SKIP TO MAIN CONTENT

တော်လှန်ရေး အရှိန်မြင့်သွားမယ်လို့ ကေအိုင်အို ထုတ်ပြန်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ထိန်းချုပ်နယ်မြေမှာ ၆၂ နှစ်မြောက် ကချင်လွတ်မြောက်ရေးအဖွဲ့ နှစ်ပတ်လည်ကျင်းပနေတုန်း စစ်ကောင်စီဖက်က စစ်လေယာဥ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်ရပ်ကို တော်လှန်ရေးခွန်အားအဖြစ်အသုံးချပြီး အရှိန်မြင့်တင်သွားမယ်လို့ ကေအိုင်အိုက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

KIO
Statement by KIO

1 min read

Published

Source: SBS


Skip to article content

ကချင်လွတ်လပ်ရေးတပ် တပ်မဟာ ၉ A Nang Pa ဒေသမှာ ၆၂ နှစ်ပြည့် ကေအိုင်အို နှစ်ပတ်လည်နေ့ကို ကြိုဆိုတဲ့ အစီအစဥ်တွေ ကျင်းပနေတုန်း စစ်ကောင်စီဖက်က စစ်လေယာဥ် သုံးစင်းနဲ့ ဗုံးကျဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီဒေသဟာ ကေအိုင်အေ စခန်းမဟုတ်ပဲ ခရီးသွားတွေ ခေတ္တ အနားယူတဲ့ စျေးဆိုင်တန်းရှိရာ စခန်းငယ်ဖြစ်တယ်ဆိုကို စစ်ကောင်စီက သိပေမယ့် လူအစုလိုက် အပြုံလိုက် သေကြေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကေအိုင်အိုရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီကျင်းပပွဲ အခမ်းအနားကို တက်ရောက်ရာက ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ အရပ်သားတွေအတွက် စိတ်မကောင်းဖြစ်မိသလို ကွယ်လွန်သွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းမိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်ကို အာဏာရှင်တွန်းလှန်တော်လှန်တဲ့တော်လှန်ရေး ခွန်းအားအဖြစ် ယူပြီး အရှိန်မြင့်တင်သွားမယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တပ်မဟာ ၉ နယ် တိုက်ခိုက်မှုအတွင်း ကေအိုင်အိုတပ်မဟာမှူး၊ ဒုတပ်မဟာမှူး၊ တိုက်နယ်မှူးအပါအဝင် ပီဒီအက်ဖ်တွေ သေဆုံးတယ်လို့ စစ်ကောင်စီဖက်က ထုတ်ပြန်ထားပေးမယ့် ကချင်အနုပညာရှင်အသင်း ပြန်ကြားရေးအဖွဲ့ဝင်တွေကတော့ သေဆုံးသူတွေထဲမှာ အရပ်သားတွေနဲ့ နာမည်ကြီး ကချင်အနုပညာရှင်တွေ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ အယောက် ၈၀ လောက်ရှိတယ်လို့ ပြောဆိုကြပေမယ့် အတည်မပြုနိုင်သေးပါဘူး။ ဒီလို တိုက်ခိုက်မှုကို အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ရဲ့ သံရုံးအကြီးအကဲတွေက အဆင်အခြင်မဲ့တဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေ သေဆုံးရတယဆိုပြီး လက်မှတ်ထိုးထုတ်ပြန်ခဲ့ကြပါတယ်။

ဒီပူးတွဲ ထုတ်ပြန်ချက်ထဲမှာ ဩစတြေးလျ၊ ကနေဒါတို့လည်း ပါဝင်ကြပါတယ်။

ကေအိုအိုကလည်း အရပ်သားတွေ ရှိမှန်းသိလျက်နဲ့ ရည်ရွယ်တိုက်ခိုက်တာဖြစ်လို့ စစ်ရာဇာဝတ်မှုမြောက်တယ်လို့ ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ ဆက်စပ်ပြီး မဲလ်ဘုန်းမြို့က ကချင်အမျိုးသားများ အဖွဲ့ရဲ့ ဒုဥက္ကဌ မအဲလိဇဘက်နဲ့ မဲလ်ဘုန်းမြို့က မဆိုင်းမိုင်တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အသံဖိုင် အဆင်မပြေမှုကြောင့် ထုတ်လွင့်နိုင်ခြင်း မရှိပါဘူး။

ဩစတြေးလျရောက် ကချင်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်မတန် ဝမ်းနည်းပူဆွေးမှုဖြစ်ရပြီး လာမယ့် စနေကြရင် ဆွေးနွေးကြဖို့ ရှိတယ်လို့ မအဲလိဇဘက်က ပြောပြပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now