ချစ်ခင်ရသူတွေရဲ့ လောင်းကစားအကျင့်ကို စိုးရိမ်နေပါသလား၊ ဒါကတော့ သူတို့ကို ကူညီနိုင်မယ့်နည်းလမ်းတွေ ဖြစ်ပါတယ်။

လောင်းကစားရဲ့ ဆိုးကျိုးသက်ရောက်မှုတွေဟာ နည်းမျိုးစုံနဲ့ ဖြစ်တတ်ပါတယ်။ လောင်းကစားလုပ်တဲ့လူအပြင် သူတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုပါ သက်ရောက်မှု ရှိနိုင်ပါတယ်။ သင်ချစ်ခင်ရသူ တစ်ဦးဦး လောင်းကစားစွဲနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီအစွဲကို ဖျောက်နေတဲ့အခါတွေမှာ ကူညီပံ့ပိုးမှုတွေ ပေးဖို့ အရေးကြီးပါတယ်။ ဩစတြေးလျနိုင်ငံမှာ ဘာသာစကားပေါင်းစုံနဲ့ အကူအညီတွေ ပေးနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

slot machines.jpg

Pokies present more risk of harm than any other form of gambling, according to an NSW Responsible Gaming Fund report. Credit: Getty Images/Alina555

Key Points

  • Potential harm from gambling extends from financial to mental health problems.
  • Family and friends are impacted by one’s compulsive gambling, but support is available.
  • Cultural sensitivities can prevent people from seeking help.
  • Helping a loved one effectively requires family and friends to get support too.

မမြင်သာတဲ့ စွဲလမ်းမှုက ဆိုးကျိုးသက်ရောက်မှုများနိုင်

အွန်လိုင်းပေါ်မှာပဲ ဖြစ်ဖြစ် အပြင်မှာ ကိုယ်တိုင်ကစားရတဲ့ လောင်းကစားပဲ ဖြစ်ဖြစ် အမြဲတမ်း မျက်စိနဲ့ မမြင်သာတာမျိုး ဖြစ်နေတတ်တယ်လို့ ဆစ်ဒနီတက္ကသိုလ်က စိတ်ပညာဆိုင်ရာ ပါမောက္ခ Sally Gainsbury က ပြောပါတယ်။

"လူတစ်ယောက်ရဲ့ မျက်လုံးကနေတဆင့် ဒါမှမဟုတ် အသက်ရှုမှုကနေတဆင့် အဲဒီလူမှာ လောင်းကစားစွဲနေပြီဆိုတာကို မသိနိုင်တဲ့အတွက် မျက်စိနဲ့ မမြင်သာတဲ့ စွဲလမ်းမှုလို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ ဒါပေမဲ့ လောင်းကစားစွဲမက်မှုရဲ့ သက်ရောက်မှုက အတူတူဖြစ်ပြီး ငွေရေးကြေးရေးအပေါ် သက်ရောက်မှုဟာလည်း အတူတူပဲ ဖြစ်ပါတယ်"
Sally Gainsbury, Professor of Psychology at the University of Sydney.

ပါမောက္ခ Gainsbury ဟာ ဆစ်ဒနီတက္ကသိုလ်ရဲ့Gambling Treatment and Research Centre ရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

လောင်းကစားစွဲမက်မှုကနေ ထွက်နိုင်ဖို့ လမ်းစဟာ ခက်ခဲရှုတ်ထွေးတတ်ပြီး စွဲမက်သူအတွက်ပါမက သူတို့ဘေးပတ်ဝန်းကျင်က လူတွေအတွက်ပါ ခက်ခဲရှုတ်ထွေးလေ့ရှိတယ်လို့ ပြောပါတယ်။

အများအားဖြင့် စွဲမက်မှုက တစ်ခါထက်မက ပြန်လည်ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

Tama ma lana kate talatupe.jpg
Online wagering tends to appeal to a different cohort than that of poker machines, but the harms are the same Credit: Getty Images/becon

အချက်အလက်တွေက ဘာကို ပြသနေသလဲ။

Australian Institute of Health and Welfare, ရဲ့ အဆိုအရ အသက်ရပြီးသူလူ ၇.၂% ဟာ လောင်းကစားစွဲမက်နိုင်တဲ့အနေအထား ရှိတယ်လို့ ပြသထားပါတယ်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အသိုင်းအဝိုင်း Culturally and Linguistically Diverse (CALD) တွေဟာ တခြားလူတွေထက် ပိုပြီး လောင်းကစားလုပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေဟာ လောင်းကစားရဲ့ ဆိုးကျိုးကို တခြားလူတွေနဲ့ ပိုပြီး ခံစားရနိုင်တဲ့ အနေအထားမှာ ရှိနေတတ်တယ်လို့ ဆိုပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်က Office of Responsible Gambling ရဲ့ ဒါရိုက်တာ Natalie Wright ရဲ့ အဆိုအရ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နောက်ခံကလာတဲ့ အသိုင်းအဝိုင်းကလူတွေ လောင်းကစားပြဿနာကြုံလာရတဲ့အခါ အကူအညီတောင်းခံဖို့ ဝန်လေးတတ်ကြပြီး ရှက်ကြောက်တဲ့စိတ်နဲ့ အမည်းစက်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်တဲ့ Counselling ဆိုတာ လူမှုအသိုင်းအဝိုင်း အများအပြားအတွက် အစိမ်းသက်သက်အရာ ဖြစ်တတ်ပြီး အနောက်တိုင်းသားတွေသာ လုပ်တတ်တဲ့အရာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တချို့လူတွေက တခြားလူ အသိမခံပဲ မိသားစုအတွင်းပဲ ဖြေရှင်းကြတာလို့ ပြောပါတယ်။
Natalie Wright, Director of the Office of Responsible Gambling in New South Wales
Sad family.jpg
Gambling harm doesn’t just affect the person who gambles Credit: Getty Images/uniquely India

ပြဿနာတစ်ခုက လူအများအပေါ် သက်ရောက်နိုင်

လောင်းကစားပြဿနာဟာ လောင်းကစားသူရဲ့ မိသားစုဝင် ဆွေမျိုးနဲ့ အပေါင်းအသင်းတွေကိုပါ သက်ရောက်မှုရှိနနိုင်ပါတယ်။

သူတို့တွေဟာလည်း လောင်းကစားစွဲသူနဲ့ ဆက်စပ်ပြီး ငွေရေးကြေးရေးအရ ထိခိုက်နစ်နာမှု ခံရနိုင်ပါတယ်။

ဆက်ဆံရေးအဆင်မပြေမှုကနေ စိတ်ဖိစီးမှုတွေလည်း ခံရနိုင်ပြီး အများအားဖြင့် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။

“အဲဒါကြောင့် လောင်းကစားစွဲနေတဲ့လူတွေ စိတ်ပြောင်းလာအောင် ကူညီပံ့ပိုးမှုလိုပါတယ်။ လောင်းကစားကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့လူကိုလည်း ကူညီပံ့ပိုးမှုပေးဖို့ အရေးကြီးတယ်လို့ ပါမောက္ခ Gainsbury က ပြောပါတယ်။

Concerned man with bill.jpg
လူတစ်ယောက် ငွေရေးကြေးရေး အဆင်မပြေမှု ဖြစ်နေတာဟာ လောင်းကစားပြဿနာရှိခြင်းရဲ့ လက္ခာဏာတစ်ခု ဖြစ်နိုင်ပါတယ်။ Credit: Getty Images/Narisara Nami

အာဒမ်* ဟာ ဆစ်ဒနီမြိုံ အနောက်ပိုင်းမှာ နေထိုင်တဲ့ အာရပ်ဗိ နောက်ခံက လာသူတစ်ဦးဖြစ်ပြီး သူဟာ ၂၀၁၄ ခုနှစ်ကစပြီး လောင်းကစား စွဲလမ်းမှုကနေ ရုန်းထွက်လာနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ လောင်းကစားစွဲလမ်းမှုက သူ့မိသားစုတွေအပေါ်လည်း သက်ရောက်မှုတွေ ရှိခဲ့ပေမယ့် သူလူကောင်းဖြစ်ဖို့ ပြန်ကြိုးစားတဲ့အခါမှာ သူ့မိသားစုဝင်တွေက သူ့ကို အပြည့်အဝ အမြဲတမ်း ပံ့ပိုးကူညီခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီကာလအတွင်းမှာ သူ့ရဲ့ ဆွေမျိုးသားခြင်းတစ်ဦးက

counselling ရယူခဲ့တယ်လို့ ပြောပါတယ်။

“အဲလို ရယူတဲ့လူတွေက ကျနော် လောင်းကစားကနေ ရုန်းထွက်တဲ့အခါမှာ ပိုပြီး အကူအညီပေးနိုင်ကြပါတယ်။ လောင်းကစားမလုပ်တဲ့လူတွေက တခါတရံ စွဲမက်သူတွေရဲ့ အနေအထားကို နားမလည်တာမျိုး ဖြစ်တတ်တယ်"လို့ သူက ပြောပြပါတယ်။

“ပရော်ဖက်ရှင်နာတွေရဲ့ အကူအညီကို ရယူပြီး တဖက်လူ ခံစားနေရတာကို နားလည်အောင်လုပ်ပြီး တဖက်မှာလည်း အဲဒီလူ ဒီလို ပြဿနာကြုံရတာဟာ သူတို့ရဲ့ အပြစ်မဟုတ်ပဲ သူတို့မှာ တာဝန်မရှိဘူးဆိုတာကိုလည်း နားလည်စေနိုင်ပါတယ်။ သူတို့အမှားလုပ်တာမဟုတ်ပါဘူး၊အဲလိုမျိုး နားလည်တဲ့အခါမှာ ပိုပြီး လွယ်ကူမှု ဖြစ်စေတယ်"

အာဒမ်အတွက် အထောက်အကူပြုစေတဲ့အရာကတော့ Gamblers Anonymous ကို ဆက်သွယ်တဲ့အခါဖြစ်ပြီး အဲဒီအဖွဲ့ဟာ လောင်းကစားကြုံရတဲ့လူတွေ အတွေ့အကြုံဖလှယ်ပြီး လောင်းကစားကနေ ဘယ်လို ရုန်းထွက်ကြသလဲ ဆိုတာကိုလည်း မျှဝေကြတာ ဖြစ်ပါတယ်။

အဲဒီမှာ လူတိုင်း ပြဿနာကနေ ရုန်းထွက်ဖို့ ကြိုးစားတဲ့အခါမှာ မတူညီတဲ့ နည်းလမ်းတွေ ရှိကြတယ်လို့ ပြောပါတယ်။

တချို့လူတွေက တစ်ပတ်တစ်ခါ counselling ဝင်တာနဲ့ တိုးတက်မှုရှိလာပြီး တချို့ကြတော့ အလုပ်အကိုင် ပြောင်းရတာတွေ၊ ဘဝလည်ပတ်မှုကို ပြောင်းလဲလိုက်ရတာတွေ ဒါမှမဟုတ် ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ရင် အထောက်အကူရကြတာမျိုး ကြုံရပါတယ်။ လူတိုင်းအတွင်း အကျိုးရှိနိုင်တဲ့ အရာတွေ ရှိပါတယ်။
Adam*, recovering from problem gambling
support group.jpg
ကိုယ်လို ကြုံနေရတဲ့လူတွေ Peer-to-peerပံ့ပိုးမှုရယူတွေတွေနဲ့ အွန်လိုင်းဆွေးနွေးမှုတွေက တချို့လူတွေအတွက် အထောက်အကူပြုစေနိုင်ပါတယ်။ Credit: Getty Images/Marco VDM

'အောက်ဆီဂျင် မျက်နှာဖုံး အရင်တပ်ထားလိုက်ပါ

သင့်တော်တဲ့ ဘယ်လိုပံ့ပိုးမှု လမ်းသွယ်မဆို အထောက်အကူ ပြုစေနိုင်တယ်လို့ ပါမောက္ခ Gainsbury က ပြောပါတယ်။

သူက လောင်းကစားပြဿနာကို လေယာဥ်မှာ အရေးပေါ် ပြဿနာကြုံရတဲ့အခါနဲ့ ခိုင်းနှိုင်းထားပါတယ်။ လေယာဥ်ပေါ်မှာ အောက်ဆီဂျင် လိုအပ်လို့ အောက်ဆီဂျင် မျက်နှာဖုံး mask တပ်ရမယ်ဆိုရင် တခြားလူကို မကူခင် မိမိကိုယ်မှာ အရင်တပ်ဆင်ဖို့ ဥပမာကို ပေးထားပါတယ်။

ပံ့ပိုးကူညီမှုတွေ အများကြီး ရှိတယ်ဆိုတာကို လူတွေ သဘောက်ပေါက်ဖို့ အရေးကြီးပါတယ်။ အကူအညီရယူတဲ့အခါမှာလည်း တကိုယ်ကောင်းဆန်တာမျိုး မရှိပဲ စိတ်ထဲမှာ မှတ်သားထားဖို့က ကိုယ်သူများကို မကူညီခင် ကိုယ်ကိုတိုင် အဆင်ပြေနေဖို့ (အောက်ဆီဂျင် mask) အရင် တပ်ထားဖို့ လိုအပ်တယ်ဆိုတာပါပဲ။
Professor Gainsbury.
Doctor with patient.jpg
တချို့လူတွေက သူတို့ရဲ့ ဆရာဝန်ကနေ အထူးပြု ဝန်ဆောင်မှုတွေကို ညွန်ပေးတာမျိုးကို ပိုပြီး သက်တောင့်သက်သာ ရှိတတ်ကြပါတယ်။ Credit: Getty Images/nahsoon

ပြည်နယ်အခြေစိုက် ဝန်ဆောင်မှုဌာနေတွက ဖုန်းကနေတဆင့် ဒါမှမဟုတ် အွန်လိုင်း ဒါမှမဟုတ် လူကိုယ်တိုင်ကနေဖြစ်စေ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ပါတယ်။

New South Wales (NSW) ပြည်နယ်မှာ အစိုးရကနေ ကျနော်တို့ဘဝကို ပြောင်းလဲစေနိုင်တဲ့ နံပါတ်များ The Number that Changed our Life, ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်ပြီး အင်္ဂလိပ်စကား မပြောတဲ့ နောက်ခံကလာတဲ့လူတွေ လောင်းကစားပြဿနာ ကြုံရပြီး ဘယ်နား အကူအညီ ရယူရမှန်း မသိတဲ့လူတွေအတွက် ရည်ရွယ်တဲ့ ကမ်ပိန်း ဖြစ်ပါတယ်။

NSW မှာ လောင်းကစားပြဿနာ ကြုံရတဲ့လူတိုင်း Gamble Aware ကို ဆက်သွယ်နိုင်ပြီး သူတို့ရဲ့ ဖုန်းနံပါတ်က ၁၈၀၀ ၈၅၈ ၈၅၈ ဖြစ်ပါတယ်။ သူတို့ရဲ့ ဝဘ်ဆိုက်မှာလည်း Arabic, Simplified နဲ့ Traditional Chinese, Hindi, ကိုရီးယား အပြင် ဗီယက်နမ်ဘာသာစကားနဲ့လည်း ဘာသာပြန်ထားတာ ရှိပါတယ်။

ငွေရေးကြေးရေးဆိုင်ရာ counselling တွေလည်း ထားရှိပေးပါတယ်။

လောင်းကစားကြောင့် အကြွေးတွေ ဝိုင်းလည်နေတယ် ဒါမှမဟုတ် ငွေရေးကြေးရေး ပြဿနာ ရှိနေရင် ငွေရေးကြေးရေးဆိုင်ရ counselling ရယူနိုင်တယ်လို့ Ms Wright က ပြောပါတယ်။

လူအများအပြားက နီးစပ်ရာ အကူအညီတွေကို ရယူတတ်ကြပါတယ်။ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ကွန်မြူနီတီထဲက လူတွေ ဥပမာ ကွန်မြူနီတီခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင် ဒါမှမဟုတ် မိသားစုအတွင်းက လူတွေရဲ့ အကူအညီကို ရယူတတ်ကြပါတယ်။
Professor Gainsbury.

“Counselling ဆိုရင်လည်း ဘာသာစကားအမျိုးပေါင်း ၅၀ ကျော်နဲ့ ပြုလုပ်ပေးထားနိုင်ပြီး ပြည်နယ်တလွှားလုံးက လူတွေ ရရှိနိုင်တယ်လို့Ms Wright က ပြောပါတယ်။

လောင်းကစားစွဲနေနတဲ့လူကို ပံ့ပိုးရာမှာ ပရော်ဖက်ရှင်နာ အကူအညီကို ရယူဖို့ တိုက်တွန်းတာကလည်း တစ်ခု အပါအဝင်ဖြစ်တယ်လို့ ပြောပါတယ်။

*နာမည်ရင်းမဟုတ်

အကူအညီလိုအပ်ရင် အောက်ပါ လင့်ခ်တွေ ဒါမှမဟုတ် နံပါတ်တွေကို ခေါ်ဆိုနိုင်ပါတယ်

· National Gambling Helpline on 1800 858 858

· National Debt Helpline on 1800 007 007

· Lifeline on 13 11 14


3 min read

Published

Updated

By Zoe Thomaidou

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now