SKIP TO MAIN CONTENT

AstraZeneca ကာကွယ်ဆေးထိုးခဲ့သူ ဖတီး ဦးဖိုးလှရဲ့ ပြောပြချက်

နယူးဆောက်သ်ဝေးလ်ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ AstraZeneca ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် ကွယ်လွန်သွားခဲ့ပါတယ်။

SBS News in Macedonian11 June 2021,
Vials of the AstraZeneca COVID-19 vaccine in a fridge. Source: AAP

1 min read

Published

Updated

Presented by Mu Laing Thein


Skip to article content

အဲဒီ အသက် ၅၂ နှစ်အရွယ် အမျိုးသမီး သေဆုံးရတာဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဆက်စပ်မှု ရှိမရှိ သေခြာမသိရပဲ သူမရဲ့ ဦးနှောက်မှာ သွေးခဲမှု ဖြစ်ရာက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အရင်ပတ်တွေတုန်းက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့သူဖြစ်တယ်လို့ သိရပြီး အင်မတန်မှ ဖြစ်ခဲတဲ့ သွေးခဲမှုကို ခံစားရတာဖြစ်တယ်လို့ ကျန်းမာရေးအရာရှိချုပ် Paul Kelly က ပြောပါတယ်။ အဲဒီအမျိုးသမီးမှာ နဂို ကတည်းက ရောဂါအခံ ရှိမရှိဆိုတာ မသိရပါဘူး။

သြစတြေးလျနိုင်ငံမှာ AstraZeneca ကာကွယ်ဆေး ထိုးပြီးနောက် သေဆုံးမှု ဖြစ်ရတာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလတုန်းကလည်း အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံမှာ AstraZeneca ကာကွယ်ဆေး အချောင်းပေါင်း ၃.၆ သန်း ထိုးပေးခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီအထဲမှာ သွေးခဲတဲ့ ဝေဒနာ ခံစားရသူ ၄၈ ဦးရှိပေမယ့် အဲဒီထဲက ၃၁ ဦးက ဆေးရုံကနေ ဆင်းလာပြီ ဖြစ်ပါတယ်။

တစ်ဦးကတော့ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။

ကာကွယ်ဆေးကြောင့် သွေးခဲမှုတွေ ဖြစ်ပေါ်နိုင်တယ်ဆိုပြီး စိုးရိမ်ကြပေမယ့် ပညာရှင်အများစုကတော့ အဲဒီကာကွယ်ဆေးဟာ ဆိုးကျိုးထက် ကောင်းကျိုးပေးစေတယ်လို့ ပြောဆိုကြပြီး သွေးခဲတာမျိုးလည်း ရှားရှားပါးပါးမှ ဖြစ်တာဖြစ်ပြီး တခြားဆေးတွေကြောင့်လည်း သွေးခဲမှုတွေ ဖြစ်စေတတ်တယ်လို့ ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ လပိုင်းတုန်းက AstraZeneca ကာကွယ်ဆေး ထိုးထားတဲ့ ဦးဖိုးလှကို ဆက်သွယ်မေးမြန်းထားတဲ့အခါ ဦးဖိုးလှက သူ့ရဲ့ အတွေ့အကြုံကို အခုလို မျှဝေထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now