SKIP TO MAIN CONTENT

Omicron BA.2 မျိုးကွဲနဲ့ ဆက်စပ်ပြီး သင်ဘာတွေသိသင့်သလဲ။

ကျန်းမာရေး အာဏာပိုင်တွေရဲ့ အဆိုအရ BA.2 အမျိုးအစား မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ ဩစတြေးလျနိုင်ငံမှာ ကူးစက်မှု များလာနေပြီး မကြာခင် Omicron မျိုးကွဲထက် ကူးစက်မှုပိုများနိုင်တယ်လို့ ပြောဆိုထားပါတယ်။ ဒါကတော့ သင်သိသင့်တဲ့ အရာတွေဖြစ်ပါတယ်။

Covid-19 Omicron variant
Digital generated image of COVID-19 cells flying around big Letter O - OMICRON sign Source: Getty Images

1 min read

Published


Skip to article content

ဩစတြေးလျနိုင်ငံ နယူးဆောက်သ်၀ေးလ်၊ ဗစ်တိုးရီးယား၊ ကွင်းစလန်း၊ Western Australia စတဲ့ ပြည်နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေဆဲ ဖြစ်ပါတယ်။ 

NSW ပြည်နယ် ကျန်းမာရေး၀န်ကြီး Brad Hazzard ရဲ့အဆိုအရ လာမယ့် သတင်းပတ် ၄ ပတ်နဲ့ ၆ ပတ်အတွင်း ကိုဗစ်ကူးစက်မှု ၂ ဆ ပိုများလာနိုင်တယ်လို့ ပြောပါတယ်။ 

လူတွေက ဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် အိပ်ပျော်သွားကြတဲ့အနေအထားရှိပေမယ့် ဗိုင်းရပ်စ်ကတော့ နိုးနိုးကြားကြား အနေအထားမှာ ရှိနေဆဲပဲလို့ ပြောပါတယ်။

BA.2 ဆိုတာ ဘာလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ Omicron အမျိုးအစားမှာ မျိုးကွဲတွေတစ်ခုထက်မနည်းရှိပြီး အဲဒီအထဲမှာ အဖြစ်များဆုံးက is made up of several BA.1, BA.1.1 ၊ BA.2 နဲ့ BA.3 တို့ ဖြစ်ကြပါတယ်။ 

BA.3 မျိုးကွဲကတော့ အတော်ရှားပါးတဲ့ အမျိုးအစားဖြစ်ပြီး BA.1 ကတော့ Omicron ရဲ့ နဂိုမူလ မျိုးကွဲဖြစ်ပါတယ်။ အခုဆိုရင် BA.2 အမျိုးအစားလည်း အဖြစ်များနေပြီး သူကတော့  BA.1 ရဲ့ ညီမဖြစ်တယ်လို့ ပညာရှင်တစ်ဦးက ပြောပါတယ်။ 

BA.2 ကို နို၀င်ဘာလတုန်းက ဖိလစ်ပိုင်နိုင်ငံမှာ စတင်တွေ့ရှိတာဖြစ်ပြီး ဖေဖော်၀ါရီလောက်မှာတော့ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အခုဆိုရင် ဩစတြေးလျမှာ ဖြစ်နေတဲ့ ကူးစက်မှုတွေထဲက ၄ ပုံ ၁ ပုံဟာ BA.2 အမျိုးအစားတွေဖြစ်ပါတယ်။ 

ဒိန်းမတ်နိုင်ငံမှာတော့ ကူးစက်မှုမှန်သမျှက BA.2 အမျိုးအစားဖြစ်ပါတယ်။

အရင်တစ်ပတ်တုန်းက ဩစတြေးလျမှာ ကူးစက်မှုတွေထဲက ၁၀ % လောက်သာ BA.2 ဖြစ်ပေမယ့် အခုဆိုရင် ၂၅% ဖြစ်လာပြီး ၂ ပတ်အတွင်းမှာ ၁၀၀% ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ BA အမျိုးအစားတွေကို အိုမီခရွန်လို့ပဲ ဆက်ခေါ်သင့်တယ်လို့ အကြံပြုထားပါတယ်။ 

BA.2 ဟာ BA.1 ထက် ကူးစက်မှုမြန်ဆန်ပြီး ပိုပြီး ဆိုး၀ါးမှုမဖြစ်ဘူးလို့ ပြောပါတယ်။

ကာကွယ်ဆေးက ထိရောက်မှုရှိလား။

ပါမောက္ခ Esterman ရဲ့အဆိုအရ ကာကွယ်ဆေး ၂ ချောင်းပဲ ထိုးထားရင် BA.2 နဲ့ BA.1 ထူးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပေမယ့် ၃ ချောင်းထိုးထားရင် ကာကွယ်မှုပေးနိုင်တယ်လို့ ပြောပါတယ်။  

အခုဆိုရင် ၄ ချောင်းမြောက် ကာကွယ်ဆေးထိုးသင့်တယ်လို့ တချို့ပြောဆိုကြပေမယ့် ဩစတြေးလျအစိုးရက သတ်မှတ်ထားခြင်းမရှိပေမယ့် ကိုယ်ခံအားမရှိတဲ့လူတွေ ထိုးနိုင်တယ်လို့ ပြောပါတယ်။ 

ဆောင်းရာသီမှာ ကိုဗစ်-၁၉ နဲ့ တုတ်ကွေးရောဂါ ကူးစက်မှုများနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ထားကြဖို့လည်း သတိပေးထားပါတယ်။ 

မိမိကိုယ်ကိုရော တခြားလူပါ ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတပ်တာမျိုး လုပ်ဆောင်ဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။  

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now