Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ပြည်နယ်အလိုက် စွမ်းအင်ဆိုင်ရာထောက်ပံ့ကြေးတွေ ဘယ်လောက်ပေးနေသလဲ၊ ဘယ်လို ရယူနိုင်မလဲ။

ဩစတြေးလျနိုင်ငံမှာ ဆောင်းရာသီရောက်လာတာနဲ့အမျှ ကုန်စျေးနှုန်းမြင့်တက်မှုတွေ စွမ်းအင်အသုံးပြုမှု စျေးနှုန်း မြင့်တက်မှုတွေလည်း ကြုံတွေ့နေကြရပါတယ်။ ပြည်နယ်အစိုးရတိုင်းက သူတို့ ပြည်နယ်သားတွေ စွမ်းအင်အသုံးပြုရေးမှာ တနည်းတလမ်းနဲ့ သက်သာမှုရအောင် လုပ်ဆောင်ပေးထားတာ ရှိပါတယ်။ ဘယ်ပြည်နယ်မှာ ဘယ်လောက်ပေးပြီး အဲဒီလို ထောက်ပံ့ကြေးကို ဘယ်သူတွေ ရယူနိုင်သလဲ ဆိုတာကို လေ့လာကြရအောင်။

Energy Savings

Source: AAP

ယူကရိန်း စစ်ကြောင့် ကျောက်မီးသွေး ထုတ်လုပ်ရေးနဲ့ ဂက်စ်ဖြန့်ဖြူးရေးတွေမှာ ထိခိုက်နစ်နာရပြီး ကမ္ဘာတလွှားမှာ ကုန်စျေးနှုန်း မြင့်တက်နေတုန်း ဩစတြေးလျနိုင်ငံမှာ လွန်ကဲတဲ့ ရာသီဥတုဒဏ်ကြောင့် စွမ်းအင်အသုံးပြုမှု ပိုမိုလိုအပ်မှု ဖြစ်နေတဲ့အတွက် နိုင်ငံတလွှားမှာ ကျောက်မီးသွေး မလုံလောက်မှု ဖြစ်နေရပါတယ်။ 

အခုလောလော ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ဆက်စပ်ပြီး ဖက်ဒရယ်အစိုးရက ရေတိုနဲ့ ရေရှည်အတွက် ဘယ်လို အစီအစဥ်တွေ ချမှတ်ထားသလဲ၊ ပြည်နယ်နဲ့ အထူးဒေသ အစိုးရအသီးသီးကလည်း လူတွေ တဖက်တလမ်းကနေ သက်သာမှုရအောင် ဘာတွေလုပ်ဆောင်ပေးနေသလဲ၊ ပေးနေတဲ့ အကူအညီတွေကို ဘယ်လို ရယူနိုင်သလဲ ဆိုတာကို လေ့လာကြရအောင်။

စွမ်းအင်စျေးနှုန်းတွေက ဒီထက် စျေးများလာမယ့် အနေအထားရှိလား။

မေလတုန်းက  Australian Energy Regulator (AER) ကနေ ဇူလိုင်လ ၁ ရက်နေ့ကစပြီး စွမ်းအင်စျေးနှုန်းကို မြင့်တင်ခွင့်ပေးလိုက်ပြီဖြစ်လို့ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ စွမ်းအင်စျေးနှုန်းက ၈.၅% ကနေ ၁၈.၃% အထိ မြင့်တက်လာနိုင်သလို ကွင်းစလန်းပြည်နယ်မှာ ၁၂.၆% အထိနဲ့  South Australia မှာ ၉.၅% အထိ တိုးမြင့်လာနိုင်ပါတယ်။ 

AER ရဲ့ ဥက္ကဌ Clare Savage က ကုန်စျေးနှုန်းတွေတက်နေချိန်မှာ စွမ်းအင်စျေးတိုးမြင့်ဖို့ ဆုံးဖြတ်ရတာ ခက်ခဲပေမယ့် စွမ်းအင်ဖြန့်ဖြူးသူတွေဖက်ကလည်း စွမ်းအင်စျေးနှုန်း မြင့်မားလာတဲ့အတွက် သူတို့လည်း လိုအပ်တဲ့အတွက် စျေးတိုးမြင့်ပေးဖို့ လိုအပ်လို့ စျေးနှုန်းမြင့်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

စွမ်းအင်ရောင်းချသူတွေဖက်ကို ထည့်မတွက်ပေးရင် ယူကေနိုင်ငံမှာ ဖြစ်သလို သူတို့တွေ စျေးကွက်ကနေ ထွက်ခွာသွားရင် စွမ်းအင်သုံးစွဲသူတွေအတွက် ပိုလို့တောင် ခက်ခဲသွားစေနိုင်တယ်လို့လည်း ပြောပါတယ်။ 

စွမ်းအင်ဖြန့်ဖြူးရေးမှာ တိုးတက်အောင် အစိုးရအနေနဲ့ ဘာတွေ လုပ်ဆောင်နေသလဲ။

ဩစတြေးလျနိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာ ဂက်စ်တွေ အလုံအလောက်ရှိဖို့ Gas Supply Guarantee Mechanism ဆိုတာကို ၂၀၁၇ ခုနှစ်မှာစတင် ထားရှိထားပေမယ့် အခုလောလောဆယ် မလုံလောက်မယ့် အနေအထားရှိလာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနီဇီကတော့ ဂက်စ်စျေးတွေ အဆမတန် တက်တာမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ ပြောဆိုထားတာရှိပေမယ့် စွမ်းအင်ပေါ်လစီရဲ့ ဟာကွက်နဲ့ နိုင်ငံတကာအနေအထားကြောင့် ခက်ခဲမှု ဖြစ်နေပါတယ်။

စွမ်းအင်ကဏ္ဏက ဆိုင်ရာတွေနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်သလို စွမ်းအင်ဝန်ကြီး Chris Bowen ဟာလည်း ရက်ပိုင်းအတွင်းမှာပဲ ပြည်နယ်နဲ့ အထူးဒေသ စွမ်းအင်ဝန်ကြီးအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပေမယ့် ရေတိုးကြုံရတဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့အနေအထား မရှိသေးပါဘူး။ 

 

ဒါပေမဲ့ ရေရှည်ကြရင် တချို့ပြည်နယ်မှာ စွမ်းအင်မလုံလောက်မှု ကြုံရတာမျိုး မဖြစ်ရအောင် စွမ်းအင်ကို ပိုမိုသိုလှောင်ကြဖို့ ဆုံးဖြတ်လိုက်သလို စျေးနှုန်းတွေ အများကြီး ခုန်တက်သွားတာမျိုးမဖြစ်ရအောင် အများဆုံးရောင်းချနိုင်တဲ့စျေးကိုလည်း ချမှတ်ဖို့ လုပ်ဆောင်သွားမယ့်အနေအထား ရှိပါတယ်။  

 

ဒါ့အပြင် အနာဂတ်ကြရင် စွမ်းအင်တွေကို ရောသုံးဖို့ ရည်ရွယ်ထားပြီး ဂက်စ်ကို အဓိက ဆက်လက် သုံးစွဲမှာ ဖြစ်ပေမဲ့ ပြန်ပြည့်မြံစွမ်းအင်တွေ၊ စွမ်းအင်သိုလှောင်ရေး ဘက်ထရီတွေထားပြီး ရောသုံးသွားဖို့ စီစဥ်နေပါတယ်။

 

အတိုက်အခံ ခေါင်းဆောင် Peter Dutton ကတော့ ဩစတြေးလျရဲ့ စွမ်းအင်ဆိုင်ရာ ငြင်းခုန်ဆွေးနွေးပွဲတွေမှာ နျူကလီးယားစွမ်းအင်ကိုပါ ထည့်သွင်းသင့်တယ်လို့ ပြောဆိုနေပါတယ်။

ဖက်ဒရယ် အစိုးရရဲ့ စွမ်းအင်ဆိုင်ရာ အကူအညီ

Disability Support Pension ထောက်ပံ့ကြေးရရှိပြီး မှီခိုသူမရှိတဲ့ အသက် ၂၁ အောင်ဖြစ်သူဆိုရင် Utilities Allowance ကို အလိုအလျောက် ရရှိမှာဖြစ်ပြီး ၃ လ မှာ တစ်ကြိမ် ပုံမှန် ရရှိမှာဖြစ်ပါတယ်။ အိမ်ထောင်မရှိသူဆိုရင် ၃ လမှာတစ်ခါ ၁၇၀.၃၀ ဒေါ်လာ ရရှိမှာဖြစ်ပြီး အိမ်ထောင်ဖက်ရှိသူဆိုရင် တစ်ယောက်ကို ၈၅.၁၅ ဒေါ်လာ ရရှိမှာ ဖြစ်ပါတယ်။

Centrelink ထောက်ပံ့ကြေးရရှိသူတွေဟာလည်း EnergyAustralia bill ကို ပုံမှန် ပေးသွင်းတာမျိုးလည်း လုပ်ဆောင်နိုင်အောင် စီစဥ်ထားပေးပြီး 

Centrepay ကနေတဆင့် အခမဲ့ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ 

NSW ပြည်နယ်မှာ ဘယ်လို စီစဥ်ပေးထားသလဲ

NSW ပြည်နယ်မှာ Energy Accounts Payment Assistance (EAPA) program ထားရှိပေးထားပြီး အဲဒီအစီအစဥ်အရ တစ်နှစ်မှာ ဒေါ်လာ ၃၀၀ အစား ၄၀၀ သက်သာအောင် လုပ်ဆောင်ဖို့ ပြည်နယ်စွမ်းအင်ဝန်ကြီး Matt Kean က မေလမှာ ကြေညာလိုက်ပြီး တစ်နှစ်မှာ အများဆုံး ဒေါ်လာ ၁၆၀၀ ခံစားခွင့်ရှိပါတယ်။ 

 

စွမ်းအင်ကုပ္မဏီတွေကနေ သုံးစွဲသူတွေဆီ EAPA voucher တွေ ပေးပို့တာဖြစ်ပြီး အဲဒီဘောက်ချာနဲ့ တစ်နှစ်မှာ ဂက်စ်ဖိုး ဒေါ်လာ ၄၀၀ နဲ့ မီးဖိုး ဒေါ်လာ ၄၀၀ သက်သာမှု ရနိုင်ပါတယ်။  EAPA voucher လျှောက်တဲ့အခါ ပြည်နယ်အစိုးရ ကိုယ်စားလှယ်တွေက ရသင့်မသင့် စိစစ်မှုတွေလုပ်နိုင်သလို အစိုးရမဟုတ်တဲ့  EAPA provider တွေကလည်း ဆန်းစစ်မှု လုပ်မှာ ဖြစ်ပါတယ်။ 

အဆိုပါ ဘောက်ချာကို အိမ်ခြေပေါင်း ၅၀၀၀၀၀ ရရှိပြီးသားဖြစ်ပြီး အစိုးရက အိမ်ခြေပေါင်း တစ်သန်းရရှိအောင် ဒေါ်လာ သန်း ၃၃၀ ရာထားပါတယ်။ 

 

သတ်မှတ်ချက် ပြည့်မှီသူတွေအနေနဲ့  Low Income Household Rebate, Gas Rebate, Family Energy Rebate, Life Support Rebate, Medical Energy Rebate နဲ့ Seniors Energy Rebate တွေလည်း လျှောက်ထားနိုင်ပါတယ်။ 

 

ဘယ်သူတွေ လျှောက်ထားနိုင်သလဲ ဆိုတာကို Service NSW Savings Finder မှာ ရှာကြည့်နိုင်ပါတယ်။

Naca Feature, Australian Federal Politics, climate change, emissions reduction.
Plumes of smoke rise from chimneys at an Industrial Area of Patras in West Greece. Source: Getty

Queensland

Queensland ပြည်နယ်မှာတော့ စွမ်းအင်စျေးနှုန်း တိုးမြင့်မှုကို အများဆုံး ခံရနိုင်တဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်  Annastacia Palaszczuk က အိမ်တိုင်းကို ဒေါ်လာ ၁၇၅ သက်သာအောင် လုပ်ဆောင်ပေးပါတယ်။ Cost of Living rebate အစီအစဥ်ကို နောက်ဘေလ်လာတဲ့အခါမှာ အလိုအလျောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လျှပ်စစ်မီးဖြန့်ဖြူးရေးကုမ္ပဏီကနေ အလိုအလျောက် ၁၇၅ ဒေါ်လာ လျှော့ချပေးမှာ ဖြစ်လို့ တကူးတက လျှောက်စရာ မလိုအပ်ပါဘူး။ 

ရေတိုမှာ အခက်အခံကြုံတွေ့ရသူတွေအနေနဲ့ The Home Energy Energency Assistance Scheme အစီအစဥ်အရ ပံ့ပိုးမှု တချိုံ ရယူနိုင်ပါတယ်။ ကြိုတင်မမြင်နိုင်တဲ့ အရေးပေါ်အခက်အခဲနဲ့ ရေတို ငွေရေးကြေးရေး အခက်အခဲကြုံတွေ့ရရင် နှစ်နှစ်မှာ တစ်ကြိမ် ဒေါ်လာ ၇၂၀ အထိ ရရှိနိုင်ပါတယ်။ 

အဲဒီအတွက် မိမိရဲ့ စွမ်းအင်ကုမ္ပဏီကို ဆက်သွယ်ရမှာဖြစ်ပြီး အချက်အလက်ပိုကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

အဲဒါ့အပြင် ပင်စင်သမားနဲ့ သက်ကြီးတွေအနေနဲ့ တစ်နှစ်မှာ လျှပ်စစ်မီးဖိုး ၃၄၀.၈၅ ဒေါ်လာ သက်သာမှု ရအောင် လျှောက်ထားနိုင်ပြီး ဂက်စ်အတွက် ၇၆.၁၉ ဒေါ်လာ လျှောက်ထားနိုင်ပါတယ်။ လျှောက်ချင်ရင် မိမိရဲ့ ဂက်စ် သို့မဟုတ် လျှပစ်စစ်ကုမ္ပဏီကို ဆက်သွယ်ရမှာဖြစ်ပြီး ဒီနေရာမှာလည်း လေ့လာနိုင်ပါတယ်။

Victoria

ဇူလိုင်လ ၁ ရက်နေ့ကစပြီး စွမ်းအင်ဘေလ်ဆောင်တဲ့ အိမ်ထောင်စုတိုင်းက Power Saving Bonus payment အနေနဲ့ ဒေါ်လာ ၂၅၀ လျှောက်ထားနိုင်မှာဖြစ်ပြီး Energy Compare website မှာ လျှောက်ရမှာ ဖြစ်ပါတယ်။ 

အခုလောလောလဆယ် Power Saving Bonus က  Concession သမားအတွက် ဒေါ်လာ ၂၅၀ ပေးတာမျိုး လုပ်ပေးတာဖြစ်ပြီး ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီးEnergy Compare website မှာ လျှောက်ထားနိုင်ပါတယ်။ 

အဲဒီဝဘ်ဆိုက်မှာပဲ မိမိပေးနေရတဲ့ စွမ်းအင်စျေးနှုန်းကို ယှဥ်ကြည့်နိုင်ပြီး အပြောင်းအလဲ တစ်ခါတည်းလုပ်နိုင်အောင်လည်း လုပ်ဆောင်ပေးထားပါတယ်။ 

 

ဝင်ငွေနည်းတဲ့လူတွေ ငွေကြေးအခက်အခဲခေတ္တ ကြုံတွေ့ရတဲ့အခါလည်း Utility Relief Grants ကို လျှောက်ထားနိုင်ပြီး နှစ်နှစ်မှာ အများဆုံး ဒေါ်လာ ၆၅၀ ဒါမှမဟုတ် အိမ်ထောင်စု တစ်ခုအနေနဲ့ အများဆုံး ဒေါ်လာ ၁၃၀၀ လျှောက်ထားနိုင်ပါတယ်။  အဲဒါကို လျှောက်ထားချင်ရင် မိမိရဲ့ လျှပ်စစ်မီး ဒါမှမဟုတ် ဂက်စ်ကုမ္ပဏီကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ 

Concession card ကိုင်တဲ့လူတွေအနေနဲ့ စွမ်းအင်ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ပြီး annual electricity concession ကို လျှောက်ထားနိုင်ပြီးတော့ စွမ်းအင်အသုံးပြုခွင့်နဲ့ ဝန်ဆောင်ခ ၁၇.၅% အထိ လျှော့ချနိုင်ပေမယ့် ပထမဆုံးအကြိမ်ပေးရမဲ့နှစ်စဥ် ဘေလ် ဒေါ်လာ ၁၇၁.၆၀ အတွက် အကြုံးမဝင်ပါဘူး။ 

ဒါ့အပြင် Concession card ကိုင်တဲ့လူတွေဟာ ဆောင်းရာသီအတွင်း တနည်းတလမ်းအားဖြင့် အထောက်အကူပြုအောင် winter gas concession

ကို လျှောက်ထားနိုင်ပါတယ်။ 

South Australia

South Australia ပြည်နည်က ဝင်ငွေနည်းတဲ့လူနဲ့ ဝင်ငွေအတက်အကျ မရှိတဲ့လူတွေအနေနဲ့ စွမ်းအင်အသုံးပြုမှုမှာ သက်သာအောင် တစ်နှစ်မှာ ဒေါ်လာ ၂၃၃.၆၀ အထိ လျှောက်ထားနိုင်ပါတယ်။ 

ဒါ့အပြင် အဲဒီလူတွေအတွက် ကောင်စီကြေး၊ စွမ်းအင်ကြေးနဲ့ ဆေးဖိုးဝါးခတွေသက်သာအောင် Cost of Living Concession ကိုလည်း လျှောက်ထားနိုင်ပါတယ်။ ယခင်က Cost of Living Concession ရရှိဖူးသူတွေ ပြန်လျှောက်စရာမလိုပဲ အိုးအိမ်ပိုင်သူကို $၄၄၉ ဒေါ်လာနဲ့ အိမ်ငှားသူတွေကို $၂၂၄.၆၀ အထိ ကူညီပေးနိုင်ပါတယ်။ 

A supplied image obtained on Friday, November 27, 2020, of  a wind farm in Tasmania. Tasmania is officially running entirely on renewable energy after two wind turbines at Granville Harbour on state's remote west coast were connected to the grid. (AAP Ima
A wind farm in Tasmania Source: AAP Image/Supplied by Granville Harbour Wind Farm

Western Australia

Western Australian တွေအားလုံး က Household Electricity Credit အစီအစဥ်အရ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အိမ်ထောင်တစ်ခုမှာ ဒေါ်လာ ၄၀၀ အထိ ရရှိမှာဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရတာကတော့ ပြည်နယ်ရဲ့ ဘတ်ဂျက်မှာ အပိုငွေတွေ ပြသတဲ့အတွက် ဖြစ်ပြီး ကုန်ကျစရိတ်တွေ တနည်းတလမ်းသက်သာအောင် လုပ်ဆောင်ပေးတာလို့ ပြည်နယ်အစိုးရက ပြောပါတယ်။ 

၂၀၂၀-၂၀၂၁ ခုနှစ်တုန်းကလည်း အိမ်ထောင်စု တစ်ခုစီအတွက် ဒေါ်လာ ၆၀၀ ပေးခဲ့တာ ရှိပါတယ်။ 

ငွေရေးကြေးရေး အခက်အခဲကြုံတွေ့ရသူတွေအနေနဲ့ Hardship Utility Grant Scheme (HUGS) ကို လျှောက်ထားနိုင်ပြီး စွမ်းအင်ကုမ္ပဏီကနေတဆင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ 

 

Tasmania

Tasmania ပြည်နယ် အစိုးရကတော့ ဝင်ငွေနည်းသူတွေအတွက် နေ့စဥ်စွမ်းအင်ခ သက်သာအောင် လုပ်ဆောင်ပေးတဲ့အစီအစဥ်ရှိပါတယ်။ 

Services Australia ရဲ့ ကဒ်တစ်ခုခု ဒါမှမဟုတ် DVA Pensioner Concession Card, Services Australia Health Care Card ဒါမှမဟုတ် ImmiCard (Bridging Visa E) ကိုင်ဆောင်သူတွေအတွက်သာ အကျူံးဝင်တာ ဖြစ်ပါတယ်။ 

 

မိမိရဲ့ စွမ်းအင်ကုမ္ပဏီကို ဆက်သွယ်ပြီး လျှောက်လွှာတောင်းနိုင်ပါတယ်။  

ပင်စင်သမားတွေအနေနဲ့ Heating Allowance အရ တစ်နှစ်မှာ ၅၆ ဒေါ်လာ ရရှိမှာဖြစ်ပြီး မေလ ၁၅ ရက်မှာ ၂၈ ဒေါ်လာ တစ်ကြိမ်ရပြီး စက်တင်ဘာလ ၁၅ ရက်မှာ ၂၈ ဒေါ်လာရတာ ဖြစ်ပါတယ်။ 

 

သတ်မှတ်ထားတဲ့ အချက်အလက်ပြည့်မှီတဲ့ လူတွေအနေနဲ့ နောက်တစ်ကြိမ် ထပ်လျှောက်စရာမလိုတော့ပဲ Services Australia ထောက်ပံ့ကြေးရရှိသူတချို့နဲ့  DVA Pensioner Concession Card ရရှိသူတွေအတွက်လည်း အကျူံးဝင်ပါတယ်။ 

Northern Territory

Northern Territory ရဲ့ Concession Scheme အရ သတ်မှတ်ထားတဲ့ အချက်အလက်ပြည့်မှီသူတွေအနေနဲ့ တစ်ရက်မှာ စွမ်းအင်ဖိုး ၁.၂၇၄ ဒေါ်လာ သက်သာအောင် လျှောက်ထားနိုင်သလို သုံးထားတဲ့ ကီလိုဝတ်စီအလိုက် ၀.၀၉၁ ဒေါ်လာ သက်သာမှု ရစေနိုင်ပါတယ်။

ဘယ်သူတွေ လျှောက်ထားနိုင်သလဲဆိုတာကို Northern Territory Government website မှာ လေ့လာနိုင်ပါတယ်။ 

.

Australian Capital Territory

ACT အထူးဒေသအတွင်းက Concession card ကိုင်တဲ့လူတွေအနေနဲ့ လျှပ်စစ်ဖိုး၊ ဂက်စ်ဖိုး၊ ရေဖိုးနဲ့ မိလ္လာဖိုးတွေ သက်သာအောင် Utilities Concession လျှောက်ထားနိုင်ပါတယ်။ တစ်နှစ်မှာ ဒေါ်လာ ၇၅၀ သက်သာမှာဖြစ်ပါတယ်။

မိမိရဲ့ စွမ်းအင်ဖြန့်ဖြူးရေးကုမ္ပဏီကို ဆက်သွယ်ရမှာဖြစ်ပြီး သတ်မှတ်ချက်ပြည့်မှီရင် ဘေလ်ကုန်ကျစရိတ် နှုတ်မယ့်အစား တိုက်ရိုက် ငွေကြေးပို့ပေးမှာ ဖြစ်ပါတယ်။ 

စွမ်းအင်ဖြန့်ဖြူးရေးကုမ္ပဏီတွေရဲ့ စာရင်းနဲ့ သူတို့ကို ဆက်သွယ်ရမယ့် လိပ်စာတွေကို ဒီနေရာမှာ ရှာကြည့်နိုင်ပါတယ်။

အကယ်၍ မိမိအနေနဲ့ ဘေလ်ဖိုးမဆောင်နိုင်ရင် ဘာလုပ်ရမလဲ။

အကယ်၍ မိမိအနေနဲ့ ဘေလ်ဖိုးမဆောင်နိုင်ရင် မိမိရဲ့ စွမ်းအင်ဖြန့်ဖြူးရေး ကုမ္ပဏီကို ချက်ခြင်းဆက်သွယ်ပါ။ သူတို့ကနေ ဘေလ်ပေးဆောင်ရမယ့်အချိန်ကို နောက်ဆုတ်ပေးလိုက်တာအပြင် မိမိအတွက် အဆင်ပြေစေမယ့် နည်းနဲ့ ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်သလို တခါတရံ အကြွေးတောင်းတဲ့ အေဂျင်စီဆီကို လွဲပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

ဘေလ်မပေးနိုင်ပေမယ့် သူတို့ကို အချိန်မှီ ဆက်သွယ်မှုမလုပ်ရင် သူတို့အနေနဲ့ မီးတွေ၊ ဂက်စ်တွေ ဖြတ်တောက်မှု လုပ်နိုင်ပြီး ကားဝယ် အိမ်ဝယ်တဲ့အခါမှာ လိုအပ်တဲ့ သင့်ရဲ့ credit score ကိုလည်း ထိခိုက်နစ်နာမှု ဖြစ်စေနိုင်ပါတယ်။  

 


5 min read

Published

By Caroline Riches


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now