SKIP TO MAIN CONTENT

ခရစ္စမတ်နေ့မှာ ဘယ်လိုဆိုင်တွေ၊ ဘယ်လိုနေရာတွေ ဖွင့်လဲ

ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်နေ့မှာ ဆေးဝါးဝယ်ဖို့ လိုအပ်တာတွေ ဒါမှမဟုတ် စားစရာ သောက်စရာ ဝယ်ဖို့ လိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီတော့ ဒီနေ့မှာ ဘယ်လို ဆိုင်တွေ ဖွင့်ပြီး ဘယ်လို နေရာမှာ သွားလာနိုင်သလဲဆိုတာတွေ သိထားဖို့ အရေးကြီးပါတယ်။

shop
Người tiêu dùng tranh thủ mua quà Giáng sinh ngay trong dịp Black Friday. Source: Pixabay

2 min read

Published

Updated

Source: SBS


Skip to article content

ခရစ္စမတ်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်စေ ခရစ်ယာန် မဟုတ်တဲ့ လူတွေဖြစ်စေ အဲဒီနေ့ရောက်ရင် ရပ်နီးရပ်ဝေးက မိသားစုတွေ ဆုံစည်းပြီး စားသောက်ကြ လက်ဆောင်တွေ ပေးကြတဲ့ အချိန် ဖြစ်ပါတယ်။

ဩစတြေးလျ နိုင်ငံမှာ ခရစ်ယာန်က လူဦးရေ တဝက်တောင်မရှိပဲလူ ၅ ယောက်ထဲမှာ ၂ ယောက်လောက်က ဘယ်ဘာသာမှ မကိုးကွယ်ကြပေမယ့် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်ရက်မှာ ဆိုင်အများအပြား၊ ဝန်ဆောင်မှု စင်တာအများအပြားက ပိတ်ချတာမျိုး လုပ်ကြပါတယ်။

အဲလို ဆိုင်ပိတ် ရုံးပိတ်တဲ့နေ့မှပဲ လိုအပ်တာမျိုးတွေ ပေါ်လာတတ်တဲ့အတွက် ဘယ်လို နေရာတွေ ပိတ်ပြီး ဘယ်နေရာ ဖွင့်သလဲ ဆိုတာ သိထားရင် အကျိုးရှိနိုင်ပါတယ်။

စျေးဆိုင်များ

ဩစတြေးလျနိုင်ငံ တခွင်က Coles, Woolworths နဲ့ Aldi လို ဆူပါ မတ်ကက်ဆိုင်တွေ အားလုံး ခရစ္စမတ်နေ့မှာ ပိတ်ကြပါတယ်။

တခုခု အရေးပေါ် လိုအပ်ရင်တော့ IGA ဆိုင် တချို့နဲ့ 7-Eleven တွေနဲ့ တခြား အသေးစား ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

အရက် ယာမကာ အရောင်းဆိုင်တွေလည်း ပိတ်ချဖို့ များပေမယ် ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းအပေါ် မူတည်နိုင်ပါတယ်။

Kmart, Target, Myer, IKEA, David Jones, Big W နဲ့ Bunnings တို့လည်း ဒီဇင်ဘာ ၂၅ ရက်မှာ ပိတ်ထားမှာဖြစ်ပြီး နိုင်ငံတလွှားက Westfield ရှော့ပင်းစင်တာတွေကိုလည်း ပိတ်ချထားမှာပါ။

ကျန်းမာရေးနဲ့ သွားဖက်ဆိုင်ရာဌာန

အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေအတွက်နဲ့ အိမ်အရောက် ကြွပေးတဲ့ ဆရာဝန် ဝန်ဆောင်မှုတွေတော့ ဆက်လက် ထားရှိပေးထားပါတယ်။

အရေးပေါ် အခြေအနေတွေမှာ သုံညသုံးလုံး ၀၀၀ ကို ဖုန်းဆက်နိုင်သလို မိမိနဲ့ အနီးဆုံး ဆေးရုံးကို သွားရောက်နိုင်ပါတယ်။

ပုံမှန် သောက်ရမယ့် ဆေးကို ဝယ်ဖို့ မေ့ထားရင်လည်း တချို့ ဆေးဆိုင်တွေက ဖွင့်မှာ ဖြစ်ပါတယ်။

ရုတ်တရက် သွားနာတာတွေ ဒါမှမဟုတ် ခရစ္စမတ် နေ့လည်စာ စားရင် သွားပဲ့သွားရင်လည်း တချို့ အရေးပေါ် သွားစောင့်ရှောက်ရေး ဌာနတွေ ဖွင့်ထားမှာ ဖြစ်ပါတယ်။

ဘဏ်လုပ်ငန်း

ခရစ္စမတ်နေ့မှာ ဘဏ်အားလုံးကို ပိတ်ချထားမှာ ဖြစ်ပါတယ်။

ရုံးပိတ်ရက် ဖြစ်တာကြောင့် BPAY နဲ့ တခြား လစဥ် သို့မဟုတ် နှစ်ပတ်တစ်ခါ ပုံမှန်ပေးတဲ့ ငွေလွဲပြောင်းမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ပေမယ့် Osko လိုမျိုးတော့ ဆက်လက် လုပ်နိုင်မှာ ဖြစ်ပါတယ်။

ခရီးသွားလာရေး

ခရစ္စမတ်နေ့မှာ အများပြည်သူသုံး ယာဥ်တွေက စနေ၊ တနင်္ဂနွေ အချိန်ဇယားနဲ့ ပြေးဆွဲလေ့ ရှိပါတယ်။

ကိုယ်ပိုင်ကားနဲ့ လမ်းမှာ ခရီးသွားနေတဲ့ လူတွေအဖို့ လမ်းမှာ ဆီဖြည့်နိုင်ဖို့ ဆိုင်တွေ ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်

ကော်ဖီသောက်ဖို့ပဲ ဖြစ်ဖြစ် စားဖို့ သောက်ဖို့ဖြစ်ဖြစ် တချို့ဆိုင်တွေ ပိတ်နိုင်တာကြောင့် မသွားခင်မှာ စစ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။

အများအားဖြင့်တော့ McDonalds နဲ့ Hungry Jacks လို ဆိုင်တွေက ဖွင့်လေ့ရှိပြီ KFCဆိုင် တချို့တော့ ပိတ်ချလေ့ ရှိပါတယ်။

ဖျော်ဖြေရေး

ရုပ်ရှင်ရုံတွေက မဖြစ်မနေ ဖွင့်လေ့ရှိပေမယ့် အချိန် လျှော့ချဖွင့်လှစ်တာမျိုး ရှိနိုင်ပါတယ်။

တိရိစ္ဆာန်ဥယျာဥ်နဲ့ ငါးပြတိုက်လို နေရာတွေ ဖွင့်လေ့ရှိပါတယ်။

ပြီးရင် ကမ်းခြေတွေက အမြဲတမ်း ဖွင့်ထားမှာဖြစ်ပေမယ့် ရာသီဥတု အခြေအနေ ကောင်းမကောင်း လေ့လာပြီးမှ သွားသင့်မသင့် ဆုံးဖြတ်သင့်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now