ ကိုဗစ် ရောဂါ မရှိတာ ရက်ပေါင်း ၅၅ ရက် ဆက်တိုက်ရှိပေမယ့် အခုအခါမှာ တစ်ဦး ပြန်ပေါ်လာတာ ဖြစ်ပါတယ်။ 

အဲဒီလူရဲ့ အမျိုးသမီးနဲ့ ကလေး နှစ်ဦးကိုလည်း ရောဂါ ရှိမရှိ ဒီမနက်မှာပဲ စမ်းသပ်မှု လုပ်ထားတယ်လို့ ပြောပါတယ်။

Qantas လေယာဉ် QF778 ပေါ် လိုက်ပါသွားတဲ့ ခရီးသည်တွေလည်း ၁၄ ရက်ကြာ ကွာရန်တင်းဝင်ပြီး ရောဂါ ရှိမရှိ စစ်ဆေးမှု ခံယူကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

With additional reporting by AAP. 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now