သင့်သိသင့်တဲ့ Victoria ပြည်နယ်ရဲ့ လော့ခ်ဒေါင်းအဆုံးသတ်ရေး လမ်းပြမြေပုံ

ဗစ်တိုးရီးယားပြည်နယ်မှာ ဒီကနေ့ ရောဂါ ကူးစက်သူ ၅၆၇ ဦး တိုးလာပြီး အသစ် ရောက်လာတဲ့ Moderna ကာကွယ်ဆေး အခုပေါင်း ၃၀၀၀၀၀ ကို ဝေစုအနေနဲ့ ရရှိဖို့ရှိပါတယ်။

The Melbourne Museum COVID-19 vaccination clinic on 17 September 2021.

The Melbourne Museum COVID-19 vaccination clinic on 17 September 2021. Source: AAP

အခုလောလောဆယ် ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းတွေကို တင်းကြပ်စွာ ချမှတ်ထားဆဲ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ ဖြစ်နေတဲ့ ကူးစက်မှုတွေက သက်သာလာခြင်းမရှိသလို Geelong, Surf Coast နဲ့ Mitchell နယ်ဒေသမှာလည်း ကူးစက်သူများလာလို့ ၇ ရက်ကြာ လော့ခ်ဒေါင်းပြန်ချမှတ်ထားပါတယ်။ 

လမ်းပြမြေပုံအရ စက်တင်ဘာလ ၂၆ ရက်လောက်မှ ဖြေလျှော့မှုကို စတင်လုပ်ပေးမယ့် အနေအထား ရှိပါတယ်။

ပြည်နယ်အတွင်းက ကာကွယ်ဆေးထိုးခွင့်ရှိသူ လူဦးရေ ၈၀%လောက် အနည်းဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်ချောင်းထိုးပြီးမှသာ ဖြေလျှော့မှု လုပ်ပေးမှာ ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်လောက်ကြရင် အဲဒီအနေအထား ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က လမ်းပြမြေပုံကို ချပြပြီးနောက် ဗစ်တိုးရီးယားပြည်နယ်သားတွေ အထူးသဖြင့် ကျန်းမာရေးစနစ်မှာ အလုပ်လုပ်သူတွေကို ရှင်းလင်းစွာ အသိပေးလိုတာက ကျနော်တို့အနေနဲ့ ဆေးရုံမှာ လူနာဘယ်လောက်ရှိတယ်၊ ကျန်းမာရေးစနစ်မှာ ဘယ်လောက် ဖိအားပေးမှုတွေ ရှိသလဲ ဆိုတာကို နာရီတိုင်း၊ နေ့စဉ်တိုင်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

တဆင့်ခြင်းကို ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သွားမှာဖြစ်ပေမယ့် ဖြေလျှော့မှုတွေကို လုပ်သွားမယ့်အကြောင်း၊ နောက်ပြန်လှည့်ဖို့လည်း မရှိဘူးပဲ၊ ဒီလို ဖြစ်နေတာတွေကို ပုံမှန်အနေအထားလို့ လက်ခံရမှာဖြစ်ပြီး ဒီကပ်ရောဂါကို ကျော်လွန်နိုင်ရမယ်လို့ ပြောသွားခဲ့ပါတယ်။

လူပေါင်း ၈၀% လောက် အနည်းဆုံး ဆေး တစ်ချောင်းထိုးပြီးရင် ဘာဖြစ်နိုင်မလဲ

Victoria ပြည်နယ်မှာ စက်တင်ဘာလ ၂၆ ရက်ကြရင် လူဦးရေ ၈၀% လောက် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးပြီးသွားကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီအနေအထားရောက်တဲ့အခါကြရင် လူဦးရေ အကန့်အသတ်နဲ့ အောက်ဒိုး အပန်းဖြေမှုတွေ လုပ်နိုင်မှာဖြစ်သလို အဆောက်အဦးပြင်ပမှာ လူ ၅ ဦးအထိ personal training တွေလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။

နေအိမ်ရဲ့ ၁၀ ကီလိုမီတာ ဝန်းကျင်ကိုသာ သွားလာခွင့်ရမယ့်အစား ၁၅ ကီလိုမီတာအထိ သွားလာခွင့်ရမှာ ဖြစ်ပါတယ်။

နယ်ဒေသတွေမှာတော့ ဆံပင်ညပ်ဆိုင်တွေမှာ ဝန်ဆောင်မှု ခံယူတဲ့အခါ နှာခေါင်းစည်းတွေကို တပ်ဆင်စရာ မလိုတော့ပါဘူး။

အောက်တိုဘာလ ၅ ရက်ကစပြီး ၁၂ တန်းကျောင်းသား ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပြီး နောက်နှစ်ပတ်အကြာ အောက်တိုဘာလ ၁၈ ရက်ကစပြီး သူငယ်တန်းကလေးတွေ တစ်ပတ်မှာ ၃ ရက် ကျောင်းတက်ခွင့်ရမှာဖြစ်ပြီး ၁ သန်းနဲ့ ၂ တန်း ကျောင်းသားတွေ တစ်ပတ်မှာ ၂ ရက် ကျောင်းတက်ခွင့်ရမှာ ဖြစ်ပါတယ်။

လူဦးရေ ၇၀% လောက် ကာကွယ်ဆေး နှစ်ချောင်းလုံး ထိုးပြီးသွားတဲ့အခါ

အောက်တိုဘာလ ၂၆ ရက်နေ့ကြရင် လူဦးရေ ၇၀% လောက် ကာကွယ်ဆေး နှစ်ချောင်း ထိုးပြီးကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မဲလ်ဘုန်းမြို့ပေါ်မှာ လော့ခ်ဒေါင်းတွေ ဖယ်ရှားပေးမှာဖြစ်ပြီး outdoor activities တွေ လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး ၂ ချောင်းထိုးပြီးသူ လူ ၁၀ ဦးအထိ အပြင်မှာ စုဝေးခွင့်ရမှာဖြစ်ပြီး ကိုယ်လက်အပန်းဖြေမှုနဲ့ ကွန်မြူနီတီ အားကစားသင်တန်းတွေ ပြန်လည် စတင်ခွင့်ရမှာ ဖြစ်ပါတယ်။

Pub တွေ ကလပ်တွေနဲ့ တခြား အပန်းဖြေဆိုင်ရာ နေရာမှာ ကာကွယ်ဆေး ၂ ချောင်းထိုးပြီးသူ အယောက် ၅၀ အထိ အပြင်မှာ စုဝေးခွင့်ရမှာဖြစ်ပါတယ်။

အောက်ဒိုးမှာ မင်္ဂလာပွဲတွေ၊ အသုဘအခမ်းအနားတွေ လုပ်ခွင့်ရမှာဖြစ်ပြီး လူ ၅၀ အထိ စုဝေးခွင့်ရမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေအားလုံး အချိန်ပြည့်မဟုတ်ရင်တောင် ကျောင်းပြန်တက်ခွင့်ရမှာ ဖြစ်ပါတယ်။

ဆံပင်ညပ်ဆိုင်နဲ့ ခြေသည်းလက်သည်း အလှပြုပြင်ဆိုင် စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖွင့်ခွင့်ရမှာ ဖြစ်ပေမယ့် တစ်ကြိမ်မှာ ကာကွယ်ဆေး ၂ ချောင်းထိုးပြီးသူ ၅ ဦးသာ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

နယ်ဒေသမှာတော့ ကာကွယ်ဆေးထိုးသူ ၇၀% ရှိတဲ့အခါကြရင် ပိုမို ဖြေလျှော့မှုလုပ်ပေးမှာ ဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်နဲ့ Indoor အပန်းဖြေမှုတွေ၊ အင်ဒိုးအားကစားတွေ ကျင်းပခွင့်ရမှာဖြစ်ပါတယ်။ Pub၊ ကလပ်နဲ့ အခြား အပန်းဖြေလုပ်ငန်းတွေမှာ ကာကွယ်ဆေး ၂ ချောင်းထိုးသူ အယောက် ၃၀ အထိ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာ၊ မင်္ဂလာပွဲနဲ့ အသုဘအခမ်းအနားတွေမှာလည်း အဆောက်အဦးအတွင်းမှာ ကာကွယ်ဆေးထိုးထားသူ ၃၀ အထိ စုဝေးခွင့်ရှိပြီး အဆောက်အဦး ပြင်ပမှာဆိုရင် အယောက် ၁၀၀ အထိ စုဝေးခွင့်ရမှာ ဖြစ်ပါတယ်။

လူဦးရေ ၈၀% လောက် ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးပြီးသွားရင်

ဗစ်တိုးရီးယားပြည်နယ်မှာ နေထိုင်တဲ့ ကာကွယ်ဆေးထိုးခွင့်ရှိသူ လူဦးရေ ၈၀% ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးပြီးတဲ့အခါကြရင် နယ်ဒေသနဲ့ မြို့ပြတွေအကြား တင်းကြပ်မှုတွေ ကွဲပြားမှုတွေ မရှိတော့ပဲ အတူတူ အနေအထား ရောက်သွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး ၂ ချောင်းလုံးထိုးပြီးသူ ၁၀ ဦးအထိ အိမ်ကို လာလည်ခွင့်ရမှာဖြစ်ပြီး နေအိမ်ပြင်ပမှာဆိုရင် အယောက် ၃၀ အထိ စုဝေးခွင့်ရမှာ ဖြစ်ပါတယ်။

Pub၊ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေ ပြန်ဖွင့်ခွင့်ရမှာဖြစ်ပေမယ့် ထိုင်စားသောက်ဖို့အတွက်သာဖြစ်ပါတယ်။ ဆိုင်အတွင်းမှာ လူ ၁၅၀ အထိ လက်ခံနိုင်ပြီး ဆိုင်ပြင်ပမှာ အယောက် ၅၀၀ အထိ လက်ခံခွင့်ရှိပါတယ်။

Indoor community sport တွေလည်း ပြန်ဖွင့်ခွင့်ရမှာဖြစ်ပြီး ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးသူတွေ ဆံပင်ညပ်ခွင့်နဲ့ တခြား personal care ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်။

လက်လီဆိုင်တွေလည်း ပြန်ဖွင့်ခွင့်ရှိပေမယ့် အဆောက်အဦးအတွင်းမှာ ရှိသူတွေ နှာခေါင်းစည်း တပ်ထားရမှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲတွေ၊ အသုဘနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးပြီးသူ အယောက် ၁၅၀ အထိ စုဝေးခွင့်ရှိမှာဖြစ်ပြီး အဆောက်အဦးပြင်ပမှာ အယောက် ၅၀၀ အထိ စုဝေးခွင့်ရှိမှာ ဖြစ်ပြီးတော့ indoor community sport တွေလည်း ပြန်လည် ပြုလုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

ကလေးထိန်းကျောင်းတွေ၊ မူကြိုကျောင်းတွေ ကျောင်းပြန်တက်ခွင့်ရမှာဖြစ်ပြီး ကာကွယ်ဆေး ၂ ချောင်းထိုးပြီးသူ လူကြီးတွေ ပညာရေးကျောင်းဝင်းထဲ ဝင်ခွင့်ရှိပါတယ်။

ဖြစ်နိုင်ရင် အိမ်ကနေပဲ အလုပ်လုပ်ဖို့ တိုက်တွန်းထားပေမယ့် ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးပြီးသွားရင်တော့ အလုပ်ပြန်သွားချင်ရင် သွားခွင့်ရှိပါတယ်။

လူဦးရေ ၈၀% ကျော် ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးပြီးသွားရင်

နိုင်ငံတော်ရဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အစီအစဉ်မှာ ကာကွယ်ဆေးထိုးသူ လူဦးရေ ၈၀% ရှိတဲ့အခါ အထိသာ ထည့်တွက်ထားပေမယ့် ဗစ်တိုးရီးယားပြည်နယ်ကတော့ ပြည်နယ်အတွင်းက လူဦးရေ ၈၀% ကျော် ကာကွယ်ဆေး ၂ ချောင်းလုံး ထိုးပြီးသွားရင် ဖြေလျှော့မှုတွေ ထပ်မံလုပ်ပေးမယ်လို့ ဖော်ပြထားပါတယ်။

ခရစ္စမတ်အမှီ အိမ်မှာ ဧည့်သည် အယောက် ၃၀ အထိ လည်ပတ်ခွင့်တွေပေးမှာဖြစ်ပြီး ပြည်ပနိုင်ငံကို သွားချင်ရင် ကိုဗစ်-၁၉ ရောဂါအနာ္တရာယ်နည်းတယ်လို့ ယူဆတဲ့နိုင်ငံတွေကို သွားခွင့်ပေးနိုင်တယ်လို့ ပြောပါတယ်။


Share

3 min read

Published

Updated

By Claudia Farhart

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now