SKIP TO MAIN CONTENT

သြစီရဲ့ Woodside ကုမ္ပဏီကလည်း မြန်မာနိုင်ငံကနေ ဆုတ်ခွာမယ်

သြစတြေးလျနိုင်ငံက စွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Woodside Petroleum က မြန်မာနိုင်ငံကနေ ဆုတ်ခွာတော့မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

aerial shot of Woodside oil rig in ocean
Woodside Petroleum's rig (AAP) Source: AAP

1 min read

Published


Skip to article content

Woodside ကုမ္ပဏီဟာ မြန်မာနိုင်ငံက အခြေအနေတွေကြောင့် မြန်မာနိုင်ငံအတွင်းက လုပ်ငန်းတွေကို တစ်နှစ် နီးပါးကြာ ရပ်ဆိုင်းထားပြီးနောက် အခုအခါမှာတော့ မြန်မာနိုင်ငံကနေ ဆုတ်ခွာတော့မယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက Total စွမ်းအင်ကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံက Chevron စွမ်းအင်ကုမ္ပဏီတို့က မြန်မာနိုင်ငံကနေ ဆုတ်ခွာတော့မယ်လို့ ကြေညာပြီး တစ်ပတ်အကြာမှာ Woodside ကလည်း အလားတူ ကြေညာလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရကနေ မကြာခင် မြန်မာပိုင် Myanmar Oil and Gas Enterprise (MOGE ) အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု လုပ်နိုင်တယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် အခုလို ဆုံးဖြတ်လာကြတာလည်း ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ကြောင့် Woodside အတွက် အမြတ် ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ထိခိုက်နစ်နာရမယ့် အနေအထား ရှိပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်း ဆက်လည်ပတ်ဖို့ မဖြစ်နိုင်တဲ့အနေအထား ဖြစ်တယ်လို့ Woodside ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ ဝဘ်ဆိုက်ပေါ်မှာတော့ Woodside အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စိုးရိမ်စွာ စောင့်ကြည့်နေခဲ့တာလို့ ရေးသားထားပါတယ်။

Woodside အနေနဲ့ မြန်မာ ပြည်သူတွေကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခရီးစဉ် ငြိမ်းချမ်းဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now