SKIP TO MAIN CONTENT

ယူကရိန်းကို ကူဖို့ ငွေတွေ ကုန်သွားရင် ရုရှားအနိုင်ရသွားနိုင်တယ်လို့ အိမ်ဖြူတော်ဆို

ယူကရိန်းကို ကူညီဖို့အတွက် ငွေကြေးတွေကို ကွန်ကရက်လွှတ်တော်က ထပ်မတိုးပေးရင် ဒီနှစ်ကုန်မှာ ကူညီနိုင်ဖို့ ငွေတွေ ကုန်သွားမှာဖြစ်ပြီး ရုရှားသမ္မတ ဘလာဒီမီယာ ပူတင်း အနိုင်ရသွားလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

Russian President Vladimir Putin  has welcomed the move.
Russian President Vladimir Putin has welcomed the move. Source: AAP

1 min read

Published

By SBS News, AFP-SBS

Source: SBS


Skip to article content

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဘတ်ဂျက်ဒါရိုက်တာ Shalanda Young ကနေ ရီပါပလေကန် လွှတ်တော်ဆီပေးပို့တဲ့စာထဲမှာ ယူကရိန်းကို စစ်ရေးအကူအညီ မပေးနိုင်ရင် ရုရှားရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်နိုင်တော့မှာ မဟုတ်ဘူးလို့ ပါရှိပါတယ်။

ဒီမိုကရက်ပါတီဖက်က သမ္မတ ဘိုင်ဒန်က အောက်တိုဘာလတုန်းက ယူကရိန်းကို ကူညီဖို့နဲ့ ဟားမတ်စ်ကို တိုက်ခိုက်နေတဲ့ အစ္စရေးကို ကူညီဖို့အတွက် ကွန်ကရက်ကို အမေရိကန် ဒေါ်လာ ၁၀၆ ဘီလီယံ ချမှတ်ပေးဖို့ တောင်းဆိုခဲ့တာ ရှိပေမယ့် အခုအချိန်အထိ သဘောတူညီမှု မရသေးပါဘူး။

အခုဆိုရင် ငွေကြေးက ကုန်တော့မှာဖြစ်သလို အချိန်လည်း မရှိတော့ဘူးလို့ အိမ်ဖြူတော်က သတိပေးထားပါတယ်။

ယူကရိန်းကို မကူညီတော့ဖို့ ဆုံးဖြတ်ရင် ရုရှားကို ပိုမိုလွယ်ကူစွာ အနိုင်ရအောင် လုပ်ဆောင်ရာ ရောက်သွားနိုင်တယ်လို့လည်း လုံခြုံရေးအကြံပေး Jake Sullivan က ပြောပါတယ်။

ကွန်ကရက်အနေနဲ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ယူကရိန်းကို ဆက်လက် ပံ့ပိုးမလား ဒါမှမဟုတ် သမိုင်းရဲ့ သင်ခန်းစာကို လစ်လျူရှုပြီး ပူတင်းကို အနိုင်ပေးမလားဆိုတာကို ကွန်ကရက်က ဆုံးဖြတ်ချက် ချရမှာ ဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ယူကရိန်းတပ်ဟာ နွေရာသီ ကာလအတွင်း တန်ပြန်တိုက်ခိုက်မှု လုပ်တာ မအောင်မြင်တဲ့အတွက် ဆောင်းရာသီမှာ အင်အားတိုးချဲ့လုပ်ဆောင်ဖို့ အနောက်တိုင်းနိုင်ငံတွေရဲ့ အကူအညီရဖို့ ကြိုးစားနေပေမယ့် အမေရိကန် လွှတ်တော်မှာ သဘောတူညီမှု မရနိုင်လို့ ကြန့်ကြာမှု ဖြစ်နေပါတယ်။

အမေရိကန် နိုင်ငံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကစပြီး ယူကရိန်းကို အမေရိကန် ဒေါ်လာ ၁၁၁ ဘီလီယံ ကူညီထားပြီ ဖြစ်ပါတယ်။

အမေရိကန်လိုပဲ ဥရောပ နိုင်ငံတွေကလည်း ယူကရိန်းကို ကူညီနိုင်မယ့် ငွေကြေးတွေ ရရှိဖို့ စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now