Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဒီနှစ်ဘတ်ဂျက်မှာ ဘယ်သူတွေ အသာရပြီး ဘယ်သူတွေ နစ်နာသလဲ

သြစတြေးလျနိုင်ငံ ဘဏ္ဏာရေးဝန်ကြီးက ဒီအင်္ဂါညမှာပဲ ၂၀၂၁-၂၀၁၁ ခုနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်ကို ကြေညာခဲ့ပါတယ်။

2021Federal Budget
2021 Federal Budget Source: SBS News

ဒီဘတ်ဂျက်မှာ ဘယ်သူက အကျိုးတွေ ခံစားရနိုင်ပြီး ဘယ်သူတွေ နစ်နာသလဲ ဆိုတာကို Evan Young က တင်ပြထားပါတယ်။

ဒီဘတ်ဂျက်က ဘယ်သူတွေကို ဦးစားပေးထားသလဲ။

ဒီဘတ်ဂျက်က စိတ်ကျန်းမာရေးနဲ့ ဆက်စပ်ပြီး ကူညီပံ့ပိုးမှု ရယူသူတွေကို ဦးစားပေးထားပြီး အဲဒီအတွက် ၄ နှစ်အတွင်း ဒေါ်လာ ၂.၃ ဘီလီယံ ချပေးမှာဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရသူတွေအတွက်လည်း ၄ နှစ်အတွင်း ၁ ဘီလီယံ နီးပါး ရာထားတာဖြစ်ပြီး အကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီးတွေကို ဒေါ်လာ ၅၀၀၀ အထိ ကူညီနိုင်မယ့် အစီအစဉ်တွေကိုလည်း ၂ နှစ်ကြာ စမ်းသပ်လုပ်ဆောင်ကြည့်မှာ ဖြစ်ပါတယ်။

သက်ကြီးစောင့်ရှောက်ရေးကဏ္ဏ aged care အတွက် ဒေါ်လာ ၁၇.၇ ဘီလီယံ ချပေးမှာ ဖြစ်ပါတယ်။

ဝင်ငွေနည်းသူနဲ့ အလည်အလတ် ဝင်ငွေ ရရှိသူတွေအတွက် အခွန်လျှော့ပေါ့ပေးမှာဖြစ်ပြီး တစ်ဦးခြင်းစီအနေနဲ့ ၁၀၈၀ ဒေါ်လာ ဒါမှမဟုတ် ဇနီးမောင်နှံအနေနဲ့ ၂၁၆၀ ဒေါ်လာအထိ အခွန်ငွေ သက်သာမှု ရမှာ ဖြစ်ပါတယ်။

ကလေးထိန်းကျောင်းအတွက် ဒေါ်လာ ၁.၇ ဘီလီယံ ရာထားပြီး ဝင်ငွေနည်းတဲ့ မိသားစုနဲ့ အလယ်အလတ်ဝင်ငွေ ရှိတဲ့ မိသားစုအတွက် အဓိက ရည်ရွယ်ပါတယ်။

Job seekers တွေအတွက် JobTrainer အစီအစဉ်မှာ ပါဝင်နိုင်ဖို့ ဘီလီယံ တဝက်လောက် ထပ်မံချပေးမှာဖြစ်လို့ လိုအပ်တဲ့ အရည်အချင်းတွေရဖို့ သင်တန်းနေရာ အခုပေါင်း ၂၀၀၀၀၀ လောက်ကို ဈေးပေါပေါနဲ့ တက်နိုင်ခြင်း ဒါမှမဟုတ် အခမဲ့ သင်ယူလေ့လာတာမျိုး လုပ်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီ အရည်အချင်းတွေကို သင်ကြားပေးမယ့် သင်တန်းထဲမှာ သက်ကြီးစောင့်ရှောက်ရေးနဲ့ အိုင်တီနည်းပညာတွေလည်း ပါဝင်ပါတယ်။

အလုပ်လုပ်ရင်း ပညာသင်ယူနိုင်တဲ့ အလုပ်သင်တွေအတွက် ၁.၅ ဘီလီယံ ချမှတ်ပေးမှာဖြစ်ပြီး Boosting Apprenticeship Commencements အစီအစဉ်ကနေတဆင့် အမျိုးသမီးပါဝင်မှု နည်းပါးတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်မှု များလာအောင် အလုပ်သင်ပေးတဲ့ အလုပ်ရှင်အတွက် လုပ်အားခလစာ ပေးကူတာမျိုး လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒီဘတ်ဂျက်မှာ ဘယ်သူတွေ နစ်နာသလဲ။

အစိုးရထောက်ပံ့ကြေး ရယူသူတွေအတွက် ထူးခြားမှု သိပ်မရှိပါဘူး။

အနုပညာကဏ္ဏမှာ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာမှု များပြားပေမယ့် အဲဒီအတွက် လုပ်ဆောင်ပေးမှု တချို့သာ ရှိပါတယ်။

ပညာရေးကဏ္ဏ တစ်ခုလုံးအတွက် ဒေါ်လာ ဘီလီယံနဲ့ချီ ချမှတ်ပေးထားပေမယ့် နိုင်ငံတကာ ကျောင်းပညာရေးအတွက် ၅၃.၆ သန်းသာ ချပေးထားပါတယ်။

ပြည်ပကနေ ရွှေ့ပြောင်းနေထိုင်မယ့် လူတွေကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်မှ အစောဆုံး ခေါ်ယူမှာဖြစ်ပြီး ခေါ်ယူမယ့် အရေအတွက်ကိုလည်း တိုးပေးမှာ မဟုတ်ပါဘူး။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လာရင်လည်း ဒီဘတ်ဂျက်က ရာသီဥတုပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားသူတွေ လိုချင်သလောက် ဘတ်ဂျက်တွေ ရကြမယ့် အနေအထားမရှိဘူးလို့ သိရပါတယ်။

အတိုက်အခံ လေဘာပါတီကလည်း သူတို့ရဲ့ ဘတ်ဂျက်အစီအစဉ်ကို လာမယ့် ကြာသပတေးနေ့မှာ ဖော်ပြသွားဖို့ ရှိနေပါတယ်။


2 min read

Published

By Evan Young



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now