အဓိကအချက်များ
- မဲပေးမယ့်လူဟာ အသက် ၁၈ နှစ်ပြည့်သူ သြစတြေးလျနိုင်ငံသားဖြစ်ရမှာ ဖြစ်ပါတယ်။
- အွန်လိုင်းပေါ်မှာ မဲစားရင်းထည့်ပါဖို့ မှတ်ပုံတင်နိုင်သလို လက်ရေးနဲ့ ဖောင်ဖြည့်ပြီးတော့လည်း လုပ်ဆောင်နိုင်ပါတယ်။
- ဩစတြေးလျ ရွေးကောက်ပွဲကော်မရှင် Australian Electoral Commission (AEC) ရဲ့ ၀ဘ်ဆိုက်မှာ အင်္ဂလိတ်မဟုတ်တဲ့ ဘာသာစကားတွေနဲ့ အချက်အလက်တွေဖော်ပြထားသလို ဖတ်ရှုရလွယ်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့လည်း ဖော်ပြပေးထားပါတယ်။
ဖက်ဒရယ်ရွေးကောက်ပွဲဟာ နောက်အစိုးရကို ရွေးချယ်ရာမှာ မိမိရဲ့ သဘောထားကို ဖော်ပြနိုင်တဲ့ အခွင့်အရေးကောင်းတစ်ရပ် ဖြစ်ပါတယ်။
မဲစာရင်းမှာ ပါ၀င်နိုင်ပါသလား
ဩစတြေးလျနိုင်ငံသားတွေအနေနဲ့ မဖြစ်မနေ မဲ့ထည့်ရမယ့် တာ၀န်ရှိပေမယ့် အရင်ဦးဆုံး သင့်အနေနဲ့ မဲထည့်ခွင့်ရှိမရှိ အရင် စစ်ဆေးသင့်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောခွင့်ရသူ Evan Ekin-Smyth က အသက် ၁၈ နှစ်နဲ့အထက် ရှိသူ ဩစတြေးလျနိုင်ငံသားတိုင်း မဲစာရင်းထဲ ပါအောင် လုပ်ဆောင်ရမှာဖြစ်ပြီး မဲပေးနိုင်တယ်လို့ ပြောပါတယ်။
မဲထည့်ခွင့်ရဖို့ မဲစာရင်းထဲ ပါအောင် အရင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆိုအရ ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့အတွက် နိုင်ငံသားအသစ်ဖြစ်လာသူ အယောက် ၄၀၀၀၀ လောက် မဲစာရင်းပေးသွင်းခဲ့ကြတယ်လို့ ပြောပါတယ်။

ဘယ်အချိန်မှာ မဲစာရင်းထဲပါအောင် စာရင်းပေးသွင်းရမလဲ။
ဩစတြေးလျ နိုင်ငံသား အသစ် ဖြစ်လာသူတိုင်းကို မဲစာရင်းမှာပါအောင် အမြန်ဆုံး စာရင်းပေးသွင်းဖို့ ပြောဆိုတိုက်တွန်းလေ့ရှိပြီး အဲလို လုပ်ဆောင်တာက ဩစတြေးလျနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ ပါ၀င်နိုင်မှာ ဖြစ်တယ်လို့ Federation of Ethnic Communities' Councils of Australia ရဲ့ အဖွဲ့ခေါင်းဆောင် Mohammad Al-Khafaji က ပြောပါတယ်။
မဲစာရင်းမှာ ပါဖို့ နောက်ဆုံးစာရင်းပေးသွင်းရမယ့်အချိန်ကတော့ ရွေးကောက်ပွဲ ကြေညာပြီး တစ်ပတ်အလွန်ပဲ ဖြစ်ပါတယ်။ မဲစာရင်းမှာ ပါပြီးသားဖြစ်ပေမယ့် နာမည်၊ လိပ်စာအပြောင်းအလဲ ရှိမယ်ဆိုရင်လည်း ရွေးကောက်ပွဲရက် ကြေညာပြီး တစ်ပတ်အလွန်မှာ အချိန်မှီ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မဲစာရင်းမှာ ပါဖို့အတွက် ရွေးကောက်ပွဲကို စောင့်ဆိုင်းစရာမလိုပဲ အခုကတည်းက မဲစားရင်းထဲပါအောင် လုပ်ဆောင်နိုင်ပါတယ်။
ဘယ်လို မဲစာရင်းပေးသွင်းမလဲ။
aec.gov.au ကို သွားပြီး ဖုန်းကနေပဲ ဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ ဖောင်ဖြည့်ပြီး မဲစာရင်း ပေးသွင်းနိုင်ပါတယ်။
အွန်လိုင်းမှာစာရင်း အဆင်မပြေရင် ရွေးကောက်ပွဲကော်မရှင်ရုံး AEC ရုံး ကို သွားပြီး ဖောင်ရယူနိုင်သလို ၁၃၂၃၂၆ ကို ဖုန်းဆက်ပြီး ဖောင်ကို အိမ်အရောက်ပို့လာပေးဖို့ တောင်းဆိုနိုင်ပါတယ်။
ဖောင်ဖြည့်တဲ့အခါမှာ မိမိဘယ်သူဖြစ်ကြောင်း၊ ဘယ်မှာ နေထိုင်ကြောင်း ပြသရမှာဖြစ်လို့ ပတ်စ်ပို့ သို့မဟုတ် ဒရိုင်ဘာလိုင်စင် ဒါမှမဟုတ် နိုင်ငံသားလက်မှတ်တွေ လိုအပ်ပါတယ်။
အဲဒီလို အထောက်အထားစာရွက်တွေ ပျောက်သွားရင် ပြန်ရဖို့ အချိန် သတင်းပတ်နဲ့ချီ ကြာတတ်တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် အချိန်မှီအောင် ပြန်လည်လျှောက်ထားမှုတွေ ကြိုတင်လုပ်ရမှာ ဖြစ်ပါတယ်။
Image
ရွေးကောက်ပွဲတိုင်းအတွက် မဲစာရင်းပေးသွင်းရမလား။
မဲစာရင်းမှာ နာမည်ပေါက်ပြီဆိုတာနဲ့ ဖက်ဒရယ် ရွေးကောက်ပွဲ၊ ပြည်နည်ရွေးကောက်ပွဲနဲ့ ဒေသန္တာရရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရှိပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ အနေအထားမှာ အပြောင်းအလဲဖြစ်သွားတဲ့အခါ (လိပ်စာပြောင်း၊ နာမည်ပြောင်းခြင်း)မှာရွေးကောက်ပွဲ ကော်မရှင်ကို အသိပေးဖို့ အရေးကြီးတာပါ။
ရွေးကောက်ပွဲ ကြေညာတဲ့ရက်အပြီး တစ်ပတ်အလွန်ကို နောက်ဆုံးထားပြီး မဲစာရင်းမှာ ပါအောင် လုပ်ဆောင်
ရမှာ ဖြစ်ပြီး မဲစာရင်းမှာ ပါအောင် ရွေးကောက်ပွဲကော်မရှင်က သတိပေးတာမျိုး လုပ်လေ့ရှိတယ်လို့ Mr Ekin-Smyth က ပြောပါတယ်။
ကိုယ့်ရဲ့ အချက်အလက်ပြောင်းလဲမှုကို အသိပေးချင်ရင် aec.gov.au ကို သွားပြီး အသိပေးနိုင်ပါတယ်။
မဲစာရင်းမှာ မိမိနာမည် ပါမပါ ဆိုတာကို သိချင်ရင် aec.gov.au/check ကို သွားရောက်လေ့လာနိုင်ပါတယ်။
မဲစာရင်းမှာ ပါဖို့ ကူညီနိုင်သည့်အရာများ
ရွေးကောက်ပွဲကော်မရှင် AEC နဲ့ ဩစတြေးလျနိုင်ငံတခွင့်က community support services တွေမှာ ပထမဆုံးအကြိမ် မဲပေးမယ့် လူတွေကို အကူအညီပေးတာမျိုး ရှိပါတယ်။
Image
AEC ၀ဘ်ဆိုက်မှာလည်း ရိုးရှင်းတဲ့ အင်္ဂလိပ်စာနဲ့ ဘယ်လို ဘယ်ပုံ လုပ်ဆောင်နိုင်သလဲဆိုတာကို လမ်းညွန်ချက်တွေ ပေးထားပါတယ်? website offers ‘easy read guides’ that
ရိုးရိုးစာသားတွေအပြင် ပုံတွေနဲ့တကွ ရှင်းပြတာမျိုးလည်း ပြုလုပ်ပေးထားပါတယ်။
Migrant Resource Centre Tasmania (MRCT) ရဲ့ Settlement Support Worker တစ်ဦးဖြစ်သူ
Ivy Zhuo ရဲ့ အဆိုအရ သူတို့ဌာနမှာ ဘာသာစကား ၂ မျိုး ပြောဆိုတတ်တဲ့ အမှုထမ်းတွေရှိပြီး နိုင်ငံသားဆိုင်ရာနဲ့ မဲပေးခြင်းဆိုင်ရာတွေမှာ အကြံပေးနိုင်တယ်လို့ ပြောပါတယ်။
မဲပေးခွင့်ရှိသလား၊ မဲစာရင်းထဲ ပါအောင် ဘယ်လို လုပ်ဆောင်ရမလဲနဲ့ မဖြစ်မနေ မဲပေးရမလား ဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုပေးနိုင်တယ်လို့ ပြောပါတယ်။
MRCTas ၀ဘ်ဆိုက်မှာ Soundcloud ကနေတဆင့် မဲစာရင်းပေးခြင်းဆိုင်ရာ အချက်အလက်တွေကို နားဆင်နိုင်အောင် ဆိုင်ရာဘာသာစကားနဲ့ အသံသွင်းထားပေးပါတယ်။
မဲပေးစရာ မလိုအောင် မဲစာရင်းမှာ မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ။
မဲပေးဖို့ ပျက်ကွက်ရင် ဒဏ်ကြေးပေးဆောင်ရနိုင်ပါတယ်။ မဲက မဖြစ်မနေ ပေးရမှာပါ ဒါပေမဲ့
ပိုအရေးကြီးတာက မဲစာရင်းထဲမှာ နာမည်မပါရင် မဲပေးခွင့်ရမှာမဟုတ်လို့ ပြောဆိုခွင့်မရသလို ဖြစ်သွားနိုင်ပါတယ်။
aec.gov.au ကို သွားပြီး ၂၀၂၂ ခုနှစ် ဖက်ဒရယ် ရွေးကောက်ပွဲအတွက် မဲစာရင်း ပေးနိုင်ပါတယ်။

